Tuesday 31 July 2012

တကိုယ်ရည်အခင်းအကျင်း ( ကြိုက်ခဲ့မိတဲ့ ကဗျာ)

                                                               
 
အိပ်ရာနိုးတော့
ကမန်းကတန်း ကိုယ့်ရုပ်ကလေးကိုယ် မှန်ထဲပြေးကြည့်မိ
အကောင်းအတိုင်းမြင်မှ
“ကောင်းသောမနက်ခင်းပါ ကမ္ဘာကြီး”
အဲသလို
နှုတ်ခွန်းဆက်ရတယ်၊
 
ပြီးမှ
တပြန့်တပြော ကောင်းကင်ပြာကြီးကိုငေး၊
ရှုမျှော်ခင်းတွေ ဖြစ်လွယ်ပျက်လွယ်ပုံကိုငေး၊

“လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် လူဟုခေါ်သည့် ပုံရိပ်များ

    နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်)အဖြစ် ပြန်လည်ပေးအပ်သည့် “လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့သည်။ ယင်းရိုက်ကူးမှုတွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။

          တေးသံရှင် လင်းလင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုရေးသင်တန်းအား တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ လင်းလင်း၏ လူမှုရေးစိတ်ဓါတ်၊ လူသားချင်းစာနာသော စိတ်ဓါတ်တို့ကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်ခြင်းနှင့် ဂီတ သံစဉ်များဖြင့် “လူဟုခေါ်သည်” ဆိုသည့် လူမှုရေးသီချင်းအား ရေးစပ်သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန်)အား ကူညီပံ့ပိုးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတတ်စွမ်းသော ဂီတပညာရပ်ဖြင့် အများ ပြည်သူတို့အား ပေးဆပ်ခြင်းဖြစ်သည်။ ယင်းရိုက်ကူးမှုအစီအစဉ်အား

Monday 30 July 2012

သင့်ဟန်းဖုန်း အတွက် အရေးပေါ် နည်းလေးချက်


                                                                                           
(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း

တိတ်ဆိတ် ငြိမ်သက်နေသော မြို့ပြများ (ဆေးရေး/ပန်းချီ )



ဆံပင် အရောင်ပြောင်းလဲခြင်းဖြင့် ဘာတွေကို လိုက်နာပြီး ဘာတွေကိုရှောင်ရမလဲ



လှပ ဆွဲဆောင်မှု မျိုးစုံက မိန်းကလေးတွေအတွက် ရှိပြီးသားပါ။ အ၀တ် အစား အသစ်တွေ၊ အလှပြင်ဆင်မှု နည်းနိဿယတွေ၊ ဆံပင် အရောင် အမျိုးမျိုးကို ပြောင်းလဲမှုတွေ အများကြီးပါ။ အလှအပ အတွက် တစ်ခုခု ပြုပြင်ဖို့ လိုမယ်ဆိုရင်၊ ထူးခြားသိသာတဲ့ ဆွဲဆောင်မှု တစ်ခုမှာတော့ ဆံပင် အရောင်ပြောင်းလဲခြင်းဟာ အခြား အရာတွေထက် ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာ တစ်ခုပါပဲ။ ကဲဆံပင်တွေကို ဆေးဆိုးချိန်မှာ ဘာတွေကို လိုက်နာပြီး ဘာတွေကိုရှောင်ရမလဲဆိုတာလေးကို ဖတ်ကြည့်လိုက်ရအောင်နော်

မိမိရဲ့ အလှပြင်ပေးနေကြ ပညာရှင်တွေအထိ စိတ်ကြိုက်နည်းနဲ့ အရောင် အသွေးအသစ်တွေကို ရယူနိုင်ပါတယ်။ ဆံပင် အချို့ရဲ့ အရောင်ကို ပြောင်းလဲခြင်း(highlighting)၊ မှ စပြီး ဦးခေါင်း တစ်ခုလုံးရှိ ဆံပင်တွေအားလုံးကို ပြောင်းလဲခြင်းအထိ လုပ်နိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန် သတိပြုရန် အချက်များ

အခုမှ မထမဆုံး အကြိမ် စတင်ပြီး ဆံပင် အရောင် ပြောင်းမှာလား၊ ဒါဆိုရင်တော့ အရင် မှုလ ဆံပင် အရောင်နဲ့ နီးကပ်တဲ့ အရောင်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းနဲ့ ပြောင်းလို့ကတော့အခြား ဘာမှ

Sunday 29 July 2012

လူခြောက်ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ နှင့် လူခြောက်အကြောင်းသိကောင်းစရာ

လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍

၅ ရာစုနှစ်နဲ့ ၈ ရာစုနှစ်များအတွင်းကအံ့ဩထူးဆန်းစွာ တွေ့မြင်ရတဲ့ အိန္ဒိယကဗုဒ္ဓ လိုင်ဂူ


ဒီ ဂူဟာ 5th-7th ရာစုနှစ် ၀န်းကျင်ကတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ 630-700 ခုနှစ်ကတည်ဆောက်ခဲ့ပြီး ရာစုနှစ် နဲ့ ရာစုနှစ်များအတွင်း တည်ဆောက်ခဲ့သော ဗုဒ္ဓသာသနာ နဲ့ ပတ်သက်ပြီး အစောဆုံးဆောက် လုပ်ခဲ့တဲ့ အဆောက်အဦးတွေထဲက တစ်ခု ဖြစ်တယ် လို့လည်း ဆိုထားပါတယ်..။ ဒီဂူ ဘုရားရဲ့ အတွင်းပိုင်းမှာ မြောက်များ စွာသော စေတီပုထိုးများ၊ ဆင်းတုတော်များကို ထွင်းထုထားပါတယ်။ နားနေဆောင် ၊ အိပ်ဆောင် ၊ မီးဖိုဆောင် နဲ့ အခြားသော အဆောင်များဖြင့်

သရုပ်ဆောင်ရဲတိုက်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုဝင်ရန် ဆုံးဖြတ်


သရုပ်ဆောင်ရဲတိုက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အနုပညာရှင်များတွင်လည်း တာဝန်ရှိသည်ဟူသည့် စကားအပေါ် အဆိုပါ တာဝန်ကို ကျေချင်ကြောင်း ၊ တာဝန်ယူလိုစိတ်ရှိကြောင်း၊ ပါတီမဝင်ဘဲ အားပေးခြင်းထက် ပါတီဝင်ပြီး အားပေးခြင်းက ပို၍ကောင်းမည်ဟု ယူဆသည့်အတွက် ပါတီဝင်ခြင်းဖြစ်ကြောင်း ရဲတိုက်က ပြောသည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်၊ တတ်နိုင်သည့်နေရာမှ ကူညီသွားမည်ဖြစ်ပြီး မိမိအနေဖြင့်  နိုင်ငံရေးကို

လန်ဒန်အိုလံပစ် ပွဲမှာ မြန်မာ အားကစား သမားများနိုင်ငံကိုစားပြု ပါဝင်


ဖြစ်ချင်တာက သင်္ဘောသား၊ ဖြစ်နေတာက မင်းသား" အောင်ရဲလင်း

“အရမ်း ချစ်တတ်တဲ့ ကောင်လေးရဲ့ ကောင်မလေး” ဇာတ်ကားမှာ သရုပ်ဆောင် အောင်ရဲ လင်း နဲ့ တွေ့ဆုံခိုက် ပရိသတ် သိချင်မယ်ထင်တဲ့ အကြောင်း အရာ လေးတွေ မေးမြန်း ခဲ့ ပါတယ်။
“ကျွန်တော် အခုအရမ်းချစ်တတ်တဲ့ ကောင်လေးရဲ့ ကောင်မလေးဆိုတဲ့ ဇာတ်ကားကို ချစ်သုဝေနဲ့ ရိုက်နေပါတယ်။ အပြင်မှာ အချစ်ရေးကတော့ အေးဆေးပါပဲ။ ကားကြီးတွေကတော့ ဖန်စီတစ်ကား၊ ဝိဉာဉ်ဆန်ဆန်ကား တစ်ကားရိုက်ဖို့ ရှိပါတယ်။ ရိုက်ပြီးသား ကားတွေအနေနဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ်၊ အလန်းဇယား ၂၊ မလည်ရှုပ် ကားတွေပေါ့။ အကယ်ဒမီ ဆိုတာကတော့ ကံပါပဲ။ ကံပါရင် ရမယ်။ ကံမပါရင် မရဘူး။ အဲဒီလိုပဲ သဘောထားပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် ဝက်ဆိုဒ်တွေ

Saturday 28 July 2012

ခင်ပွန်းကြီး (၁၀) ပါးနှင့် ကောင်းကျိုး ဆိုးကျိုးများ

                                                                                       
 ခင်ပွန်းကြီး (၁၀) ပါး            
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ အဂ္ဂသာဝက ရဟန္တာများ (လက်ယာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံ ရှင်မောဂ္ဂလန်)
၅။ မိခင်
၆။ ဖခင်
၇။ ဆရာ (သင်ဆရာ ၊ မြင်ဆရာ၊ ကြားဆရာ)
၈။ တရားဟောသော ပုဂ္ဂိုလ် (လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမလမ်းညွှန်သော ပုဂ္ဂိုလ်)
၉။ အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ် (အနိမ့်ဆုံး ငါးပါးသီလနှင့် ပြည့်စုံသော သူတော်ကောင်း)
၁၀။ ကျွေးမွေးစောင့်ရှောက်သော ပုဂ္ဂိုလ် (မိမိ ဆင်းရဲ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ နေရာထိုင်ခင်း၊ လုပ်အကိုင်၊ အစားအသောက် ပေးကမ်းကျွေးမွေးစောင့်ရှောက်သော ပုဂ္ဂိုလ်)

ခင်ပွန်းကြီး (၁၀) ပါးအား ရိုသေစွာ ပူဇော်ခြင်း အကျိုး (၁၀) ပါး

၁။ မိမိ အရပ်ဒေသမှ အရပ်တစ်ပါးကို သွားသောအခါ အစားအစာ မရှားပါးခြင်း။
၂။ ရောက်ရာအရပ်မှာ အပူဇော်ခံရခြင်း။

ထူးခြားဆန်းပြား ပန်းချီလက်ရာများ



Friday 27 July 2012

ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်း

တစ်နေ့လုံး အလုပ်မှာ ပင်ပင် ပန်း ပန်း လုပ်ခဲ့ရ၊ ကလေး တွေကို ထိန်းခဲ့ ရ၊ ကြမ်းတမ်း
တဲ့ ပတ်ဝန်း ကျင် အခြေအနေ နဲ့ ထိတွေ့ခဲ့ရ.. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလိုထိခိုက်ပျက် စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အ သားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါ တယ်။ ညဘက်မှာ အသားအရေ ထိန်းသိမ်း မှုလုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေ ပြားအပြစ်အနာအဆာတွေကို လျော့ကျစေ ကာ အရေပြားကို စိုပြည်တင်းရင်း လှပ စေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှုလုပ်တာကြောင့် အရေပြားကို လေဝင်လေထွက်ကောင်း စေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသား အရေထိန်းသိမ်းနည်းအတွက် အခြေခံအ ချက်တွေ ဖြစ်ပါတယ်။

(၁) မိတ်ကပ်ဖျက်ဆေး


သင်က မိတ်ကပ်လိမ်းသူဖြစ်ရင် ပ ထမဆုံးအချက်က မိတ်ကပ်ဖျက်ဖို့ အမျိုး အစားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေး (Make-up Remover) ကို သုံးပါ။ ဒီလို နည်းနဲ့ မိတ်ကပ်တွေကို ဖယ်ရှားလိုက်တဲ့ အခါ မျက်နှာသစ်ပြီးရင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ မိတ်ကပ်တွေြွကင်း ကျန်ကပ်ငြိတာမျိုးမဖြစ်ဘဲ သန့်စင်သွား ပါလိမ့်မယ်။ ပြီးရင် အရေပြားရဲ့ စံ ဓာတ်ကို ဟန်ချက်ညီအောင် ထိန်းဖို့ အယ်လ်ကိုဟောမပါတဲ့ တိုနာထဲစိမ်ထား တဲ့ ဂွမ်းစနဲ့ ပွတ်ပေးလိုက်ရင် အဆီတွေပါ ကင်းသွားပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံတကာဘဏ်များပူးပေါင်း၍ အကြွေးဝယ်ကဒ် Visaနှင့် Masterကတ်များကို အခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းမှာ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားဧည့်သည်များ ပြည်တွင်းဘဏ်များတွင် ငွေအသုံးပြုနိုင်ရေး လွယ်ကူမှုရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ နိုင်ငံခြားသာတွေ လာလို့ငွေအသုံးပြုတဲ့အခါ အဆင်ပြေနိုင်အောင်လို့ စီစဉ်ပေးတာပါ။ ဒီစနစ်ကို နှစ်ကုန်ပိုင်းဝန်းကျင်မှာ

အားဖြည့်ရုံနဲ့ မိုင် (၅၀ဝ)အထိ မောင်းနှင်နိုင်တဲ့ အီလက်သရစ်ကားဒီကား


အားဖြည့်ရုံနဲ့ မိုင် (၅၀ဝ)အထိ မောင်းနှင်နိုင်တဲ့ အီလက်သရစ်ကားဒီကားဟာ ရိုးရိုး သာမန်ကားတွေ မဟုတ်ပါဘူး။ ဘက်ထရီ စွမ်းအင် အသုံးပြု မောင်းနှင် နိုင်တဲ့ QBEAK အမျိုးအစား အီလက်ထရစ် ကားဖြစ်ပါတယ်။ ဒါပေမယ့် ဓာတ်ဆီ စွမ်းအင်သုံး ပြိုင်ဘက်ကားတွေနဲ့ယှဉ်ရင် လူကြိုက်များမှုမရှိသေးပါဘူး။ ဘာပဲပြောပြော ဘက်ထရီ တစ်ခါ ဓာတ်အားသွင်းလိုက်တာနဲ့ ခရီးမိုင် (၅၀ဝ) အထိ မောင်းနှင်နိုင်ပါ သတဲ့။

 နောက်တစ်ခု အားသာချက်က စက်ဆီ၊ ရေနံဆီ၊ လောင်စာတွေအသုံး ပြုတဲ့ကားတွေထက် ကာဗွန်ဒိုင်အောက် ဆိုဒ် ထုတ်လွှတ်မှု ပိုနည်းတာပါပဲ။ ကားမှာ အသုံးပြုထားတဲ့ biomkethanol

ထိုင်းနိုင်ငံမှအံ့သြောဖွယ်ရာငှက်သိုက်ဟိုတယ်(သတင်း/ဓာတ်ပုံ)

 If


Thursday 26 July 2012

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသုံး ဆင်းကတ် အခမဲ့ပေး


ရန်ကုန် လေဆိပ်တွင် ယခု လဆန်းမှ စတင် ကာ ထိုင်းနိုင်ငံ သို့ သွားရောက်မည့် သူများအား ၄င်းနိုင်ငံတွင် အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်း ဆင်းကတ် များကို အခမဲ့ပေးနေကြောင်း ကိုယ် တိုင်ရယူခဲ့သူ တစ်ဦးက ပြောကြားသည်။

“True Move တံဆိပ်နဲ့ပါ။ ဘန်ကောက် လေဆိပ်ရောက်တာနဲ့ ပြောလို့ရတယ်။ သူက တစ်ခါသုံးမဟုတ်ဘူး။ နံပါတ်အသေနဲ့ပဲ။စတိုးဆိုင်တွေမှာ ငွေဖြည့်ပြီးသုံးလို့ရတယ်”ဟု၎င်းကဆိုသည်။မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့သွား
ရောက်သူများကိုဘန်ကောက်အဲဝေး၊အမ်အေအိုင်စသည့် လေ ကြောင်းလိုင်းများကလည်း ဈေးကွက်မြှင့်တင်သည့်

အမေရိကန်သို့ Iron Cross ၏ ဖျော်ဖြေရေး ခရီးစဉ် စတင်

Iron Cross အဖွဲ့အနေဖြင့် အင်္ဂလန် ဖျော်ဖြေရေး ပြီးနောက် အမေရိကန် တွင် ဖျော်ဖြေ ရန် ဇူလိုင် လ ၂၂ ရက်နေ့က ထွက်ခွာသွားကြောင်း သိရသည်။ I.C အဖွဲ့သည် ဇူလိုင် ၂၈ ရက်တွင် နယူးဂျာစီ၌ စတင်ဖျော်ဖြေမည်ဖြစ်ပြီး အမေရိကန်တွင် စုစုပေါင်း ၇ ပွဲနှင့် ၈ ပွဲနီးပါး ဖျော်ဖြေမှာဖြစ်ကာ စက်တင်

ထိုင်းနိုင်ငံက ကျားအရိုင်းများကိုယဉ်ကျေးအောင်မွေးမြူစောင့်ရှာက်ထားတဲ့Tiger Temple တောရကျောင်း(သတင်း/ဓါတ်ပုံ)




ထိုင်းနိုင်ငံကTigerTempleလို့နာမည်ကြီးတဲ့ တောရကျောင်းကကျားကောင်ရေများစွာကို 
 မွေးမြူစောင့်ရှာက်ထားတယ်။ အရိုင်းကို ယဉ်ကျေးအောင် သွန်သင်ထားတယ်။ ကျောင်းထိုင်ဆရာတော်ဆို ဘာမှမချည်ထားတဲ့ ကျားနဲ့ လမ်းထွက်လျှောက်လေ့ရှိတယ်။ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။


နှစ်အလိုက် ရတု ဟူသောအသုံးနှုန်းများ




ရတုဟုဆိုလျှင်အများစုမှာ ၂၅နှစ်ပြည့်မြောက်သောနှစ်ပတ်လည်နေ့ကို ငွေရတု..နှစ်၅၀ပြည့်မြောက်သော
နေ့ကို ရွှေရတုဆိုပြီးသိထားကြပါလိမ့်မည်
တကယ်တမ်းမှာတော့ နှစ်အလိုက်လိုလိုရတုဟူသောအသုံးနှုန်းများရှိပါတယ်နှစ်အလိုက်ရတုအသုံးနှုန်း
များမှာအောက်ပါအတိုင်းသာဖြစ်ပါတယ်

နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - စက္ကူရတု ( Paper Anniversary )

နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို - ချည်ထည်ရတု ( Cotton Anniversary )

အင်တာနက်ဖုန်းများမှ အခမဲ့ဖုန်းခေါ်နိုင် ခြင်းကြောင့် အင်တာနက်ဆိုင်မှ ဖုန်းခေါ်ဆိုမှု လျော့ကျ

အင်တာနက် ရရှိသည့် အချိန် တွင် မိုဘိုင်းဖုန်း ပေါ်မှ အခမဲ့ဖုန်း ခေါ်နိုင်ခြင်း၊ မိုဘိုင်းဖုန်း များတွင် အင်တာနက် အသုံးပြုမှု များလာ ခြင်းကြောင့် အင်တာနက် ဆိုင်များမှ တဆင့် ဖုန်းခေါ်ဆိုမှုများလျော့ကျ လာကြောင်း၊ အင်တာနက် အသုံး ပြုမှုများ နည်းလာကြောင်း အင် တာနက်ဆိုင်တချို့မှ စုံစမ်းသိရှိရ သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကမိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုခွင့်ကို ဂျီအက်စ်အမ်ဖုန်း များ၊WCDMA ဖုန်းများ၊ စီဒီအမ် အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများတွင် အသုံးပြုခွင့်ပေးပြီး နောက်ပိုင်းမို ဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု များစွာတက်လာရာ အင်တာနက် ဆိုင်များတွင် လာရောက်သုံးစွဲသူ နည်းလာပြီး အင်တာနက်ဆိုင်များ ဝင်ငွေလျှော့ကျလာကြောင်း အင် တာနက်ဆိုင်အများစုက ဆိုသည်။

မြို့တွင်းရှိ အင်တာနက် ဆိုင် တစ်ဆိုင်က “ဖုန်းနဲ့အင်တာနက်သုံး တဲ့ သူများလာတဲ့အတွက် အင်တာ နက်သုံးတဲ့သူကျလာပါတယ်။ နောက်တစ်ချက်က မိုဘိုင်းဖုန်းပေါ် application တွေများလာတဲ့အ တွက် ကျွန်တော်တို့ ဆိုင်တွေမှာ နိုင်ငံခြားကိုဖုန်းလာခေါ်တာကျ လာပါတယ်။ ဆိုင်တိုင်းလိုလို လည်း အဲဒီလို

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် အမည်စာရင်း ထုတ်ပြန်


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ဖို့ ရန်ကုန် ကမာရွတ်မြို့နယ်က ကိုကျောက်ခဲနဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုကျော်ကျော်မျိုးတို့ကို ရွေးချယ်လိုက်သလို ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ဖို့

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း

အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
      
   နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)

Wednesday 25 July 2012

ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲရန် ဂျပန်စတင်

ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက် လျှော့ချရန် အတွက် ဂျပန် ပညာရှင်များ စဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက်သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။ ''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပန်ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာထွက်လာပါမယ်။

ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။ ၃၈၅ƒ မိုင်ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲနေသော်လည်း ဂျပန်အစိုး ရက အမြန်ရထားပြေးဆွဲချိန်ကိုသာ ထက်ဝက်လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။ ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက''အရင်တုန်းကဆို ရထားခက ဈေးသက် သာတော့

ထူးခြားဆန်းပြားသည့် ကြောက်စရာငွေငါးမျိုးစိတ်များကို ပင်လယ်နီ၌ တွေ့ရှိ

ပင်လယ်နီကြမ်းပြင်တစ်ဝိုက်မှာ ကျင်လည်ကျက်စားနေကြသော ထူးခြားဆန်းပြားသည့် ငါးမျိုးစိတ်သစ်တစ်မျိုးကို ဗြိတိန်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြကြောင်း ဇွန်လ၁၃ရက်က သိရှိရသည်။ဗြိတိန်အပျော်တမ်း ဓာတ်ပုံဆရာများအဖွဲ့က သိပ္ပံပညာရှင်များနှင့်အတူ ပင်လယ်နီကို မှတ်တမ်းတင်ရိုက်ကူးရန် သွားရောက်လေ့လာခဲ့ကြရာမှ ယင်းငါးမျိုးစိတ်သစ်များအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ''ဒီငါးမျိုးစိတ်အသစ်ကိုတွေ့ရတာ အမေဇုန်တောထဲမှာ တိရစ္ဆာန်မျိုးစိတ်သစ်တစ်မျိုးကို တွေ့ရသလိုပါပဲ''ဟု အဆိုပါအဖွဲ့ကို

AIDS ဖဲကြိုးနီဆု မြန်မာနိုင်ငံက The Help မန္တလေး အဖွဲ့ရရှိ


နှစ်နှစ်တခါ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံတိုင်းမှာ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်နေ တဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေကို Red Ribbon Award (ဖဲကြိုးနီဆု) ချီးမြှင့်လေ့ ရှိပါတယ်။ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးတွဲပေးတဲ့ ဆုပါ။ ၀ါရှင်တန်ဒီစီမှာ အခု ကျင်းပနေတဲ့ 2012 နိုင်ငံတကာ AIDS ညီလာခံမှာ 2012 ခုနှစ်ရဲ့ ဖဲကြိုးနီဆု ချီးမြှင့်ခံရတဲ့ အထဲ မြန်မာနိုင်ငံက The Help ဆိုတဲ့ အဖွဲ့ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့် အောက်ခြေ လူထုကြားထဲ AIDS ပညာပေးရေး လုပ်နေတဲ့အဖွဲ့ကို အခုလို အသိအမှတ်ပြုခံရတာဟာ တိုင်းပြည်တွင်း ပညာပေးရေး လုပ်ငန်းတွေအတွက်

သင့်မျက်စိ ကြည်လင် အားကောင်း စေရန်

(၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။

(၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေ ကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို. ၊စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ်မျက်မှန် တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

 တရုတ်ပြည်လုပ် ကလေးနို့မှုန့်များ၌ ကင်ဆာဖြစ်စေသော အဆိပ်များ တွေ့ရှိ

တရုတ်နိုင်ငံရှိ Ava  နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သော ကလေးနို့မှုန့်များတွင် ကင်ဆာဖြစ်စေသော အဆိပ်များကို တွေ့ရှိခဲ့မှုကြောင့် ယင်းနို့မှုန့်များကို ပြန်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း တရုတ်စား သောက်ကုန် အရည်အသွေး စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

 ထုတ်လုပ်ခဲ့သော နို့မှုန့်များတွင် မှိုကြောင့်ဖြစ်သော အဆိပ်သင့် aflatoxin ပစ္စည်း ပါဝင်မှုမြင့်မားနေကြောင်း

Tuesday 24 July 2012

ဆေးရုံထိမရောက်ပဲး တရုတ်နိုင်ငံမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား

                                                                                   
တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ သူ့အမျိုးသားဟာ ကလေးမွေးဖွားဖို့ ဆေးရုံအသွားလမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြုလာတာနဲ့ တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာ မရှိတော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့်

တေးသံရှင်ခင်ဘုဏ်းရဲ့ သစ်ပင် တေးစီးရီးအယ်လ်ဘမ် ပြင်ဆင်ရင်း ဂီတလောကမှာ ခေတ်သစ် ဂီတအလွှာအပေါ် အမြင်


သစ်ပင် တေးစီးရီး အယ်လ်ဘမ် ထွက်နိုင်ဖို့ရာ ပြင်ဆင်ရင်း ပြည်တွင်း ပြည်ပပွဲတွေ ဆိုနေတဲ့ တေးသံရှင်ခင်ဘုဏ်းနဲ့ ဂီတလောကမှာ ခေတ် စားနေတဲ့ ခေတ်သစ် ဂီတအလွှာအပေါ် အမြင်နဲ့သဘောထားလေးကို မေး ကြည့်ခဲ့တော့-

“အစ်မရဲ့သစ်ပင်တေးအယ်လ်ဘမ်ကလုပ်နေတုန်းပါပဲ။ှ့သတ ပွဲတွေကတော့ ရန်ကုန်မှာကတော့ကုမ္ပဏီတွေ၊ ဒင်နာတွေဆိုနေတယ်။အခုလာမယ့်စက်တင်ဘာမှာShowပွဲဆိုဖို့ရှိပါတယ်။ ပြည်ပပွဲကတော့ရှိပေမယ့်လောလောဆယ်
အတိအကျမသိသေးဘူး။Show ပွဲတွေမှာသစ်ပင်ကမထွက်သေးဘူးဆိုတော ရှေ့ကအခွေထဲကသီချင်းတွေပဲ

july၂၄ရက်နေ့က ရန်ကုန်မြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အပင်များ ပြိုလဲကာ မော်တော်ယာဉ်များ ထိခိုက်ပျက်ဆီး(သတင်း/ဓါတ်ပုံ)

ရန်ကုန်မြို့ကျောက်တံတားမြို့နယ်၊ဗိုလ်အောင်ကျော်လမ်း(ရန်ကုန်စာတိုက်ကြီးနှင့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးအကြား)အောက်ဘလောက်လမ်းပေါ်တွင်ယနေ့ညနေသုံးနာရီခန့်ကလေပြင်းတိုက်ခတ်မှုကြောင့်
ပိတောက်ပင်နှစ်ပင်ပြိုလဲခဲ့ရာထိခိုက် ပျက်စီးခဲ့ရသော မော်တော်ယာဉ်များအား တွေ့မြင်ရစဉ်။

Monday 23 July 2012

ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး

စိတ်ဖိ စီးမှုတွေ ကြောင့် သင့်ရုပ် သွင် က ပို ပင်ပန်းနွမ်း နယ်ကာ အိုစာ နေတတ် ပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ ပါးကာ ကြည်နူးမှုဖြစ်စေမယ့် အပြုအမူ တွေကို ဖော်ပြလိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်းရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုး စေပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင်နုပျိုစေပါ တယ်။

မင်းကိုနိုင်၏ လုံးချင်းဝတ္ထု ‘နောက်ကြည့်မှန်’ကို ဒါရိုက်တာ ၀င်းထွန်းထွန်း ရုပ်သံ အသက်သွင်းမည်



၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ လုံးချင်းဝတ္ထုဖြစ်သည့် ‘ နောက်ကြည့်မှန်’ ကို ဒါရိုက်တာ ၀င်းထွန်းထွန်းမှ ၀ယ်ယူခဲ့ကြောင်း သိရပါသည်။
စာအုပ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ၀င်းထွန်းထွန်းက “ ဒီစာအုပ်ကိုဝယ်တာက ကျွန်တော်လေးစားချစ်ခင်တဲ့ လူတစ်ယောက်ရဲ့ အနုပညာကို ဂုဏ်ပြုချင်တာကြောင့် အဓိက၀ယ်ဖြစ်တာပါ။ ဒီဇာတ်ကို ကျွန်တော့်အရင် ဒါရိုက်တာ ချိုတူးဇော်က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းဖူးတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုချိုတူးဇော်ကို လေးစားတာရယ်ကြောင့် သူရိုက်ကူးမယ် ဆိုရင်လည်း