Sunday 11 November 2012

ဂျပန်နိုင်ငံ မှ ဖက်ရှင်ဒီဇိုင်နာ ဇာနည်ထူးထူး နဲ့တွေ့ဆုံခြင်း


ထွက်ခွာသွားပြီး နိုင်ငံအသီးသီးမှာ ရောက်ရှိ နေထိုင်ကြတဲ့ မိသားစုများစွာ ရှိနေပါတယ်။ တချို့ကလည်း အောင်မြင် ကျော်ကြား မှုတွေကို ပိုင်ဆိုင် ထားကြပါတယ်။ အဲဒီလို သူတွေထဲကမှ ဂျပန်နိုင်ငံက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဇာနည်ထူးထူး (ခ) ရှီဘုယဇာနည်လည်း တစ်ဦးအပါ အဝင်ဖြစ်ပါတယ်။ ဇာနည် ထူးထူးက ဂျပန် မှာ မော်ဒယ် တစ်ဦး အနေနဲ့လည်း အောင်မြင်ခဲ့သလို၊ ဖက်ရှင် ဒီဇိုင်နာ တစ်ဦး အနေနဲ့ လည်း အောင်မြင်မှု ရရှိနေသူတစ်ဦးဖြစ် ပါတယ်။
ဇာနည် ထူးထူးရဲ့ ဒီဇိုင်းတွေက ဂျပန် မှာ အတော် ရေပန်းစားနေကြောင်း ဂျပန် မင်းသား၊ မင်းသမီးတွေနဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေကပါ သူ့ရဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်စွာ ဝတ်ဆင်ကြကြောင်း သိရပါတယ်။ ဇာနည် ထူးထူးကို ၁-၁-၁၉၈၅ က ရန်ကုန်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မိဘနှစ်ပါးစလုံးက မြန်မာ လူမျိုးတွေပဲဖြစ် ပါတယ်။ အဘိုးဖြစ်သူက ပန်းချီ ဆရာကြီး ဦးဝင်းဖြစ်ပြီး အဘိုးရဲ့ ဗီဇသွေး ပါတယ်လို့ ဆိုရမယ့် ဇာနည်ထူးထူး က ငယ်စဉ်ကတည်း က ပန်းချီပညာမှာ ထူးချွန်ကာ ပန်းချီ ထူးချွန်ဆု များလည်း ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၈နှစ်မှာ ဂျပန်နိုင်ငံကို မိသားစုနဲ့ အတူ သွားရောက်ခဲ့ပြီး ဂျပန် တက္ကသိုလ်က နေ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ကို ရရှိထား တဲ့ ဇာနည်ထူးထူးက မြန်မာနိုင်ငံမှ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း မြန်မာရိုးရာ အင်္ကျီ ဝတ်စုံ များနဲ့ ကန်တော့ခဲ့ကြောင်း သိရပါ တယ်။ ဂျပန်နိုင်ငံက နာမည်ကြီး ဒီဇိုင်နာ ဇာနည် ထူးထူးနဲ့ ဖက်ရှင်ဒီဇိုင်းအကြောင်း ဒေါ်အောင် ဆန်းစုကြည်ကို ဝတ်စုံကန်တော့ခြင်း အကြောင်း နှင့် မြန်မာနိုင်ငံမှာ
ဖက်ရှင် ကုမ္ပဏီတည် ထောင်ကာ ဖက်ရှင်ဒီဇိုင်း လုပ်ဆောင်မယ့် အကြောင်းတွေကိုလည်း ဆက်သွယ်မေး မြန်း တင်ဆက်လိုက်ပါတယ်။
မေး- ဂျပန်မှာမော်ဒယ်နဲ့ ဖက်ရှင် ဒီဇိုင်နာတစ် ဦးအဖြစ် ရပ်တည်ဖြစ် သွားတာကို သိချင်ပါ တယ်။
ဖြေ- ကျွန်တော် အသက် ၁၅နှစ်၊ ၁၆နှစ် လောက်တုန်းက ဂျပန်မှာ မော်ဒယ် အလုပ်ကို စလုပ်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေမှာ ဓာတ်ပုံတွေ စရိုက်ဖြစ်ခဲ့ပါတယ်။ စစ လုပ်ချင်း ဆို တော့ အခက်အခဲတွေ ရှိတယ်။ သိပ်အဆင် မပြေခဲ့ဘူး။ အဲဒီအချိန်တုန်းက အဆိုတော် လည်း လုပ်ချင်တယ်။ မော်ဒယ်လည်း လုပ်ချင် တယ်။ နောက်ပြီး ဒီဇိုင်း တက္ကသိုလ် လည်း တက်ချင်တယ်။ နောက်ပိုင်း မှာတော့ ကျွန်တော့် စိတ်နဲ့ ကျွန်တော် တက္ကသိုလ် တစ်ခုခုပဲ အရင်ဆုံး သွားချင်တဲ့ စိတ်ဖြစ်လာတဲ့ အတွက် ဂျပန်က Asia University မှာ ၄ နှစ်တက်ခဲ့တယ်။ အမေရိကန် Western Wash- ington University မှာလည်း ကျွန်တော် တက်ခဲ့ပါတယ်။ ကျောင်း ပြီးသွားတဲ့ အချိန်မှာ မော်ဒယ် အလုပ်ကို ပြန်လုပ်ဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော့် အသက်၁၉နှစ် ရှိသွားပြီ။ ကျွန် တော် ၁၅နှစ်၊ ၁၆နှစ်တုန်းက မရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ၁၉နှစ် မှာ ကျွန်တော် ရခဲ့ပါတယ်။ မဂ္ဂဇင်းတွေ အများကြီး အတွက် ဓာတ်ပုံတွေ ရိုက်ခဲ့ရတယ်။ အနုပညာကြေး လည်း အများကြီး ရခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစား ဖြစ်တယ်။ ယောက်ျား တစ်ယောက် အနေနဲ့ မော်ဒယ် အဖြစ်နဲ့ပဲ ရေရှည်လုပ်လို့ မရနိုင်ဘူး။ ဒါကြောင့် ဒီဇိုင်နာ အလုပ်ကို ရွေးချယ်ခဲ့တယ်။ ကျွန်တော်က ဖက်ရှင်ကို တအား ကြိုက်တယ်။ ၁၉နှစ်မှာ မော်ဒယ် အလုပ်ကို မလုပ်တော့ဘဲ ဒီဇိုင်နာ အလုပ်ကို စလုပ်ခဲ့ပါတယ်။ ကျွန်တော် ၂၅ နှစ်မှာတော့ ဖက်ရှင်ဒီဇိုင်နာ အဖြစ် တော်တော် နာမည် ရလာတယ်။ အခုဆိုရင် ဂျပန်ရုပ် ရှင်မင်းသား၊ မင်းသမီးတွေရော ကိုရီးယား မင်းသား၊ မင်းသမီးတွေ ကပါ ကျွန်တော့် ရဲ့ ဒီဇိုင်းတွေကို အမြတ်တနိုးနဲ့ ဝတ်ဆင်နေကြပါပြီ။ အသက်၂၆နှစ်မှာ ကျွန်တော် Private ကုမ္ပဏီကို ဂျပန်နိုင်ငံမှာ ထူထောင်ခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်တော့် စိတ်ကူးတွေကို အကောင် အထည်ဖော်နိုင်ဖို့ ထူထောင် လိုက်တာပါ။ နယူးယောက် မှာလည်း သူငယ်ချင်း တွေနဲ့ ပေါင်းပြီး ဖွင့်ထားတယ်။
မေး- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဝတ်စုံတွေနဲ့ ကန်တော့ဖြစ်ပုံကို သိချင်ပါတယ်။
ဖြေ- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်ကနေ လွတ်မြောက်လာပြီး နိုင်ငံခြားခရီးစဉ်တွေ သွားခွင့်ရတော့ အားလုံးက ဝမ်းသာပြီး လက်ဆောင်တွေ ပေးကြတယ်။ ကျွန်တော်က အဲဒီလို လက်ဆောင်ပေးတဲ့ အနေနဲ့ မဟုတ်ပါဘူး။ ဂုဏ်ယူတဲ့ အနေနဲ့ ဆရာ၊ဆရာမကို ကန်တော့တဲ့ အတိုင်း မြန်မာဝတ်စုံတွေ ချုပ် ပေးပြီး ကန်တော့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာဝတ်စုံကို တအားချုပ်ပေး ချင်ပါတယ်။ ကိုယ်တိုင် လည်း ဒီဇိုင်နာဖြစ်တော့ မြန်မာလုံချည်စကို ကိုယ်တိုင် ထွင်တယ်။ အင်္ကျီစကို ရှာဝယ်ပြီး ချုပ်ပေးဖြစ်တာပါ။ မြန်မာပြည်ကို စွန့်ခွာသွားတဲ့ မြန်မာတွေ အားလုံး ကိုယ်စား ကျွန်တော် ကန်တော့တာပါ။ အဲဒီလို ကန်တော့တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို လည်းသိတယ်။ ကျွန်တော့်ရဲ့ စိတ်ထားကိုလည်း နားလည်တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် နိုဘယ်ဆုပေးပွဲမှာ ကျွန်တော် ချုပ်ပေးတဲ့ ဝတ်စုံကို ဝတ်သွားတယ်။ တအားဝမ်းသာတယ်၊ ဂုဏ်လည်းယူပါတယ်။ မြန်မာပြည်က လူတွေ ကကိုယ့်ရဲ့ ရိုးရာ မြန်မာလုံချည်ကို မမေ့ဘဲ ဝတ်ဆင်ကြတယ်။ အဲဒါကို တအား လေးစားပါတယ်။ ကိုယ့်ရဲ့ ရိုးရာအဝတ်အစား ကိုမမေ့ တာကိုလည်း သဘောကျတယ်။
မေး- လက်ရှိလုပ်နေတဲ့ ဖက်ရှင်ဒီဇိုင်းလုပ် ငန်းတွေအကြောင်း သိချင်ပါတယ်။
ဖြေ- ကျွန်တော် ဂျပန်မှာ Zarny Fashion Entertainment ဆိုပြီး ဖက်ရှင် ကုမ္ပဏီ ဖွင့်ထားပါတယ်။ ကုမ္ပဏီ တော်တော်များနဲ့လည်း စာချုပ်ချုပ်ပြီး လုပ်နေပါတယ်။ လူငယ်ကောင် လေးတွေ၊ ကောင်မလေးတွေ ဝတ်တဲ့ အင်္ကျီ ဒီဇိုင်း၊ ပိုက်ဆံအိတ်၊ ဆောင်းတွင်း ဝတ်ကုတ် အက်ႌ၊ မဂၤလာဝတ္စံု အက်ႌေတြ ကို ဒီဇိုင်းလုပ်ပါတယ်။ ကိုရီးယား အဆိုတော်တွေ ရဲ့ အင်္ကျီဒီဇိုင်းနဲ့ ဂျပန်က ဒရာမာ တီဗီစီးရီးက မင်းသား၊ မင်းသမီးတွေရဲ့ အင်္ကျီ ဒီဇိုင်းတွေကို လုပ်ပေးတယ်။ ကားမောင်း ပြိုင်ပွဲမှာ ကားမောင်းတဲ့ သူတွေ ဝတ်တဲ့ ဒီဇိုင်းတွေလည်း လုပ်ပေးဖူးပါတယ်။
မေး-မြန်မာနိုင်ငံမှာ ရှီဘုယဇာနည်ထူးထူး ကုမ္ပဏီ ဖွင့်ထားကြောင်း သိရပါ တယ်။ ဖက်ရှင် ဒီဇိုင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် အကြောင်းတွေကို သိချင်ပါတယ်။
ဖြေ-ကျွန်တော် မြန်မာနိုင်ငံမှာ ၂၂-၇-၂ဝ၁၂ ရက်နေ့က ကုမ္ပဏီ ဖွင့်ခဲ့ပါတယ်။ ကုမ္ပဏီဖွင့် တာက နိုင်ငံခြားက အင်္ကျီတွေကို ချုပ်ဖို့လာတာ မဟုတ်ပါဘူး။ မြန်မာပြည်က ရိုးရာပိတ်စ တွေကို အင်္ကျီချုပ်ပြီး ကမ္ဘာကို ပြသချင်တာပါ။ မြန်မာနိုင်ငံက ကနုတ်တို့ ချိတ်တို့ကို နိုင်ငံခြားသားတွေကို သိစေချင်ပါတယ်။ မြန်မာရိုးရာ ပစ္စည်းတွေ ကိုပဲ ဒီဇိုင်း လုပ်ပြီးရောင်းချင်တာပါ။
မေး- မြန်မာနိုင်ငံကို ဘယ်တော့လောက် ပြန်လာဖို့ အစီအစဉ် ရှိပါသလဲ။
ဖြေ-ကျွန်တော် မြန်မာနိုင်ငံကို ၂လပိုင်း လောက်ပြန်လာမှာပါ။ ကျွန်တော်ပြန် လာ တဲ့အခါ NHK ရုပ်သံလိုင်းလည်း ကျွန်တော်နဲ့အတူ ပါလာမှာပါ။ အဲဒီ NHK က ကျွန်တော့် အစီအစဉ်တွေကို ကျွန်တော် အသက် ၂၃နှစ် လောက်ကစပြီး ရိုက်ကူး ထုတ်လွှင့် နေတာဖြစ်ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို မပြန်တာ နှစ် ၂ဝ လောက် ရှိပါပြီ။ ကျွန် တော်နှစ်ပေါင်း ၂ဝ ကြာမှ ပြန်လာတဲ့အခါ မှာ ဘာတွေလှုပ်ရှားမလဲ ဆိုတာကို သူတို့ က ရိုက်ပြချင်တာပါ။ ကျွန်တော် မြန်မာနိုင်ငံ ကို ပြန်လာတဲ့အခါ သင်္ကန်း စည်းချင်ပါတယ်။ ဒါပေမဲ့ အလုပ်တွေ များတဲ့ အတွက် သိပ်အကြာကြီးတော့ ဝတ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော် ဂျပန်နိုင်ငံမှာ နေနေတဲ့ ရက်တွေမှာ မြန်မာနိုင်ငံကို သတိမရတဲ့နေ့ မရှိပါဘူး။ အထူးသဖြင့် ကျွန်တော် သင်္ကြန် သီချင်း နားထောင်လိုက်ရင် မြန်မာနိုင်ငံကို တအားလွမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကမ္ဘာနဲ့ ရင်ပေါင် တန်းပြီး အလုပ်တွေ လုပ်စရာ ရှိတယ်။ ကျွန်တော် နိုင်ငံခြားသားတွေနဲ့ အလုပ် တအားများပြီး မြန်မာနိုင်ငံကို လွမ်းတဲ့စိတ်တွေ၊ ပြန်ချင်တဲ့စိတ်တွေ မေ့ထားနိုင် ပေမယ့် သင်္ကြန် သီချင်း သံကိုကြားရင်တော့ မြန်မာနိုင်ငံကို ဘယ်လိုမှ မေ့ဖျောက်ထား လို့ မရပါဘူး။ ကျွန်တော် မြန်မာနိုင်ငံမှာ ဒီဇိုင်း လုပ်ချင်ပါတယ်။ မြန်မာ လူမျိုးတွေ ကမ္ဘာမှာ ရှိတဲ့လူမျိုးတွေ အားလုံးနဲ့ ယှဉ်လို့ရ အောင် ဒီဇိုင်း လုပ်ချင်တာပါ။ ကျွန်တော် ဒီဇိုင်းလုပ်ချင်တယ် ဆိုတာက မြန်မာလူ မျိုးတွေရဲ့ စိတ်ထားကို လုပ်ချင်တာပါ။ ငါတို့ မြန်မာလူမျိုး ဆိုတာက ကမ္ဘာနဲ့ယှဉ်လို့ရတယ် ဆိုတာကို မြန်မာတွေ သိစေချင်တယ်။ လူငယ်တွေကိုလည်း အားပေးချင်ပါတယ်။

YOYARLAY မှ သိသမျှ ။

1 comment:

  1. အဲဒါကြောင့်ဖြစ်မယ်..အဲတုန်းက ၀တ်စုံလေးထူးထူးခြားခြား ခန့်ငြားနေပါလားလို့.. ဒီဇိုင်နာကြီးလက်ချက်ကိုး...း))

    ReplyDelete