Friday 22 March 2013

လက်မပါ ပန်းချီပညာရှင်


Huang Guofu အမည်ရ တရုတ်လူမျိုးဟာ အသက် ၄ နှစ်သားတုန်းက အက်ဆီးဒန့်တစ်ခုကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အသက် ၁၂ နှစ်သားကစလို့ ခြေထောင်ဖြင့် ပန်းချီဆွဲခြင်းကို ကိုယ်တိုင်လေ့ကျင့် သင်ကြားခဲ့ပြီး နေ့မအိပ်၊ညမအိပ်ကြိုးစားခဲ့ပါတယ်။

 အသက် ၁၈ နှစ်ရောက်တော့ ပန်းချီဆွဲရင်း အသက်မွေးမယ် ဆုံးဖြတ်ချက် နဲ့ ကျောင်းထွက်ပါတယ်။ ဖျားနေတဲ့ အဖေအိုအတွက် ဆေးဖိုးလည်း လိုအပ်နေလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကြိုးစား ပန်းစားဆွဲရင် Huang ရဲ့  ပန်းချီကားများ လူသိများ အောင်မြင်လာပြီး နိုင်ငံခြားသားများတောင် ဝယ်ယူလာကြ ပါတယ်။

ယခု ဆိုရင် Chonqing Talents Museum မှာလည်း သူ့ပန်းချီကားများ ကို မြင်တွေ့နိုင်ပြီး
ကမ္ဘာတစ်လွှားကနေ အော်ဒါမှာ ဝယ်ယူသူ များပြားကြောင်း သိရ ပါတယ်။

International news for myanmar မှ သိသမျှ ။

No comments:

Post a Comment