Monday 11 March 2013

တစ်ရက်လျှင် ၂ နာရီထက်ပို၍ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူတာဆော့ကစားခြင်းတို့သည် ကလေးများ အတွက် စိတ်ရောဂါ ရရှိနိုင်


တစ်ရက်လျှင် ၂ နာရီထက်ပို၍ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူ တာဂိမ်းကစားခြင်းတို့သည် ကလေးများတွင် စိတ်ပိုင်း ဆိုင်ရာ အခက်အခဲများရရှိစေနိုင်ကြောင်း သတင်း ရရှိသည်။ ကလေးငယ်၏ ကျန်းမာသန်စွမ်းတက်ကြွမှုနှင့် မသက်ဆိုင်ဘဲဖြစ်နိုင်သည်ဟုဆို၏...

အသက် ၁၀နှစ်နှင့် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ထောင်ကို တီဗွီဖန်သားပြင်ရှေ့တွင် ထိုင်သည့်အချိန်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကို လေ့လာမှုအရတွေ့ရှိခြင်းဖြစ်သည်။ ထို့အပြင်ကိုယ်လက်လှုပ်ရှားမှုကိုတိုင်းတာသည့်စက်ဖြင့်လည်း ကလေးငယ် ထိုင်သည့်အချိန်နှင့် ကိုယ်လက်လှုပ်ရှားခြင်းတို့ကို မှတ်တမ်းပြုသည်...

လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် ၂ နာရီထက်ပို၍ တီဗွီကြည့်ခြင်းနှင့် ကွန်ပျူတာဆော့ကစားခြင်းတို့သည်စိတ်ပိုင်းဆိုင်ရာအခက်အခဲများ

ပိုမိုဖြစ်စေကြောင်းဖြစ်သည်။ အခြားသော ကိုယ်လက်လှုပ်ရှားမှုတို့နှင့် မသက်ဆိုင်ဟုလည်း ဆိုသည်...

ကလေးများ တီဗွီကြည့်ချိန်ကို လျော့ချခြင်းသည် ကလေး၏ အနာဂတ် ကျန်းမာရေးနှင့် စိတ်လုံခြုံမှုတို့အတွက် အရေးကြီးကြောင်း ထောက်ပြထားပါသည်...


myawady news facebook မှ သိသမျှ ။

No comments:

Post a Comment