Thursday 21 March 2013

အရက်မူးသမားနှင့် တက္ကဆီဒရိုင်ဘာ


အရက်မူးသမား သုံးယောက် တက္ကဆီလှမ်းတားပြီးတော့ ငှားပါတယ်။ အရက်အလွန် အကျွံမူးနေပြီး စကားတောင် လုံးရေပတ်ရေလည်အောင် မပြောနိုင်တော့ပါဘူး။
ဒါကို တက္ကဆီဒရိုင်ဘာက သိတော့ ကားစက်နိုးပြီး တစ်အောင့်လောက် အနေ မှာ ရပ်လိုက်တယ်။ ပြီးတော့ အေးဆေး စွာပဲ ရောက်ပြီလို့ ပြော လိုက်ပါတယ်။
ပထမ အရက်မူးသမားက ပိုက်ဆံပေးပြီး ဆင်းသွားပါတယ်။
ဒုတိယ တစ်ယောက်က ကျေးဇူးပဲလို့ ပြောသွားပါတယ်။
တတိယ တစ်ယောက်ကတော့ ဒရိုင်ဘာ ပခုံးကို ခပ်ကြမ်းကြမ်း ပုတ်လိုက်ပါတယ်။
ဒီတော့ ဒရိုင်ဘာဟာ သူလိမ်တာ သိသွားပြီလားလို့ ကြောက်ရွံ့ သွားပြီး ဘာလို့ ရိုက်တာလဲ မေးတော့ အရက်မူးသမားက အောက်ပါအတိုင်း ပြန်ဖြေ ပါတယ်။

"နောက်ခါ ခများမောင်းရင် အရှိန်နည်းနည်းလျော့။ ကျနော်တို့ သေကုန် လိမ့်မယ်"

ရိုးရာလေး ဟာသ မှ သိသမျှ ။

No comments:

Post a Comment