Monday 18 March 2013

သင်္ကြန်မှာ တရားစခန်းဝင်မယ့် သူထူးစံ


အနုပညာလောကမှာ အချိန် ကြာမြင့်စွာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သူထူးစံက ဒါရိုက်တာ အဏ်ထော်ဏီ ရိုက် ကူးတဲ့ ‘မခံစားနိုင် ဘူး’ (ယာယီ အမည်ပေး) ဇာတ်ကားကို စိုးရန်အောင်၊ နိုဘယ်လ်ကျော်ကျော်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။”အရင်နှစ် သင်္ကြန်ဆိုရင် အလုပ်လုပ်ရင် လုပ်တယ်၊ မလုပ်ဘူးဆိုရင် မဏ္ဍပ်ထိုင်ဖြစ်တယ်။ ဒီနှစ် သင်္ကြန်မှာကျတော့ စိတ်ကတရား စခန်းဝင် ချင်နေတယ်။လုပ်ဖြစ်ဖို့များမှာပါ။ အလုပ်တွေ က နီးလာရင် ပေါ်လာမှာ စိုးလို့ အခုကတည်းက တရားစခန်းဝင်ဖို့ ပြင်ဆင်ထားတယ်” လို့ပြောတဲ့ သူထူးစံက “ဖေဖော်ဝါရီလက ဘန်ကောက်မှာလို အပ်တဲ့ပစ္စည်းတွေ သွားဝယ်ခဲ့ကြောင်း ပြောပါတယ်။ ဗီဒီယိုဇာတ် ကားတွေမှာ သရုပ်ဆောင် သစ်တွေနဲ့ ပဲ ရိုက်ကူးရခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်သင့်သလောက် ယုံကြည် ထားမှုတွေနဲ့ ရိုက်ဖြစ်ခဲ့ခြင်းဖြစ်တယ်” လို့ သူထူးစံကပြောပါတယ်။”ဒီလောကစရောက်ကတည်းက သရုပ်ေ ဆာင်သစ်တွေနဲ့ ရိုက်တာ များတယ်။ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းစမ်းသပ်တယ်။ယုံကြည်သင့် သလောက် လည်းယုံကြည်တယ်။တခြားသူကို အား ကိုးချင်တဲ့စိတ်၊ နဂိုကတည်းက မရှိဘူး။ ဒါပေမဲ့
အနုပညာအုပ်ဆိုတာတစ်ယောက်တည်း ကောင်းနေ လို့လည်း မပြီးဘူး၊ စုစုစည်းစည်းနဲ့လုပ်ရ တယ်။အကုန်လုံးက ညီညွတ်မှု ရှိရမယ်။နောက်ပိုင်း အစ်ကိုက ဇာတ်လမ်းကိုရွေးရိုက်တယ်။ ပရိုဂျူဆာ တွေဘက်ကလည်း ရင်းရတာတအားများ တယ်။သူတို့ဘက်ကို ကြည့်ပေးတဲ့သဘောလည်းပါပါတယ်။ အဓိက ဇာတ်လမ်းကောင်းရင် ရိုက်ရဲတယ်” လို့ပြောပါတယ်။ဘယ်လိုပဲတိုက် ခိုက်တို က်ခိုက်၊ Effect တွေဘယ်လောက် များများ ကမ္ဘာကြီးပျက်သွားတဲ့အချိန်ထိ အနုပညာကိုပဲ တစိုက် မတ်မတ်လုပ်သွား မယ်လို့ သူထူးစံကပြောပါ တယ်။

တွယ်တာ


 popular myanmar.com မှ သိသမျှ ။








No comments:

Post a Comment