Wednesday 6 March 2013

၂၀၁၃ မတ်လအတွက် ( ၇ ) ရက်သားသမီးဟောစာတမ်း


တနင်္ဂနွေ သားသမီး  ။

  အိမ်တွင်းရေးပြသနာများဖြေရှင်းရလိမ္မည် ။ .အလုပ်ထဲတွင်  မလိုသူကြောင့်အထက်လူကြီးမှဆူပူခြင်း  ခံရတတ်သည် ။ မိန်းကလေးတစ်ယောက်ကြောင် ငွေကုန်ကျမည်။ အိမ်ထောင်ရှင်များ  အိမ်မှနှင်ချခံရခြင်း  အိမ်ကိုစွန့် ခွါသွားရ  ခြင်းများကြုံတွေ့ ရမည် ။ ဦးခေါင်းတွင်ထိခိုက် ဒါဏ်ရာ ရတတ်သည် ။

 ယတြာ ။ တာအိုးတစ်လုံးတွင်အုန်း၆ရွက်အုန်းသီး၆စိပ်အုတ်ခဲ၆လုံးထည့်ပြီမိမိအိမ်၏  တောင်အရပ်သို့ 
စွန့်ပေးပါ

တနင်္လာသားသမီး  ။

 ချေးငွေလုပ်ငန်း  ခြံကားအရောင်းအ၀ယ်လုပ်ငန်းစွန့် စွန့် စားစားအလုပ်ပါနှင့်  ခြံပေါင်ခြင်း  မြေပေါင်ခြင်း
 ငွေချေးခြင်းကို  အထူးသတိထားလုပ်ပါ ။မမျှော်လင့်ပဲ ငွေဝင်လာပြီး  ပြန်ထွက်သွားလိမ့်မည်  ။ မိခင်ကျမ္မာရေးဂရုစိုက်ပေးပါ ။ ခေါင်းကိုက်ခြင်းခါးနာခြင်း  ကြွက်တက်ခြင်း  ဝေဒနာများ  သိသိသာသာ  ခံစားရလိမ္မည် ။

 ယတြာ   ။  အိမ်ကဘုရားတွင် မွေးနေ့ မှစပြီးနံက်တိုင်း ကျောက်ကျောငါးမုန့် ကြော်လှုပေးပါ ။

 အင်္ဂါ သားသမီး   ။ 

 ခရီးသွားရသောအလုပ်များ  အကျိုးပေးမည် ။ စပ်တူလုပ်ငန်းများ သတိထားပါ  အချင်းချင်း  စိတ်ဝမ်းကွဲ စရာကြုံလိမ္မည်။တနင်္ဂနွေသားသမီးများနှုင့်သတိထားပြီးအလုပ်လုပ်ပါ။မည်သည့် စက်ပစ္စည်းမှအ၀င်မခံပါနှုင့်
။  အိမ်ထောင်ရှင်မိန်းကလေးဖြစ်ပါကခင်ပွန်းကြာင့်စိတ်ညစ်ရလိမ္မည်။ ငွေကြေးကိစ္စစကားများရတတ်သည်

 ယတြာ   ။  အိမ်ကဘုရားတွင် ဇီးယိုလှုပေးပါ ။ အဖိုးအဖွားများကို  ဆေးလှုပေးပါ

  ဗုဒ္မဟူး သားသမီး   ။ 

 ယခုလအတွင်းမမျှော်လင့်သော လူမှုရေးလုပ်ငန်းများနှုင့် အချိန်ကုန်နေရတတ်သည်   လုပ်ငန်းအသစ်လုပ်ခြင်း  အလုပ်ပြောင်းရွှေ့ ခြင်းများမလုပ်ပါနှင့် ။ ၀န်ထမ်းများ                                ရာထူးတက်ခြင်း  အထက်လူကြီးမှမျက်နှာသာပေးခြင်းခံရတတ်သည် ။ရွှေနှင့်ပတ်သက်ပြီး
  စိတ်ညစ်ရတတ်သည် ။စိတ်ညစ်ရသောခရီးများ  သွားရတတ်သည်

 ယတြာ   ။ မွေးနံ ဘုရား ၊ ထောင့်တွင်  အစိမ်းရောင် ယပ် ( ၄ ) ချောင်းလှုပေးပါ

 ကြာသပတေး သားသမီး   ။ 

အလုပ်ပြောင်းရွှေ့ ရခြင်းလုပ်ငန်းအသစ်များလုပ်ကိုင်ရခြင်းများကြုံတွေ့ ရမည်  မြေကိစ္စအမွေကိစ္စ
 ဆွေမျိုးသားချင်းကိစ္စများကြောင့်ခရီးထွက်ရတတ်သည်မမျှော်လင့်ပဲ  ငွေကြွေးတင်ခြင်း   ငွေကြေးအကြပ်အတည်း များကြုံလိမ့်မည်၊မျက်နှာပြင်တွင်ထိခိုက်ဒဏ်ရာရတတ်သည်။ငယ်ရွယ်သူများပညာရေးတစ်ပိုင်းတစ်စဖြစ်ခြင်း
အိမ်ထောင်ကျခြင်းများဖြစ်တတ်သည် ။။
ယတြာ   ။ အိမ်က ဘုရားတွင် မွေးနေ့  နံက် မှစပြီး ပုဂံပြားထဲတွင်  ပြောင်းဖူးပြုတ်အစေ့ချွေထည့်ပြီးလှုပေးပါ
သောကြာသားသမီး  ။  
လုပ်သမျှအကျိုးပေးမည့် လဖြစ်သည် ။  အကျိုးရှိသောခရီးသွားရတတ်သည် ။မမျှော်လင့်ပဲငွေဝင်လာပါက   ၁  ၇  ၆  ၄  ဂဏန်းများနှင့်  ထီထိုးပါ ။ စပ်တူလုပ်ငန်းများလုပ်ငန်းအသစ်များ လုပ်ကိုင်ပါ ။  သို့ သော်  ကြာသပတေးသားသမီး  ကိုရှောင်ပါ ။ ငယ်ရွယ်သူအိမ်ထောင်ရှင်ယောင်္ကျားများ  မိန်းမကိစ္စရှောင်ပါ ။ ဂုဏ်သိက္ခာကျစရာဖြစ်တတ်သည်။
ယတြာ   ။ ပုဂံတစ်ခုထဲတွင်သစ်စသီးအစုံခွဲခြမ်းစိပ်ထည့်ပြီးအိမ်ရှေ့ တွင်ကလေးများကိုခေါ်ကာနှိုက်စားပါစေ
စနေသားသမီး  ။ 
စိတ်ချမ်းသာမှုများနှင့်ကြုံတွေ့ ရမည် ။ မိမိ အခက်အခဲများကို  ညီအကိုမောင်နှမဆွေမျိုးများ ၀ိုင်းဝန်း  ကူညီဖြေရှုင်းပေးလိမ့်မည် ။ရက်ရှည်ခရီးထွက်ခြင်းရှောင်ပါ ။ ငယ်ရွယ်သူများ စိတ်ကောက်နေသော
 ချစ်သူကို  ချေုာ့နေရမည့် လဖြစ်သည် ။ ပိုက်ဆံကောက်ရခြင်း  မမျှော်လင့်ပဲ  ငွေဝင်လာခြင်းများ ကြုံ တွေ့ ရမည်။
ယတြာ  ။  မွေးနေ့ တိုင်း  အိမ်ကဘုရားတွင်  ထန်းလျက်ခဲ  လှုပေးပါ ။ သီလရှင်များကိုလည်း လှုပေးပါ ။
 yoyarlay မှ သိသမျှ ။

No comments:

Post a Comment