Thursday 7 March 2013

မသန်သော်လည်း စွမ်းသော လက်မပါ အမျိုးသမီး လေယာဉ်မှူး


မွေးကတည်းက လက်မပါပါဘူ။ သို့ပေမယ့် ကတ္ကသိုလ်မှာ စိတ်ပညာ နဲ့ ကျောင်းပြီးပါတယ်။ ငယ်ငယ်လေးကတည်းက ဆုတွေဆက်တိုက်ရပါတယ်။ ခြေထောက်နဲ့ စာရေးပါတယ်။ စန္တယားတီးပါတယ်။ မျက်ကပ်မှန်ထည့်နိုင်ပါတယ်။ အလှပြင်တတ်ပါတယ်။ ကားမောင်းလိုင်စင်ရှိပြီး ကျွမ်းကျွမ်းကျင် ကျင် မောင်းနှင်နိုင်ပါတယ်။
တိုက်ကွန်ဒိုမှာ ခါးပတ်နက်ရထားပါတယ်။ လက်မပါပေမယ့် အားနွဲ့သူတော့ မဟုတ်ပါဘူး။ နောက်ဆုံး အထူးခြားဆုံး အဆင့် ကတော့ လေယာဉ်မောင်းနှင် နိုင်ခြင်း ဖြစ်ပါတယ်။
သူမဟာ ကမ္ဘာပေါ်မှာ လက်မပါပေမယ့် လေယာဉ်မောင်းလိုင်စင်ရတဲ့ အမျိုးသမီး ပိုင်းလော့ တစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
Jessica Cox လို့အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ အရီဇီုးနားပြည်နယ်၊ Tucson မြို့ ငယ်က အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ စိတ်ဓာတ်
ကျဆင်းနေသူများကို ပြန်လည်စိတ်ဓာတ်မြင့်တင်ပေးတဲ့ ဖောင်ဒေးရှင်းအဖွဲ့ ထောင်လို့ ကမ္ဘာပတ်နေပါပြီ။
သူမ အကြောင်းကို သူ့ ဝဘ်ဆိုဒ်ဖြစ်တဲ့ အောက်ပါ လခ့်မှာ ပြည့်ပြည့်စုံစုံ သိရှိ နိုင်ပါတယ်။

ရိုးရာလေး နိုင်ငံတကာ မှ သိသမျှ ။

No comments:

Post a Comment