Thursday 21 March 2013

ကြေးစား သီချင်းရေးဆရာ မဟုတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်


အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သီချင်း ရေးရာတွင် ကိုယ့် စိတ်တိုင်းကျ ရေးဖြစ်ပြီး ကြေးစား တစ်ယောက် အနေဖြင့် မရေးဖြစ်ကြောင်း ပြောသည်။
”ပရော်ဖက်ရှင်နယ် အနေနဲ့ ကတော့ အဆိုတော် တစ်ယောက် သရုပ်ဆောင် တစ်ယောက် အနေ နဲ့ပဲ လုပ်ဖြစ်တာ များတယ်။ သီချင်း ရေးတာကတော့ ကိုယ့် အတွက်ပဲ ။ ကိုယ့် သီချင်းကိုယ် ရေးတယ်။ ကြေးစား တစ်ယောက် အနေနဲ့တော့ မရေးဖြစ်ဘူး။ သီချင်းရေး တာက ကိုယ့်စိတ်တိုင်းကျ ကိုယ့်အတွက်ပဲ ရေးတာပါ” ဟု ၄င်းကဆို သည်။
”သီချင်း ရေးတာကတော့ ကျွန်တော့် ခံစားချက် ပါတယ်။ တင်ပြချင်တဲ့ အကြောင်းအရာ ပါတယ်။ ပြီးတော့ ပရိသတ်ကို ဖျော်ဖြေချင်တဲ့ အကြောင်းအရာ ပါတယ်။ ပရိသတ်တွေ ရင်ထဲမှာ အတွေးတွေ ကျန်ခဲ့ အောင်တော့ တမင် ရည်ရွယ်ပြီး ရေးတာတော့ မဟုတ်ဘူး” ဟု စိုင်းစိုင်းက ဆိုသည်။
”ကိုယ်ဖန်တီးလိုက်တဲ့ သီချင်းတစ်ပုဒ် အောင်မြင်တယ် ဆိုတာ အကျိုးအကြောင်း တိုက်ဆိုင်သွားလို့ပါ။ မအောင်မြင်တဲ့ သီချင်းတွေလည်း အများကြီး ရှိပါတယ် ။ အောင်မြင်ခဲ့ဖူးတဲ့ သီချင်းလည်း ရှိပါတယ်” ဟု
စိုင်းစိုင်း က ပြောသည်။
စိုင်းစိုင်းက လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ရွှေမှုံရတီနှင့် အတူ သရုပ်ဆောင်နေပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့် ဇာတ်ကား ရိုက်ကူးနေကြောင်း သင်္ကြန် ကာလအတွင်း ရန်ကုန်တွင် ရှိမည်ဖြစ်ကြောင်း ပြောသည်။

ထူးထူး



popular myanmar.com မှ သိသမျ ။




No comments:

Post a Comment