Wednesday 13 March 2013

ဧပြီ ၁ ရက်တွင် ရောင်းချမည့် ဖုန်းဆင်းကတ်တန်ဖိုး ကျပ်တစ်သောင်းအောက်သာ ရှိမည်


ဧပြီ ၁ ရက်တွင်ရောင်းချမည့် ဖုန်းဆင်းကတ်တစ်ခု၏တန်ဖိုးမှာ ကျပ်တစ်သောင်းအောက် ထောင်ဂဏန်းမျှသာရှိမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ကျပ်နှစ်သောင်းဖြင့် ရောင်းမည် ဟု ဦးစိုးသိန်းပြောကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် ၄င်းက''ကျပ် နှစ် သောင်းနဲ့ ရောင်းမယ်ဆိုတာ မပြောခဲ့ ပါဘူး။

အလွန်နည်းတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းမယ်လို့ပဲ ပြောခဲ့တာပါ။ ဈေးနှုန်း ကို ထည့်မပြောခဲ့ပါဘူး။ ကျွန်တော်တို့ စီစဉ်ထားတာကဂဏန်းလေးလုံး ပမာဏ လောက်နဲ့ ရောင်းပေးဖို့လုပ်ထားတာ ပါ'' ဟု ၄င်းက ပြောသည်။
ယင်းအပြင် ဖုန်းများရောင်းချပေး မည့်ရက်ကိုလည်း ဧပြီ ၁ ရက်ဟု ထပ်မံ အတည်ပြုပြောကြားခဲ့ပြီးဈေးနှုန်း အတိအကျကို အများပြည်သူသိရှိစေရန် တာဝန်ရှိသူများမှ တရားဝင်ထုတ်ပြန် ကြေညာပေးလိမ့်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ မိုဘိုင်းဖုန်းဈေးနှုန်းများ နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ်တစ်ဦးက ''ဖုန်း ဈေးနှုန်း သတ်မှတ်တာကို ကျွန်တော်တို့ မလုပ်ပါဘူး။ အရင်တုန်းကတော့ ဘယ် ဈေးနဲ့ရောင်းမယ်ဆိုတာ အထက်ကို အဆိုပြုရတယ်။ အခုတော့ အထက်က ချပေးတဲ့ ပုံစံအတိုင်း အလုပ် လုပ်နေရတာပါ။ ဒါကြောင့် ဈေးနှုန်းကတော့ အထက်ကပဲ သတ်မှတ်မှာပါ'' ဟု ပြောသည်။

ယင်းသို့ မိုဘိုင်းဖုန်း နှုန်းထားမှာ ထောင်ဂဏန်းအဆင့်သာ ရှိမည်ဆိုပါ က ဖုန်းသုံးစွဲနိုင်သည့် ပမာဏမှာ ရောင်းချမည့်အရေအတွက် အပေါ်သာ မူတည်သွားမည်ဖြစ်ပြီး သုံးစွဲသူများမှာ ဝယ်ယူရန်

အဆင်သင့်အနေ အထားတွင် ရှိနေမည်ဖြစ်ကြောင်း၊ ၄င်းအပြင်တန် ဖိုး မြင့်ဟန်းဆက် များကိုပါ ကိုင်ဆောင် နိုင်ကြမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် ကျွမ်းကျင်ပညာရှင် များက သုံးသပ်သည်။

''ဆင်းကတ် ဈေးနှုန်း နည်းရင် ဟန်းဆက်မြင့်တာ ကိုင်နိုင်မယ်။ ဆင်း ကတ်ဈေးနှုန်းမြင့်ရင် ဟန်းဆက် နိမ့်တာကိုင်နိုင်မယ်။ အဓိကတော့ အစိုးရအနေနဲ့ ထောင်ဂဏန်းနှုန်းနဲ့သာ အမှန်တကယ် ရောင်းချ မယ်ဆိုရင် နိုင်ငံတကာနဲ့ ကျွန်တော်တို့ ယှဉ်နိုင်ပါပြီ'' ဟု မိုဘိုင်းဆားဗစ်နှင့် ဝယ်ရောင်း ပညာရှင် ကိုသီဟက ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်း ဈေး နှုန်းများနှင့် ပတ်သက်၍ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက် များအပေါ် နိုင်ငံတော် သမ္မတကြီး ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ထောက်ခံမှု များ ပြုလုပ်ထားကြောင်း သိရသည်။

Popular Myanmar News Journal မှ သိသမျှ ။



No comments:

Post a Comment