Saturday 9 March 2013

ပရိသတ်နှင့် ဝေးကွာနေသော ဂရေဟမ် မျှော်စင်ကျွန်းတွင် ဖျော်ဖြေပွဲ ကျင်းပ


မြန်မာပြည် ပရိသတ်နှင့် လေးနှစ်ကြာမျှ ဝေးကွာနေသော တေးသံရှင် ဂရေဟမ်၏ တစ်ကိုယ်တော် စင် မြင့် ဖျော်ဖြေပွဲကို မတ်လ ၇ ရက် နေ့ ည၇နာရီအချိန်ကကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့သည်။
တစ်ကိုယ်တော် ဆိုသည့် အတိုင်း The Trees တီးဝိုင်း၏ တီးခတ်မှုနှင့် အတူ တစ်ကိုယ်တော် သီချင်းများဖြင့် စတင် ဖျော်ဖြေခဲ့ပြီး ရတနာဦး၊ ချောစုခင်၊ လေးလေးဝါး စသည့် လက်တွဲ ခဲ့သည့် တွဲဖက် အဆိုရှင် များအပြင်  Lဆိုင်း ဇီ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့် စသည့် မျိုးဆက်သစ် တေးသံရှင် များနှင့်ပါ တွဲဖက်၍ ၂ ပုဒ်စီ ဖျော်ဖြေခဲ့ကြပြီး တေးသံရှင် ဖြိုးကြီးကလည်း
တွဲ ဖက် သီဆိုပေးခဲ့သည်။ဖျော်ဖြေပွဲကို သီချင်းပုဒ်ရေ ၄ဝ နီးပါးမျှ ဖျော်ဖြေခဲ့ပြီး ပွဲအပိတ်ကိုမူ ဂရေဟမ်ကသူ၏ ထင်ရှားခဲ့သော သင်္ကြန် သီချင်းများဖြင့် ဖျော်ဖြေရင်း အဆုံးသတ်ခဲ့သည်။


popular news.com မှ သိသမျှ ။

No comments:

Post a Comment