Saturday 9 March 2013

ဖုန်းမျက်နှာပြင်ပေါ်မှ ဘက်တီးရီးယားများ


Surrey တက္ကသိုလ်မှ မော်လီကျူးများ အကြောင်းကို သင်ကြား ပို့ချပေးနေသော ဒေါက်တာ ဆိုင်မွန်ပက်၏ သုတေသန များအရ ဖုန်းများပေါ်တွင် သာမန်မျက်စိဖြင့် မမြင်ရသော ဘက်တီးရီးယား များစွာရှိကြောင်း သိရသည်။ ဖုန်းများပေါ်မှ ဘက်တီးရီးယား များသည် အိမ်သာခွက်များမှ ဘက်တီးရီးယား များထက်ပင် ကျန်းမားရေးကို ပိုမိုထိခိုက် စေနိုင်သည်ဟု ဆေးသိပ္ပံ စာစောင်များမှ ထောက်ပြသည်။
ယခင်က ဖုန်းများပေါ်တွင် ဘက်တီးရီးယားများ ရှိနေ ကြောင်းကို ဆရာဝန်များက သတိပေး ပြောဆိုခဲ့ဖူးသော် လည်း ယခုအခါ ဒေါက်တာပက်က ဖုန်းပေါ်ရှိ ဘက်တီးရီး ယားများကို
ဓာတ်ခွဲခန်းသုံး အဏုဇုဇီဝီဝ ပစ္စည်းများ အကူ အညီဖြင့် အသေးစိတ် ပုံဖော်ပြသနိုင်ခဲ့ သောကြောင့်ဖုန်းပေါ် ရှိ ဘက်တီးရီးယား များအကြောင်းကို ပိုမိုသတိထား ကြပြီ ဖြစ်သည်။


ပြည်မြန်မာ သတင်းဂျာနယ် မှ သိသမျှ ။



No comments:

Post a Comment