Saturday 9 March 2013

ပြိုင်ပွဲတွေများလာတော့ ကျော်ကြားမှုနဲ့ ရပ်သွားမှာ စိုးရိမ်တဲ့ ရေဗက္ကာဝင်း


အဆိုပြိုင်ပွဲ တွေပေါ်လာတာဟာ နောက်ထပ် ဝါသနာ ရှင်တွေ၊ အစွမ်းအစ ရှိတဲ့သူတွေ အခွင့်အလမ်း တွေရှိ လာတယ်လို့ ထင်ပါတယ်။ ရေဗက္ကာတို့ တုန်းက ပြိုင်ပွဲ ဆိုတဲ့ အသံကိုပဲ မျှော်နေရတယ်။ အခုနောက်ပိုင်း ကတော့ ပြိုင်ပွဲတွေက များလာပြီ။ ဒါပေမဲ့ တစ်ခုရှိတာ က ပြိုင်ပွဲတွေ များလာတော့ လူငယ်တွေက အောင်မြင် မှု မရဘဲ ကျော်ကြားမှုနဲ့ ရပ်သွားမှာကို လည်း စိုးရိမ် ရသေးတယ်။ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တဲ့အတွက် TV မှာ ပါသွားတယ်။ ချက်ချင်းလူ သိသွားတယ်။ အောင်မြင်မှု ဆိုတာက အရည် အချင်းပေါ်မှာပဲ အခြေခံရတာဖြစ် တဲ့အတွက် ကျော်ကြားမှုက တစ်ဆင့် အောင်မြင်မှုကို ကူးနိုင်ဖို့လိုပါတယ်။ ကျော်ကြားမှုပေါ်မှာ သာယာပြီး ရပ် သွားရင် အောင်မြင်မှုဆိုတာအလှမ်း ဝေးသွားမှာ ပါပဲ။ ပြိုင်ပွဲတွေပေါ် လာတာ ကောင်းတယ်။ကျော်ကြား မှုကို အားပေးတယ်။
ဒါပေမဲ့လည်း အောင်မြင်မှုရတဲ့ အထိလည်းဆက် ပြီးကြိုးစား စေချင်ပါတယ်။ ကိုယ် တိုင်လည်း ဒိုင်လုပ် ရတဲ့ အတွက် ပြိုင်ပွဲဝင်တွေ အကုန် လုံးကို ကောင်း စေချင်တယ်။ ကိုယ်ချင်းလည်းစာတယ်။ ရေဗက္ကာကိုယ်တိုင် လည်းပြိုင် ပွဲကတက် လာရ တာ ဆိုတော့လေ။ ရေဗက္ကာကတော့ တတ်နိုင်သမျှ
သာတူညီမျှ လုပ်ပေးပါတယ်။ ရေဗက္ကာတို့က လူငယ်တွေကို ပြိုင် ပွဲများများ ဝင်ပြိုင်စေချင်တယ်။ အဲ ဒါမှ အတွေ့အကြုံတွေ များများလာ ပြီး အရည်အသွေးတွေ တက်လာမှာ ပေါ့။ ဆုရတာ၊ မရတာက အဓိက မကျဘူးလို့ထင်တယ်။ ဆုရပြီးအဆို တော်ဖြစ်ချင်မှ ဖြစ်တာ။ ဆုမရဘဲ လည်း အဆိုတော်ဖြစ်နေတဲ့ သူတွေ ရှိတာပဲ။ ပြိုင်ပွဲတစ်ခုတည်းနဲ့ အ ရည်အချင်းဆုံးဖြတ်လို့မရဘူး။ 


8Day Journal မှ သိသမျှ ။


No comments:

Post a Comment