Tuesday 5 March 2013

တိုက်တန်းနစ် နောက်တစ်စီး ဆောက်မည်



တကယ်ဆောက်မှာပါ။ Clive Palmer လို့အမည်ရတဲ့ သြစတေးလျနိုင်ငံက နံပါတ် ၆ မြောက် အချမ်းသာဆုံး သတ္တုတွင်း ဘီလျံနာက ဆောက် မှာ ဖြစ် ပါတယ်။

သင်္ဘောနာမည်ကိုလည်း Titanic II လို့ပဲ အမည်ပေးထားပါတယ်။ တိုက်တန်းနစ်  အနောက်မှာ နံပါတ် ၂ ဖြည့်ရုံလေးပါပဲ။ အရွယ်အစား ကလည်း အရင်အတိုင်းပဲ ဖြစ်ပါတယ်။ အရင်တိုက်တန်းနစ်လိုပဲ အင်္ဂလန် ကနေ အမေရိကန် နယူးယောက်မြို့ အထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဇိမ်ခံသင်္ဘောပါပဲ။ အခန်းပေါင်း ၈၄၀ ပါရှိပြီး ၉ ထပ်သင်္ဘောကြီး ဖြစ် ပါတယ်။ အားကစားကွင်း၊ ရေကူးကန်၊ ပျော်ပွဲစားရုံ၊ ဧည့်ခန်းမ အစရှိသဖြင့် ဇိမ်ခံသင်္ဘောတစ်စီးက လိုအပ်တဲ့ အခန်းနဲ့ ပစ္စည်း အားလုံး စုံစုံလင်လင် ပါရှိပါတယ်။

ယခု တရုတ်နိုင်ငံက သင်္ဘောကျင်းတစ်ခုမှာ ကန်ထရိုက်နဲ့ ဆောက် လုပ်နေပြီလို့ ဆိုပါတယ်။ ကျောက်မီးသွေးနဲ့ မဟုတ်တော့ပါဘူး။ ဒီဇယ်လောင်စာကို အသုံးပြုမယ့် သင်္ဘော ဖြစ်ပါတယ်။ အခြားသော အဆင့်မြင့် စက်ပစ္စည်းများကိုလည်း အသုံးပြုမှာ ဖြစ်ပြီး လုံခြုံရေးနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတို့ကို ဦးစားပေး
တည်ဆောက်မယ့် သင်္ဘော ဖြစ်ပါတယ်။

ဒီအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး အကုန်ကျခံလို့ သူဌေး Palmer က တည်ဆောက်မှာ ဖြစ်တယ်လို့ ယခုရက်ပိုင်းအတွင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

International news for myanmar မှ သိသမျှ ။

No comments:

Post a Comment