Thursday 21 March 2013

ဒီဂျေနဲ့ အီလက်ထရွန်နစ်တီးလုံးတွေကို နားထောင်ရမယ့် EDM 2013 အခွေမိတ်ဆက်


မြန်မဒီဂျေတွေနဲ့ အီလက်ထရွန်နစ် အနုပညာရှင်တွေ ဖန်တီးထားတဲ့ EDM 2013 တေးစီးရီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ် ၇ရက်၊ နေ့ခင်း ၃နာရီ က City Star Hote မှာကျင်းပခဲ့ပါတယ်။” EDM 2013 ” အခွေမှာပါဝင်ဖန်တီးထားတဲ့ အနဂ္ဂက ” နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုကိုကြည့်ချင်ရင် အဲဒီနိုင်ငံမှာရှိတဲ့ အနုပညာကိုကြည့်ရတယ်။ အခုဆိုရင်အမေရိကကနေလာတဲ့ Music ကိုကော်ပီလုပ်ပြီး ဒီနိုင်ငံမှာ ဆိုနေကြတာ ဟစ်ဟော့ပ်မှာ အများဆုံးတွေ့ရသလို၊ ရော့ခ်ဘက်မှာလည်းတွေ့ရတယ်။ ကျွန်တော်တို့ အီလက်ထရွန်နစ် လုပ်ကြတဲ့လူတွေက အဲဒီလိုပုံစံမျိုးမဟုတ်ဘူး။ အမေ ရိကကနေပေါက်ဖွားတြဲ့
မူးဇစ်တစ်ခုကို မှီခိုနေတာလည်းမဟုတ်ဘူး” လို့ပြောပါတယ်။ The Best Remixes & Original Mixes of Electronic  dance music ‘EDM  2013′  အခွေကို မတ်လ၁၈ရက်နေ့ Myanmar DJS က ဖြန့်ချိသွားမှာဖြစ်ကြောင်းသိရပါတယ်။




popular myanmar.com မှ သိသမျ ။

No comments:

Post a Comment