Thursday 21 March 2013

Google Keep အမည်ရ Note App အသစ်ထွက်ရှိလာ


ွGoogle ဟာသူတို့ရဲ့နောက်ထပ် ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ မှတ်တမ်းမှတ်ရာများကိုသိမ်းဆည်းထားနိုင်တဲ့ Google Keep အမည်ရှိတဲ့ Note App တစ်ခုကို Google Play ကမှတစ်ဆင့် အခမဲ့ download ပြုလုပ်ခွင့်ကိုစတင်ပေးလိုက်ပါပြီ။ သူ Google Keep ဟာဆိုရင် Evernote နှင့်တစ်ခြား Note App တွေထပ် သုံးရတာပိုမို ပေါ့ပါး ပိုမိုကောင်းမွန်ပြီး ကိုယ့်ရဲ့ Data တွေအားလုံးကိုလည်း ကိုယ့်ရဲ့ google account နဲ့သိမ်းထားပေးမှာဖြစ်တဲ့အတွက် မှတ်စုတွေပျောက်ဆုံးသွားမှာကိုစိုးရိမ်စရာမလိုတော့ပါဘူး။ မှတ်စုအပြင် ဓာတ်ပုံတွေကိုပါသိမ်းဆည်းထားနိုင်ပါတယ်။ iOS အတွက်တော့
အသုံးပြုနိုင်ဦးမှာမဟုတ်ပဲ Android အတွက်ပဲရရှိဦးမှာဖြစ်ပါတယ်။

အေးချမ်းမွန် Facebook မှ သိသမျှ ။

No comments:

Post a Comment