Tuesday 5 March 2013

နန်းခင်ဇေယျာမှ ဂုဏ်ရည်အေးကျော်ထံ သရဖူလက်ဆင့်ကမ်း နိုင်လိုက်တဲ့ Miss Myanmar International 2013



မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ Miss Myanmar International 2013 ပြိုင်ပွဲကို ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်၊ ညနေ၆နာရီက ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) မှာ ကျင်းပပြုလုပ်ခဲ့ပြီး Miss Myanmarကို ရွေးချယ်ခဲ့ပါတယ်။
Miss Myanmar International 2013 ပြိုင်ပွဲဝင် အယောက်၂ဝ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တိုင်း ရင်းသား ရိုးရာဝတ်စုံ၊ရေးကူးဝတ်စုံ၊ ညနေခင်းဝတ်စုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တတ်ကျွမ်းရာ

အနုပညာ တွေကိုလည်းပြသယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။
ပြိုင်ပွဲဝင်တွေရဲ့ တတ်ကျွမ်းရာအနုပညာဖြေဖျော်မှုတွေထဲမှာ ကချင်ရိုးရာတိုင်းရင်းသားအက၊ ရိုးရာသင်္ကြန်အက၊ ကရင်ရိုးရာ အက၊သူငယ်တော်အက၊ ဆီမီးခွက် အက၊သင်္ကြန်ယိမ်းအက၊ မွန်ရိုးရာ အက၊ ရှမ်းရိုးရာအကစတဲ့ မြန်မာ့ယဉ်ကျေးမှုတိုင်းရင်း သားရိုးရာအကတွေကို တွေ့မြင်ခဲ့ရသလို၊ဂစ်တာနဲ့ဖျော်ဖြေမှု၊ရုပ်သေး၊ ကျွမ်းဘား၊ မျက်လှည့်စတဲ့အနုပညာပြသမှုတွေ အပြင် မြန်မာ့ရိုးရာစောင်းတီးခတ်ပြီးဖျော်ဖြေတာကိုလည်း
ပရိသတ်တွေ နှစ် ခြိုက်အားပေးခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် အယောက် ၂ဝကို အနုပညာတတ်ကျွမ်းမှု တွေ၊ အင်္ဂလိပ်မေးခွန်းကို ဖြေဆိုမှုတွေနဲ့ ရွေးချယ် ပြီး ဆန်ခါတင် ၁ဝ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် ၁ဝယောက်ထဲက နောက် ဆုံးအဆင့်၅ ယောက်ကို ရွေးချယ်ခဲ့ပြီး မေးခွန်းကို မဲနှိုက်ကာ ဖြေဆိုစေခဲ့ပါတယ်။ ပရိသတ် ရင်ခုန်သံကို မြန်စေခဲ့သလို အင်္ဂလိပ်လို ဖြေဆိုရာမှာ လည်း ပြိုင်ပွဲဝင်တွေရဲ့ ဘာသာစကား အခက်အခဲကြောင့် ပရိသတ်တွေရဲ့ အားမလိုအားမရဖြစ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးအဆင့် ၅ယောက်က ခါး နံပါတ် ၉ ဇွန်သံစဉ်၊ ခါးနံပါတ် ၄ ဆွီတီကို၊ ခါးနံပါတ်၈သွန်းစုဒြာ၊ ခါးနံပါတ် ၁၇ စံနန်းထိုက်နဲ့ ခါးနံပါတ်၁၈ ဂုဏ်ရည်အေးကျော်တို့ ဖြစ်ပြီးတော့ သူတို့၅ ယောက်ရဲ့ Miss Myanmar ဆု အတွက် ပြိုင်ဆိုင်မှုက ပရိသတ်ကို စိတ်ဝင်စားမှုအမြင့်ဆုံး အခြေအနေ ကို ရောက်အောင် တွန်းပို့ခဲ့ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ MISS MRA ဆုနဲ့ MISS MHA ဆုတွေကို အရင်ကြေညာခဲ့ပြီး MISS MRA ဆုကို ခါးနံပါတ်၎ဆွီတီကို၊ MISS MHA ဆုကို ခါးနံပါတ်၉ဇွန်သံစဉ်တို့ က ဆွတ်ခူးရရှိသွား ခဲ့ပါတယ်။ ကျန်တဲ့သူတွေထဲက Miss Myanmarကို ကြေညာချိန်မှာတော့ စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်ဖြစ်ခဲ့ပြီး ခါးနံပါတ်၁၈ဂုဏ်ရည်အေးကျော်က ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိသွား ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲမှာ Miss Internetဆုနဲ့ Miss People Choice Award ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ကိုယ်တိုင် Miss Myanmar International 2013 ဆုရှင် ဂုဏ်ရည်အေးကျော်ကို သရဖူဆောင်း ပေးခဲ့ပါတယ်။
MISS MHA ဆု1st Runner Up ဆုရှင် ဇွန်သံစဉ်ကလည်း ”တအားလည်းပျော်ပါတယ်။ ပွဲကြီးလည်းဖြစ် နေတော့ တအားလည်းကြောက်မိ တယ်။ MHAနဲ့ ပတ်သက်တဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်လုပ်ဖြစ်သွားမှာ ပါ”လို့ ပြောပါတယ်။
MISS MHA ဆု 2nd Runner Up ဆွတ်ခူးနိုင်ခဲ့သူ ဆွီတီကိုမှ ”ဆုရတယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာ ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်နေတယ်။ မြန်မာနိုင်ငံ ကိုယ် စားပြုရမယ့် ပြိုင်ပွဲကြီးမှာ ဆုရလိုက်တဲ့အတွက် တအားပျော်သလို ဂုဏ်ယူမိပါတယ်။ Myanmar Tourism Federation နဲ့လက်တွဲပြီး ၁နှစ်လောက် လုပ်ဖြစ် ပါမယ်”လို့ပြောပါ တယ်။
Miss Myanmar Inter-national 2013 ပြိုင်ပွဲကို ပြိုင်ပွဲဝင် ဦးရေ ဆန်ခါတင် ၂ဝယောက် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး အသက်၁၈ နှစ်ကနေ ၂၅နှစ်အရွယ်အထိ ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါတယ်




popular myanmar.com မှ သိသမျ ။







No comments:

Post a Comment