Thursday 7 March 2013

စိုးသူ၏ Past & Present ဖျော်ဖြေပွဲ ဝင်ကြေး အခမဲ့


ရုပ်ရှင်မင်းသား အဆိုတော် စိုးသူ၏ Past & Present ဖျော်ဖြေပွဲကို ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲနိုင်စေရန် ဝင်ကြေး အခမဲ့ ဖြစ်ကြောင်း Forever Blossom  မှ မန်နေးဂျင်း ဒါရိုက်တာ ကိုဝင်းသူရလှိုင် က ပြောသည်။
Forever Blossom ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံမှ Index Creative Village တို့ ပူးပေါင်းပြီး ရုပ်ရှင် မင်းသား အဆိုတော် စိုးသူ၏ Past & Present တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို မတ်လ ၃ ရက် ညနေ ၅ နာရီခွဲ က Junction Square (Outdoor Area) တွင် ပြုလုပ်ခဲ့သည်။
စိုးသူက ”ရုပ်ရှင်ဂီတမှာ ကျွန်တော် ၁၈ နှစ်၊ ၁၉ နှစ်၊ သရုပ်ဆောင် အဆိုတော် တေးသံရှင် အနေနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ပါတယ်။ တစ်ကိုယ်တော် စီးရီး ၁၁ ခွေ သီဆို ဖျော်ဖြေခဲ့ပါတယ်။ စိတ်တူ ကိုယ်တူ နဲ့  က အဖွဲ့တွေ နဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့ စီစဉ် ပြီး ဆောင်ရွက်တာပါ”ဟုပြောသည်။
အစီအစဉ် ထုတ်လွှင့် တင်ဆက်မှုနှင့် ပတ်သက်ပြီး Foever Blossom  မှ မန်နေးဂျင်း ဒါရိုက်တာ  ကိုဝင်းသူရလှိုင်က ”Past & Present ဖျော်ဖြေပွဲကို မတ်လ ၃ဝ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ မိုင်ဒါကွင်း မှာ ကျင်းပ ပါမယ်။ MRTV4 နဲ့ ဆက်စပ် ရုပ်သံလိုင်း တွေကလည်း တိုက်ရိုက် ထုတ်လွှင့် သွားဖို့ စီစဉ်ထားပါတယ်။ ကိုစိုးသူ နဲ့အတူ Plus 3 တေးဂီတအဖွဲ့က လည်း ပါဝင် တီးခတ်ပေးမှာ ဖြစ်ပါတယ်။ ကွင်းထဲမှာ လူတစ် သိန်း လောက် ဆံ့တယ်လို့ သိထားပါတယ်။ အကောင်းဆုံးနဲ့ အာမခံချက် အရှိ ဆုံးနဲ့
လုံလုံခြုံခြုံ ပွဲကို ကြည့်ရှု လို့ရအောင် စီစဉ်ထားပါတယ်။
ဒီဇင်ဘာ ၃၁ ရက် နယူးရီးယားညက မိုင်ဒါကွင်းမှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီရှေ့မှာ ပြည်သူ့ ရင်ပြင်မှာ အဆိုတော် ဂျေဆင်မရတ် နဲ့ MTV Exit နဲ့ ပူးပေါင်းပြီး ဖျော်ဖြေ တင်ဆက် ခဲ့ ပါတယ်။ အများပြည်သူ ပါဝင်ဆင် နွှဲနိုင်တဲ့ Public event တွေကို နောင်မှာ Forever Blossom နဲ့ Index Creative Village နဲ့ MRTV-4 ရုပ်သံ လိုင်းကနေ တစ်ဆင့် စီစဉ်ပြီး ကျင်းပ သွားဖို့ နောက်ထပ် ခြေလှမ်း တစ်ခုပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ခိုင်ဝေလွင်


popular news.com မှ သိသမျှ ။

No comments:

Post a Comment