Saturday 29 June 2013

ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း


လူဆိုတာ မိမိဘဝကို တိုးတက်အောင် လုပ်ရင်း ပတ်ဝန်းကျင်ကို ဖြတ်ကျော် ကြရတယ်။ အဲဒီလိုအခါမျိုးမှာ ပတ်ဝန်း ကျင်ကလူတွေကို သင်ယုံကြည် ကြောင်း၊ လေးစားကြောင်း၊ ဂရုစိုက်ကြောင်းကို အခါမလပ် ပြသနေသင့် တယ်။ မိမိရဲ့ ဂရုစိုက်မှုကြောင့် မိမိပတ်ဝန်းကျင်က မိမိကို ဝန်းရံကူညီပေးဖို့ ရှိနေကြမှာ ဖြစ်တယ်။
သူတို့ကို အသိအမှတ်ပြုပါ။ သူတို့ ဆီက သဘောထားတွေ၊ အကြံဥာဏ် တွေကို မှတ်သားရယူပါ။ သူတို့ရဲ့ အစွမ်းအစ တွေကို ဖော်ထုတ်ခွင့်ပြု သလို မိမိအနေဖြင့် အသိအမှတ်ပြု ကြောင်း ကိုလည်း ပြသဖို့မမေ့ပါနဲ့။ ဒီလို စေ့ဆော်မှုကြောင့် ပတ်ဝန်းကျင်ကလူ တွေအနေနဲ့ မိမိအတွက် ထူးထူးချွန်ချွန် ဆောင်ရွက် ပေးချင်စိတ် တွေဖြစ် ပေါ်လာမှာ ဖြစ်တယ်။

မိမိလုပ်ငန်းနဲ့ ဆက်နွှယ်နေသူတွေ ရဲ့အကြောင်းကို တတ်နိုင်သမျှ လေ့လာပါ။ သူတို့နဲ့ပြုံးပြီး ဆက်သွယ်တဲ့ နည်းကိုသုံးပါ။ ဖိနှိပ်ပြီး ခိုင်းစေမှုမျိုး ထက်သူတို့ ကိုယ်တိုင်က စိတ်ပါဝင် စား စွာ ဆောင်ရွက်မှုကို မျှော်လင့်ပါ။
မိမိ ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေကို မိမိက နှုတ်ပိတ်ပြီး ဆိတ်ဆိတ် မနေပါနဲ့။ ချီးကျူးစရာရှိရင် မှတ်မှတ်သားသား ဖြစ်အောင်ကို ချီးကျူး စကားဆိုပါ။ သူတို့ရဲ့ ဝမ်းမြောက် ကြည်နူးမှုက သင့်လုပ် ငန်းကို ထိရောက်စွာ ကူညီပေးနိုင်မှာ မလွဲပါဘူး။ ပတ်ဝန်းကျင်ကို မိမိစိတ် ဆန္ဒလိုက် လျောမှုနဲ့ စေ့ဆော်ခြင်းဟာ ဖိအားပေးခြင်း မျိုးမဟုတ်ပါဘူး။ အလုပ် တစ်ခုကို လုပ်ချင်စိတ်ရှိ လာအောင် စည်းရုံး ဆောင်ရွက် နိုင်ခြင်းသာ ဖြစ်ပါတယ်။
အဆိုအမိန့် တစ်ခုရှိခဲ့တယ်။ အခြားသူများကို အမှန်တကယ် စိတ်ဝင်စားမှု ရှိကြောင်း ပြသခြင်းလောက် ထိရောက် အကျိုးရှိသော အရာမရှိဆိုတဲ့ စကားဖြစ်ပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်က လူတွေကို
မိမိက အမှန်တကယ် စိတ်ဝင် စားကြောင်း ပြသတဲ့နည်းက အခြားသူတွေက မိမိကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့နည်း ထက်ပိုကောင်း ပါတယ်။
မိမိနဲ့ အမြင်၊ အကြည့်တွေ သာမက မိုးနိုင်ရေးအတွက် စကားပြောကောင်း သူတစ်ယောက် ဖြစ်ဖို့ထက် နားထောင် ကောင်းသူ တစ်ယောက် ဖြစ်ဖို့ကပို အရေးကြီးတယ်'' လို့ဆို ထားပါတယ်။ မှန်ပါတယ်။ မိမိသိသလောက် သာမက အခြား သူများရဲ့ သိမှုကိုလည်း နားထောင် တတ်ပါစေ။ စိတ်ရှည် လက်ရှည်နဲ့

အစိုးရ ရုပ်သံသတင်းကို မိုဘိုင်းဖုန်းကနေ ကြည့်နိုင်တော့မယ်


ဒီကနေ့ ဖြစ်ပျက်တာတွေကို နောက်နေ့ ဆိုရင် သိကြရပါပြီ။ ဘာကြောင့်လဲ။
ဒီနေ့ဖြစ်တာတွေကို နောက်နေ့သတင်းစာတွေမှာ ထည့်သွင်းကြလို့ပါပဲ။

သို့သော်လည်း မြန်မာအစိုးရက ဒီကနေ့ဖြစ်ရပ်တွေကို လူအများ သိစေဖို့ ဒီကနေ့ ထုတ်ပြန်မယ့် နည်းလမ်း/အစီအစဉ် ရှိနေပါပြီ။

ဒီအကြောင်း ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ဒီမနက် ရန်ကုန်မြို့ ဆွေးနွေးပွဲတခုမှာ ပြောလိုက်တာပါ။

"လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့က စပြီးတော့မှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ ကြည့်နိုင်အောင် လုပ်မယ်။ ရေဒီယိုအစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ လုပ်မယ်" လို့ ဒုဝန်ကြီးက ပြောပါတယ်။

အဲ ... သူပြောသလို သတင်းဖြစ်ရပ်တွေ ချက်ချင်း သိနိုင်ဖို့ မိုဘိုင်းဖုန်းတော့ လိုပါမယ်။
မိုဘိုင်းဖုန်းလည်း လက်ရှိအရေအတွက်ထက် ပိုပြီး တိုးပွားလာမယ့် အလားအလာ ရှိနေပြီ ဆိုတော့ အစိုးရပြန်ကြားရေးဌာနရဲ့ ခြေလှမ်းတွေက အတော်ဟုတ်နေပြီလို့ ဆိုရပါမယ်။

အိုင်တီခေတ်မှာ အစိုးရပြန်ကြားရေးဌာနလည်း အိုင်တီနည်းနာတွေသုံးပြီး ဒီကနေ့ဖြစ်ရပ်ကို ဒီကနေ့

Thursday 27 June 2013

သူငယ်ချင်း (၈)မျိုး




(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို

ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တဲ့ မိန်းကလေးများ



စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။

စာဖတ်ခြင်းကိုနှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။

စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။

ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။

လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။

အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ

ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ



၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ ( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင် ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။ မှန်တယ်မဟုတ်လား ။

၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။

၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။ အဲဒါတွေကတော့ tremendous , horrendous , stupendous , hazardous တို့ပဲဖြစ်ပါတယ် ။ သင်သံသယမ
ရှိလောက်ပါဘူးနော် ။

Wednesday 26 June 2013

စိတ်ကျန်မာအားတတ်အောင်

၁။ကြိုးစား၍ရှုံးရသည်မှာ ရှက်စရာမဟုတ်၊ရှုံးမည်ကို ကြောက်၍မကြိုးစားခြင်းကသာ ရှက်စရာဖြစ်တယ်။

၂။အချစ်ကိုတော့နှလုံးသားနဲ့ချစ်၊ ဘ၀ကိုတော့ ဦးနှောက်နဲ့ပါတွက်။

၃။ ဒေါသထွက်တဲ့အချိန်ဟာ အမှားအများဆုံးလုပ်မိတဲ့အချိန်ဘဲ။

၎။ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းဟာ လုံးဝမတူပါဘူး။

၅။နှလုံးသားမှာစည်းမရှိဘူး။ ဒါပေမဲ့ အသိစိတ်တံတိုင်းနဲ့တော့ကန့်သတ်ထားသင့်တယ်။

၆။စိတ်ပျက်ရင် အကုန်ပျက်ပြီ။ ဘ၀သည်စိတ်ဓာတ်နှင့်သာရပ်တည်နေပါသည်။

၇။မည်မျှဝေးသောခရီးဖြစ်ပါစေ။ ခြေတစ်လှမ်းဖြင့် စတင်လျှောက်ရမည်ဖြစ်သည်။

၈။မိတ်ဆွေ .... သူတစ်ပါးဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။


၉။ရိုးသားရုံနဲ့မကြီးပွားဘူးနော် .... ကြိုးစားမူလည်ပါဦးမှ။

၁၀။မင်းဘ၀မှာဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ သိဖို့လိုတယ်။

၁၁။ပိုက်ဆံဆိုတာ လိုအပ်တဲ့နေရာမှာသုံးဖို့ ... ဖြုန်းဖို့မဟုတ်ဘူးနော်။

၁၂။သူများရဲ့စိတ်ကိုမပိုင်ပေမဲ့ ကိုယ့်စိတ်ကိုတော့ပိုင်အောင်ကြိုးစားသင့်တယ်။

တရုတ်ဟန်းဆက် ဖြစ်ကြောင်း အလွယ်တကူ သိနည်း


၁။ ၃ မိနစ်အားသွင်းပြီးလျှင် အားပြည့်ကြောင်းပြခြင်း။

၂။ ဖုန်းတွင် တီဗီ၊ Touch screen, Nail cutter, firelighter တို့ ပါရှိခြင်း။

၃။ touch screen ကိုသွားကြားထိုးတံဖြင့် အသုံးပြုနိုင်ခြင်း။

၎။ စာလုံးပေါင်း မှားနေခြင်း။ ဥပမာ - NokLa, blackderry, i-porn, samswag, j-phone

၅။ လေယာဉ်ပျံဖြတ်သွားလျှင် Miss call record လုပ်ခြင်း။

မျှော်လင့်ခြင်းတွေနဲ့ပဲ



တချို့လူတွေက အရမ်းကံကောင်းကြတယ်
နာကျင်မူ တွေ ခံစားပြီးတဲ့အခါမှာ
ကိုယ်ချစ်တဲ့ သူက နားလည်တက်ရင်
သူတို့လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရကြတယ်..။


တချို့လူတွေကျ အရမ်းကံဆိုးကြတယ်......။
ကိုယ်ဘက်က အချစ်တွေ အများကြီး ပေးဆပ်ခဲ့သည့်တိုင်
ကိုယ် ချစ်တဲ့ သူက နားမလည်ချင်ယောင်ဆောင်သွားခဲ့ရင်
သူတို့ အတွက် နာကျင်မူဆိုတာကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရတော့တယ်။


တချို့လူတွေကျ ကိုယ်တိုင် ကံဆိုးမှန်း ကံကောင်းမှန်းမသိကြဘူး
လက်လွတ်ဆုံးရူံမူနဲ့ နာကျင်ရတော့မှာလိုလို

ချမ်းသာစေကြောင်း



၁။ ရန်ပြုတတ်သူတို့အလယ်၌ရန်မပြုကြကုန်ဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၂။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၃။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သောသူတို့အလယ်၌ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သောလူတို့အလယ်၌ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲငါတို့နေနိုင်ကြကုန်၏။

၎။ စိုးရိမ်ကြောင့်ကြဖွယ်ရာတစ်စုံတစ်ခုမျှမရှိဘဲအလွန်ချမ်းသာစွာငါတို့အသက်မွေးနိုင်ကြကုန်၏၊အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှုပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

၅။ အနိုင်ရသူသည်ရန်ကိုပွါးစေ၏၊ရှုံးသောသူသည်ဆင်းရဲစွာနေရ၏၊ကိလေသာငြိမ်းပြီးသောသူသည်

Tuesday 25 June 2013

မလေးရောက် မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း နဲ့ နဝရတ်


ShineEntertainmentကုမ္ပဏီနှင့်မြန်မာနိုင်ငံမှငွေလမင်းရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်း၍စတီးလ်ဖန်တီးထားသည့်ဇာတ်လမ်းဖြစ်ပြီး မလေးရှားနိုင်ငံမှ ဇာတ်ညွန်းနှင့် ဒါရိုက်တာ R.Perakas Rajara  ကမှ ရိုက်ကူးမယ့် ‘မဟာဆန်တဲ့မာယာမျက်နှာဖုံး’ ဇာတ်ကားကို နဝရတ်၊ ဝါဝါ   အောင်၊ဇော်ဇော်အောင်နဲ့အိန္ဒိယသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားများကြုံတွေ့ခဲ့ရတဲ့  ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တဲ့ အတွက်ဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်ထားလဲ ဆိုတာကို နဝရတ်က “အစ်မက ဒီဇာတ်ကားမှာ မြန်မာပြည်ကနေ မလေးရှားမှာသွားပြီးအလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက် အဖြစ် သရုပ်ဆောင်ရမှာ ပါ။ ဒီဇာတ်ကားကို မလေးရှားနိုင်ငံမှာ အစ်မတို့သွား ရိုက်ရမှာ။ ဒါရိုက် တာခိုင်းတဲ့ အတိုင်း အစ်မလုပ် သွားမှာပါ။အစ်မကြိုက်တဲ့ဇာတ်ကို ရိုက်တဲ့ အတွက် အခက်အခဲ တော့ ဖြစ်မှာမဟုတ်ပါဘူး။ မြန်မာလူထုကိုယ်စား၊ တစ်မျိုးသားလုံး ကိုယ်စား ဒီလိုဖြစ်ခဲ့တဲ့ကောင်မလေးရဲ့ ဖြစ်ရပ်မှန် ဇာတ် လမ်းလေးကို ရိုက်ရမှာလည်း ဖြစ်တယ်။ ပြီးတော့ မြန်မာတစ်မျိုးသားလုံး ဒီကားကို ကြည့်ပြီးတော့ ‘သွားချင်ဦး နိုင်ငံခြား’ အဲဒီလိုဖြစ်သွားနိုင်   လောက်တဲ့ ဇာတ်ဖြစ်တယ်။ သင်ခန်းစာပေးတဲ့ ဇာတ်လည်းဖြစ် တယ်။ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ရိုက်ကို ရိုက် သင့်တဲ့ ဇာတ်လည်း ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အမျိုး သမီးတစ် ယောက်အနေနဲ့ယုံယုံကြည်ကြည်နဲ့ သွားရိုက်မယ်” လို့ ပြောပါတယ်။
ဒီဇာတ်ကားလေးကို နိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ မြန်မာအိန္ဒိယ၊အင်ဒိုနီး ရှား၊နော်ဝေး၊

မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်


MIAMI ဆေးရုံးက အရေးပေါ် အလွန် ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲတမ်း ဒီလို လုပ်တတ်ပါတယ် ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်း တစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ် အားသွင်းနေတဲ့ အချိန်မှာပဲ အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ် မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့  အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်
Seconds အနည်းငယ် အကြာလေးမှာ
သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ် မရှိ စီးဝင်ခဲ့ပါတယ် ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန် ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း ဖုန်းဟာ အမှန်တကယ် ပေါက်ကွဲခဲ့ ပါတယ် ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါ

Monday 24 June 2013

ဥာဏ်ပြေးတဲ့မိန်းမ


သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။

ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။

နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ရောက်တဲ့အခါ

Sunday 23 June 2013

Computer ဆက်တိုက် သုံးနေသူများ မျက်စိကို ဘယ်လို ကာကွယ် ထိန်းသိမ်းကြ မလဲ


ယနေ. အိုင်တီ ခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင်

နေကျ ရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်း ခြင်းတို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမ နည်းအောင် .ဘယ်လို ကာကွယ်ကြမလဲ။

အောက်ပါ နည်းလမ်းလေးတွေ ကိုလိုက်နာ ပေး လိုက်ပါ။

နေရာ မှန်ပါစေ

သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူ တာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflect-ion တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာ နှင့်

Saturday 22 June 2013

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်


သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်ကအမျိုးသမီးများခွဲခြားဆက်ဆံ ခြင်းကိုမကြိုက်ကြောင်း ပြောသည်။
”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။ ယောက်ျားတွေ အလုပ် လုပ်နိုင်သလို မိန်းကလေးလည်း အလုပ် လုပ်နိုင် ရမယ်လို့ ထင်တာပဲ။ အဲဒီလိုဖြစ် သင့်တာကြာပါပြီ။ နိုင်ငံတကာမှာလည်း မိန်းကလေးတွေ ရင်ပေါင်တန်းပြီး ရှေ့ ကနေ အမြဲ ရပ်နိုင်တာတွေ ရှိတာပါပဲ”ဟု ၄င်း က ဆိုသည်။
”ဒီးဒီတို့ စဆိုချိန်ကဆိုရင် ပိုဆိုး တယ်။ ဟစ်ဟော့ပ် လိုင်းကိုဆိုတဲ့ မိန်း ကလေး တအား နည်းတယ်။ ဘယ်နေရာ သွားသွား ဟစ်ဟော့ပ် ဆိုရင် အမျိုးသား တွေက များတယ်။ တီးဝိုင်း သမားတွေ လည်းပါတော့ မိန်းကလေးက ဒီးဒီတစ် ယောက်တည်းရယ်။ ခက်ခဲတာပေါ့။ ကိုယ့်သီချင်းကို ကြိုက်မှ ကြိုက်ပါ့မလား။ နယ်ပရိ သတ်တွေ ဆို ပိုဆိုးတယ်။ ဒါပေမဲ့ ပရိသတ်တွေ ကိုယ့်ကို ဆိုစေချင်လို့ကို ငှားတာလေ။ ကိုယ့်သီချင်းကို သိအောင် ဟစ်ဟော့ပ် သီချင်းတွေကို ပရိသတ်တွေ သိအောင် ကြိုးစားပြီး ဆိုလာ ရတယ်။ နောက်ပိုင်း ကျတော့ နယ်တွေမှာ

ဆံပင်အမျိုးအစားအလိုက်ထိန်းသိမ်းရအောင်



တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ဆံပင်၊ ဖြောင့်တဲ့ဆံပင်.. ဘယ်လိုဆံပင်ပုံပဲရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်းစေပါတယ်။

သင့်ဆံပင်သားက အဆီပြန်နေလျှင်

သင့်ဆံပင်က အဆီပြန်ရင် နေ့စဉ် ခေါင်းလျှော်သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက် သီးသန့်ထုတ်ထားတဲ့ ရှမ်ပူမျိုးကို ရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့်ပါတယ်။

သင့်ဆံပင်သားက ခြောက်သွေ့နေလျှင်

မကြာခဏ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ်ဆိုရင် အစိုဓာတ်ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံးသင့်ပါတယ်။

သင့်ဆံပင်သားမှာ အဖြူဖတ်ကပ်နေလျှင်

ဦးခေါင်းမှာ ဗောက်ထနေတာ ဖြစ်နိုင်ပါတယ်။ ဗောက်ပျောက်စေမယ့် ရှမ်ပူမျိုးရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီး ထိရောက်မှု ရှိစေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို

Friday 21 June 2013

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင်


ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း


အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
... သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။


၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ


ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။

ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင်စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက

ဆော့ဖ်ဝဲမလို Youtube ဗီဒီယို အလွယ်တကူ Download ယူနည်း


တကယ် ဘာဆော့ဖ်ဝဲမှ မလိုပါဘူး။ Youtube က ဗီဒီယိုတွေကို အလွယ်တကူ Download ယူလို့ရပါတယ်။ ယူပုံယူနည်းကတော့ -

၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။

၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။

၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါတယ်။

ဥပမာ - ကိုယ်က https://www.youtube.com/watch?v=NG2zyeVRcbs အဲ့ သီချင်းကို ဒေါင်းမယ်ဆိုရင်

ရင်ခုန်သံ စာမျက်နှာပေါ်က အလွမ်းပန်းချီ


မှိုင်းညို့ ညို့ ကောင်းကင်ကြီးအောက်က
တအိအိပြိုဆင်းလာတဲ့ မိုးစက်တွေနဲ့ အတူ
ရင်ဘတ်ထဲမှာလဲ သတိရခြင်းတွေက
ငွေ့ ရည်ဖွဲ့  မိုးစက်တွေအဖြစ်
တအိအိ ပြိုဆင်းလာတယ်

တစ်ရှုးတစ်ထုပ်လို အချစ်မျိုး နဲ့  ကျွန်တော်သူမကို ချစ်ခဲ့တာပါ
အဖြူရောင်စာမျက်နှာမှာ ချစ်သူရဲ့  ချွေးစက်တွေ ပေကျံသွားပါစေ
ချစ်သူအမောပြေရင်
ကျွန်တော် ရိုးသားစွာ ကျေနပ်တယ်
မျှော်လင့်ခြင်းကမ်းခြေမှာ
သတိရခြင်းဒီလှိုင်းတွေက
ိဝုန်းဒိုင်းကျဲလို

ရင်ခုန်သံစာမျက်နှာတစ်ရွက်ပေါ်မှာ
မိုးခါးခါးညတွေနဲ့ 
ကြယ်ကြွေအိမ်မက်တွေ ပေါင်းစပ်ချယ်မှုန်းလိုက်တော့

Wednesday 19 June 2013

မျှော်လင့်ချက်ဖြင့် အသက်ရှင်



 တစ်ခါတစ်ရံ ဘ၀တွင်စိတ်ဆင်းရဲသောကနှင့် တွေ့ကြုံပြီး
 ထွက်ပေါက်မရှိသလိုမျိုး ကြုံတတ်သည် အလင်းရောင်မမြင်ရသည့်
 တွင်းနက်ကြီးထဲးကြနေသလိုမျိုး ခံစားရသည် ။

 မိမိကိုယ်တိုင် တွင်းနက်ကြီးထဲမှ ရုန်းမထွက်နိုင် အပေါ်မှ ဆွဲးတင်ပေးမည့်
 ကယ်တင်ရှင်လည်းမမြင် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းလည်မသိ စိတ်ဆင်း
 ရဲသောကများကြောင့် လုံးပါးပါးနေရပြီး ဒုက္ခနွံတောတွင်း သေလုသေခင်
 မြောနေတတ်သည်

 ထိုအခါမျိုးတွင် မျှော်လင့်ချက်ဖြင့် အသက်ရှင်တတ်ရန်လို၏ ။

 မျှော်လင့်ချက်သည် ဘ၀ကို ရှင်သန်စေနိုင်သောအရာဖြစ်သည် မျှော်လင့်ချက်
 ကောက်ရိုးတစ်မျှင်ဆွဲးမိရုံနှင့် ခွန်အားရရှိရှင်သန်သွားစေနိုင်ပါသည်

 မျှော်လင့်ချက်သည် ဒုက္ခပေါင်းစုံတို့ကို ခံနိုင်စွမ်းရည်ရှိစေနိုင်ပါသည်

 မျှော်လင့်ချက် အလင်းတစ်စရရုံဖြင့် ဘ၀ကို နိုးထစေနိုင်ပါသည်

 မျှော်လင့်ချက်သည် ဘ၀၏ ခွန်အား ဘ၀၏တွန်းအား တစ်စုံလည်းဖြစ်ပါသည်

Tuesday 18 June 2013

အသက်အရွယ်နှင့် အလုပ်အကိုင်

အလုပ်အကိုင် အလွန်ရှားပါးသော ယခုလို ခေတ်ကြီးထဲ ကိုယ့်ဘွဲ့နဲ့ ကိုက်ညီသော အလုပ်၊ ကိုယ်မျှော်မှန်းသော လစာရသည်၊ မရသည်ထက် အလုပ် တစ်နေရာစာ ရဖို့အတွက် မနည်းရှာဖွေ နေရ၏။ ကျွန်တော်တို့ တက်ရောက် ကျောင်းပြီး ခဲ့သော မေဂျာ အဓိက ဘာသာရပ်နှင့် အသက်မွေး ဝမ်းကျောင်းတွေက တစ်ခြားစီပင် ဖြစ်နေသည်။ သို့သော်လည်း ကျောင်းပြီးဘွဲ့ရ၍ အလုပ်မရှိ ပြန်သော်ငြားလည်း ဒီခေတ်ကြီးထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်။ နောက်ဆုံး ရလာတဲ့ အလုပ်ကိုပဲ ဆုပ်ကိုင်ပြီး လခစား ဘဝမှာပဲ ကျင်လည် ကုန်ကြ၏။ တခြား တစ်ခုထက် ကောင်းသော အလုပ်တစ်ခု ကိုလည်း ရှာဖွေရင်းနဲ့ အဆင်ပြေအောင် နေနေရ၏။ တခြားသော အလုပ်တစ်ခုကို ရှာဖွေသော အခါမှာ အသက်ဆိုတဲ့ အပိုင်း အခြားကြီးနဲ့ ကျန်ခဲ့၏။ အသက် အပိုင်းအခြား ဆိုသည့် အရာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ ရှိကြတာ အခြားသော တိုင်းပြည်တွေမှာ အသက်အရွယ်၊ အိမ်ထောင်သည်၊ ကလေးအမေစသည့် တို့ကို လက်ခံ ပေးကြ၏။ ဟိုးယခင်တုန်းက အိမ်ထောင် တစ်ခုမှာ ဖခင် ရှာဖွေလို့ ရသော ဝင်ငွေနှင့် မိသားတစ်စုလုံးစားနိုင်ခဲ့ကြသည်။ ယခုလိုအခါမျိုး မှာတော့ မိသားစု တစ်ခုလုံးရှာဖွေရင်တောင် စားဖို့သောက်ဖို့ကို အလျင် မှီအောင် လုပ်နေကြရ၏။
အလုပ်တော်တော် များများသည် အရည်အချင်းထက်

Sunday 16 June 2013

ပညာပါရမီ ဖေးကူ ဖြည့်ဆည်းပေးရန် လိုအပ်နေသော တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာစုံ ဂုဏ်ထူးရှင်လေး တစ်ဦး



ဇွန် ၈ ရက်က တက္ကသိုလ်ဝင် အောင်စာရင်း ထုတ်ပြန်ခဲ့ရာတွင် ပခုက္ကူမြို့မှ ခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး ပေါ်ထွက်ခဲ့သည်။ ရွှေချောင်းရပ် အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်းမှ တစ်ဦး ပါဝင်ခဲ့သည်။

အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်းသည် ယခုနှစ်၌ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်း အဖြစ် တိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ ကြားသိရသည်။ အမှတ်(၂) အခြေခံ ပညာ အလယ်တန်း ကျောင်းမှ ဘာသာစုံ ဂုဏ်ထူးရှင် မဝသန်ချမ်းမြေ့သည် မြို့သစ်ရပ်ကွက် ဂန္ဓမာလမ်း၌ မိဘများနှင့် အတူ နေထိုင်လျက် ရှိသည်။ နယ်တကာ လှည့်၍ ဈေးရောင်းရသော ဖခင်ကြီး၏ ဖေးကူ ဝင်ငွေနှင့် ဘဝကို ရပ်တည် နေရကြောင်း သိရသည်။

မောင်နှမ သုံးယောက်ရှိပြီး မဝသန်ချမ်းမြေ့သည် အကြီးဆုံးလည်း ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်(၂) အခြေခံ ပညာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများ၏ သင်ကြား ပြသမှု၊ အားပေး ကူညီမှုကြောင့် ဘာသာစုံ ဂုဏ်ထူးရှင် ဖြစ်ခဲ့ကြောင်း သိရ၍ မေးမြန်း စေ့ငုမိရာ ''သမီးက ဆရာဝန်ဖြစ်ဖို့ ရည်မှန်း ထားပါတယ်။ မိသားစု စားဝတ်နေရေးက ကျပ်တည်းတော့ ဆေးကျောင်းတက်ဖို့ ခက်ခဲ နေပါတယ်။ သမီးအောက်က ရှစ်တန်းနဲ့ ငါးတန်းကျောင်းသား မောင်လေးတွေရဲ့ ပညာရေးကိုလည်း

ရှောက်ရေနွေးသောက်ခြင်း၏အကျိုးကျေးဇူးများ


မနက်အိပ်ရာထခါစမှာ ရေနွေးမတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင်
 အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန်

အဖေဆိုတာ


သားယောင်္ကျားလေးမွေးလာရင်
သူထက်သာပြီး အားကိုထိုက်တဲ့ လူဖြစ်စေချင်တယ်။

သမီးမိန်းခလေးမွေးလာရင်
သူ့ဇနီးထက်ပိုသာတဲ့ အမျိုသမီးကောင်းဖြစ်စေချင်တယ်။


သူ့ရဲ့သားအတွက်
ကိုယ့်ရဲ့အသက်ကိုပင် ပဓာနမထားပဲ
သူရဲကောင်းတယောက်လို အင်အားတွေကုန်ခန်းသည့်တိုင်
ရှေ့ကမားမာမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတက်သလို.....။

Saturday 15 June 2013

မျက်နှာပြည့်ဖောင်းသူများ သွယ်လျချင်လျှင်


ခန္ဓာကိုယ် အဆီပိုတွေ လျော့ကျစေဖို့ လေ့ကျင့်ခန်း လုပ်လို့ရသလို မျက်နှာ ပြည့်ဖောင်းမူ
ကင်းဝေးပြီး မျက်နှာ အဆီပိုတွေ လျော့ကျစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ သင့်ပါတယ်။

ရေ အလုံအလောက် သောက်ပါ

ရေကို အလုံအလောက်သောက် တာကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ် စေတဲ့ အဆိပ်အတောက်တွေကို လျော့ ပါးစေပြီး ရေဓာတ်ပြည့်ဝကာ ကျန်းမာစေ ကြောင်း သိရပါတယ်။ မျက်နှာပြည့်ဖောင်း နေတာက ရေဓာတ်ခန်းခြောက်မှုကြောင့် ဖြစ်တတ်ပြီး ရေဓာတ်ပြည့်ဝနေရင် မျက် နှာသွယ်လျကြည့်ကောင်းနေတတ်ပါ တယ်။

အဆီစားသုံးမှုကို လျှော့ချပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ တွေကို စားချင်ရင် တတ်နိုင်သမျှ အပြင် စာကို လျှော့စားပြီး အိမ်မှာ ချက်ပြုတ်ထား တဲ့ အစာကို များများစားပါ။ အိပ်ရာမဝင် ခင် အစာစားတာကို
ရှောင်ပါ။ ဆား အလွန် အမင်းစားတာကြောင့် မျက်နှာဆီကို ရေစုဆောင်းမှုများစေပြီး မျက်နှာဖောင်း အစ်စေပါတယ်။

နံနက်စာကို မဖြစ်မနေ စားပါ

နေ့တစ်နေ့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာနဲ့ စတင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး ကယ်လိုရီလောင်ကျွမ်းမှု များစေပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ သစ်သီးဝလံ စားတဲ့အ တွက် ခန္ဓာကိုယ်ထဲကို

မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်း


မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်းချမ်းချမ်း ကတော့ ပွင့်လင်း လာတယ်ဆိုတဲ့ နေရာမှာ တခြားနေ ရာတွေမှာ ပိုပွင့်လင်း စေချင်တယ်။ စာပေ၊ အနုပညာမှာ ပွင့်လင်းတယ် ဆိုတာက အသိဥာဏ် တိုးတက်လို့ ဖွံ့ဖြိုးတာကို ပိုဖြစ်စေ ချင်တယ်။ ဆင်ဆာရလို့ ဝတ်ချင်တာ ဝတ်မယ်၊ ကိုယ်ရိုက်ချင်တာ ရိုက်မယ်ဆိုတာ ထက် အဲဒီဟာတွေ မပါဘဲ ကောင်း တဲ့ဇာတ်လမ်း တွေဖန်တီးလို့ရပါ တယ်။ အဓိက ကတော့ ကင်မရာ တွေ၊ ကိုယ် Creation လုပ်မယ့် Animation တွေ တိုးတက်လာရင် ပိုကောင်းတယ်။ အနုပညာနဲ့ပတ် သက်ရင် မြန်မာနိုင်ငံမှာ အဆင့်အ ရမ်းနိမ့်တယ်။ ရယ်မယ်ဆိုရင် ကလိ ထိုးရယ်ရတဲ့ ဟာသတွေ၊ သရဲကား တွေဆိုလည်း Animation မနိုင်တဲ့အတွက် ဟာသတွေ ဖြစ်နေ
တယ်။ အဆင့်မီချင်တယ်ဆို ဇာတ်လမ်း၊ ဇာတ်ညွှန်း တွေကအစ သေချာ စိစစ်စေချင်တယ်။ ပြီးစလွယ် နေရာ တွေမှာမ ရိုက်စေချင်ဘူး။ ချမ်းချမ်း ကတော့ မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခုမဖြစ်စေချင်ဘူး။ အခုဆို ကားရုံတင်တယ်။ ထိုင်းနိုင်ငံဆိုတာ မြန်မာနဲ့ သိပ်မခြားဘူး။ ထိုင်းနိုင်ငံကကားကို ဒီမှာတစ်ရက်ပြီးတစ်ရက်တိုးပြီး ကြည့်ရတာ သူတို့က

စိတ်ဓါတ်ရင့်ကျက်လာဖို့


(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?

Friday 14 June 2013

JUNE လအတွက် ဗေဒင်ဟောစတမ်း




တနင်္ဂနွေ ။ ။ အလုပ်အကိုင်အဆင်ပြေမည် ။အိမ်ရောင်းဝယ်ရေး အုပ်ချုပ်ရေး အားကစား အကျိုးဆောင် လုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေး ပစ္စည်းများ အရှုံးပေါ်နိုင်သည် ။ အိမ်ထောင်ဖက်နှင့် စကားများရတတ်သည် ။ဆေးစားမှားပြီ ကျမ္မာရေးထိခိုက်နိုင်ပါသည်။သတိထားပါငွေ ၀င်မလိုနှင့်ထွက်ခြင်း ။ငွေကျပျောက်ခြင်းများ ကြုံတွေ့ မည် ။စနေသားသမီး နှင့်တွဲဖက်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုရမည်။

ယတြာ ။ ။ မွေးနေ့ မနက်တွင် အိမ်ကဘုရားကို အုန်းထမင်း (သို့ ) အုန်းနို့ ဆန်ပြုတ်လှုပေးပါ ။

တနင်္လာ ။ ။ အလုပ်ဆင်ပြေသော်လည်း ထင်သလောက်ငွေမ၀င်ပါ ငွေချေးထားပြီး ပြန်မဆပ်သူများကြောင့် စိတ်ဆင်းရဲနေမည် ။ငယ်ရွယ်သူများ ချစ်သူ၏အထင်လွဲခြင်း ခံရမည် ။မြေ အမွေကိစ္စ စကားများရ တတ်သည် ။ ယုံကြည်ရသူ၏ သစ္စာမဲ့မှုကြောင့် ငွေကြေးများဆုံးပါးတတ်သည် ။ ငွေကုန်ပြီး အကျိုးမရှိသော ခရီးသွားရတတ်သည် ။ ထီ ထီးနာရီ ပျောက်တတ်သည် ။ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာရတတ်သည် ။

ယတြာ ။ ။ အိမ်ကဘုရားတွင် ကျောက်ကျော (၁၅) တုံးလှုပေးပါ ။

အင်္ဂါ ။ ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာပေ လုပ်ငန်းများ အကျိုးပေးမည် ။ ငွေပေးခြင်း ငွေချေးခြင်း ကျောက် ကား ခရီးသွားလုပ်ငန်းများ အဆင်မပြေပါ ။ အိမ်တွင်းရေးအဆင်မပြေတတ် ။ အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည် ။ ပျော်ရွှင်သောခရီးသွားရတတ်သည် ။ အထားမှားသဖြင့် ရွှေပျောက်တတ်သည် ။ ၀မ်းနှင့်ပတ်သက်သော ဝေဒနာ ခံစားရတတ်သည် ။ ငယ်ရွယ်သူများ

Wednesday 12 June 2013

အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ


အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသား အရေ၊ ဆံကေသာ၊ လက်သည်းခြေသည်း တွေ ကြည့်ကောင်းနေစေဖို့ သိထားသင့် တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို သိသမျှ မျှဝေလိုက် ပါတယ်။



ထိန်းသိမ်းနည်း(၁) အသားအရေ ကြေးချွတ် သန့်စင်ပါ 

အမျိုးသား တွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ်သန့်စင် ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန် အမင်း ကြမ်းတမ်း ခြောက်သွေ့ပျက်စီး နေရင် တစ်နေ့တစ်ကြိမ် ကြေးချွတ်သန့် စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင် စေပြီး အသားအရေ စိုပြည်လန်းဆန်း စေပါတယ်။ ဒါ့အပြင် အရေပြား ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည် တင်းရင်း လှပစေပါတယ်။

 ထန်းသိမ်းနည်း(၂) အစိုဓာတ်ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်

 ထိန်းပေးရုံ သာမက လက်သည်း၊ ခြေ သည်းခြောက်သွြေွ့ကပ်ဆတ်နေရင် ရေ နံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ

သာသနာကို ကြည်ညွိုလွန်းလို့ မြန်မာဦးဇင်း ဖြစ်လိုသူ


“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို

အတွေးမှား


ဂျေမီဟာ သူ့အိမ်နီးချင်းရဲ့ အမျိုးသမီး ဖြစ်သူကို ကြိတ်ပြီး သဘောကျနေပါတယ်။ အမျိုးသမီးဟာ
လည်း သူနဲ့ လမ်းမှာ ဆုံတဲ့အခါတိုင်း စွဲမက်ဖွယ်ရာ ပြုံးပြလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ
အိမ်ထောင်ရှိသူဖို့ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာကို ဂျေမီဟာ စဉ်းစားလို့ မရ ဖြစ်နေပါတယ်။
တနေ့မှာတော့ ဂျေမီ တစ်ယောက်တည်းနေတဲ့ တိုက်ခန်းကို သူစွဲလန်းနေတဲ့ အမျိုးသမီး ရောက်ရှိ
လာပါတယ်။

ဂျေမီ - ဟိုင်း

အမျိုးသမီး - ဟိုင်း

ဂျေမီ - ကျွန်တော် ..ဘာများကူညီ ပေးရမလဲ။

အမျိုးသမီး - ဟုတ်ကဲ့။ ရှင့်ဆီက အကူအညီ တစ်ခုလောက် လိုချင်လို့ပါ။ (စွဲမက်ဖွယ်ပြုံးလျက်)

ဂျင်မီ - ဟိုး .. နတ်သမီးလေး အတွက်ဆိုရင် အဆင်သင့်ပါပဲဗျာ။

အမျိုးသမီး - အို .. ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင်။ ကျွန်မက ဖွင့်ပြောလိုက်ပြီး

Tuesday 11 June 2013

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

အိပ်စက်ခြင်းနှင့်အတူ အံ့ဩဖွယ်ရာအချက် (၁၁)ချက်



(၁)အသက်ရှင်ရန် အိပ်ပါ

အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။

(၂)အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ

ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

(၃)နွားနို့သောက်ပါ

Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

(၄)ငှက်ပျောသီး စားပါ


ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့
အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်

လက်ဦးဆရာ


အုပ်ထိန်းသူ မိဘတစ်ဦးနဲ့ ကျွန်မ ခင်မင်ရင်းနှီး ပါတယ်။ သူ့သမီးက သတ္တမတန်း တက်နေပြီး စာတော်ရုပ်ချော သူဖြစ်ပါတယ်။ သမီး အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ရည်းစား ထားမှာ၊ ကျောင်းစာ ထိခိုက်မှာကို သူစိုးရိမ် ခဲ့တယ်။ ဒါကြောင့် သမီးအလယ်တန်း တက်တာနဲ့ သူတင်း တင်းကြပ်ကြပ် စောင့်မတ် ခဲ့ပါတယ်။ အိမ်ကို ကောင်လေး တစ်ယောက်ယောက် ဖုန်းဆက်လာရင် သူစစ်ဆေးမေးမြန်း ပါတယ်။ ကျောင်းဆင်းလို့ သမီးအိမ်ပြန်နည်းနည်း နောက်ကျရင် စစ်ပါတယ်။ ဒါတင်မက သမီးပြောတာ ဟုတ်မဟုတ် ဆရာမဆီ ဖုန်းဆက်ပြီး အဖြစ်မှန်ကို မေးမြန်းပါတယ်။ ဒါကြောင့် သူ့သမီးနဲ့သူ့ရဲ့ ဆက်ရေးက နွေးထွေး မနေဘဲ အမြဲတင်းမာ အေးစက် ခဲ့ပါတယ်။ အဲဒီ အုပ်ထိန်းသူက သမီးရဲ့ အသွားအလာကို ခြေရာ ခံနိုင်ဖို့၊ သမီးရဲ့လုံခြုံစိတ်ချရေး အတွက် သမီးကို ဖုန်းတစ်လုံး ဝယ်ပေးခဲ့တယ်။ နောက်တော့ သမီးရဲ့ဖုန်းကိုတိတ်တဆိတ် စစ်ဆေးကြည့်ခဲ့တယ်။ ကောင်လေး တချို့နဲ့ သမီးခင်ခင်မင်မင် ရင်းရင်းနှီးနီးဆက် သွယ်ထားတာကို တွေ့တော့ မိခင်ဖြစ်သူဟာ စိတ်တိုဒေါသထွက်ပြီး ဖုန်းကိုပြန်သိမ်းခဲ့တယ်။
ဖုန်းအသိမ်းခံရလည်း သမီးမှာနည်းရှိတယ်။ နောက်တစ်နေ့မှာ အတန်းဖော်သူငယ်ချင်းရဲ့ဖုန်းကို ငှားပြန်လာခဲ့တယ်။ ငှားလာတဲ့ဖုန်း အသိမ်းပြန်ခံရတော့ သမီးဟာ ကျောင်းဆင်းချိန်မှာ တခြားသူရဲ့ဖုန်းကိုငှားပြီး ဖုန်းအသိမ်းခံရတဲ့အတွက် သူစိတ်တိုကြောင်း၊ ည အိမ်ပြန်မလာတော့ကြောင်း သူ့မိခင်ဆီမက်ဆေ့ပို့ခဲ့တယ်။ အဲဒီနောက် ဖုန်းအဆက်အသွယ် မရခဲ့တော့ဘူး။ သမီးအိမ်ပြန်မလာတော့ မိခင်ဖြစ်သူက တစ်ညလုံးစိတ်ပူပြီး အိပ်မပျော်တော့ဘူး။
မိခင်ဖြစ်သူဟာ နောက်တစ်နေ့မနက်စောစောမှာ သမီးရဲ့ကျောင်းရှေ့ကိုသွားပြီး သမီးကျောင်းအလာကို သွားစောင့်နေခဲ့တယ်။ မနေ့ညတစ်ညလုံး သမီးဘယ်သွားခဲ့သလဲဆိုတဲ့အတွေးနဲ့ စိတ်တိုဒေါသထွက်ပြီး သမီးရဲ့အတန်းပိုင်ဆရာမကို သွားရှာပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ အတန်းပိုင်ကတဆင့် ကျောင်းအုပ်ကြီးဆီရောက်သွားပြန်တယ်။ ကျောင်းအုပ်ကြီးက

သာဓုပါဦးတေဇ- မလေးပြန် မြန်မာတွေ လေယာဉ်အခမဲ့စီးနိုင်ပြီ

 
မလေးရှားကမြန်မာတွေကို ဦးတေဇက လေယာဉ်နဲ့ အခမဲ့ခေါ်ပေးမဲ့အပြင် ပြည်တွင်းမှာပါ အခမဲ့လေယာဉ်စီးခွင့်ပေးမယ်။

မလေးပြန်မြန်မာများအတွက်အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်
အဲပုဂံကမလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါကသက်ဆိုင်ရာဒေသ
များသို့ သွားရောက်နိုင်ရန်အတွက်အဲပုဂံလေကြောင်း လိုင်းများတွင်အခမဲ့စီးနင်းခွင့်ပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်

သူဌေးကြီးဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်ဖြစ်ကြောင်း Air Bagan Facebook စာမျက်နာတွင်အောက်ပါအတိုင်း ကြေငြာထားသည်။
မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။
မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက်

ဆယ်တန်း ကျော်ဖြတ်ခဲ့သူတို့အတွက် အမှာစာ


ညီငယ်၊ညီမငယ်လေးတွေ အရွေးမမှားစေဖို့ တတ်သိသလောက် ရေးသား မျှဝေ လိုက်ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ၁၀ တန်းအောင်စ ကလေးငယ်များ ရှိရင် ဒီစာကို လက်ဆင့်ကမ်း မျှဝေပေးစေလိုပါတယ်။ ဒီတော့ စာကို ၁၀ တန်းအောင်တဲ့ ကလေးတွေဖတ်လို့ နားလည်အောင်ပဲ ရေးပါရစေ။


ညီငယ်၊ ညီမငယ်တို့  ..

၁၀ တန်းအောင်စာရင်းထွက်တော့ ထွက်ပြီ။ ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါကြတုန်း။ ညီငယ်၊ ညီမငယ်တို့ရဲ့ ကောင်းသတင်းတွေအတွက် ကိုကြီး တကယ်ဝမ်းသာပါတယ်။ လောလောဆယ် မအောင်တဲ့ ညီငယ်တွေကို အကို အရင်နှစ်သိမ့်ပါရစေနော။

ကျရှုံးသော ညီငယ်၊ညီမငယ်တို့ရေ -

ညီငယ်၊ညီမငယ်တို့ ဘာဖြစ်လို့ စာမေးပွဲကျတာလဲ။ စာနားမလည်လို့လား၊ စိတ်မဝင်စားလို့လား၊ ကျူရှင်မတတ်နိုင်လို့လား။ အဲ့အချက် ၃ ခုလုံးက ဖြေရှင်းလို့ရတယ်နော။ ဥာဏ်ထိုင်းနေလို့ပါဆိုတဲ့ အကြောင်းပြချက်တော့ လာမပေးနဲ့။ ကိုကြီးတို့လည်း ထမင်းပဲစားတာ။ ထမင်းမှာ ရွှေမပါဘူး။ ငွေမပါဘူး။ အသက်ကိုလည်း နှာခေါင်းနဲ့ပဲ ရှူတယ်။ ပေကပ်ပြီး ပါးစပ်နဲ့ လည်း ရှူပါတယ်လို့ ရွဲ့ မနေနဲ့အုံး။ တစ်နှစ် ကျထားပြီ။ အချို့ ဆိုရင် မကဘူးထင်တယ်။ ၁၀ တန်း စာမေးပွဲက ညီတို၊ညီမတို့မြန်မာပြည်မှာ နေနေသေးသရွှေ့  အပြင်ထွက်လို့ရမယ့် တံခါးပေါက်ပဲကွ။ ဥပမာ ၁၀ တန်းအောင်ရင် တက္ကသိုလ်တက်ရမယ်။ ပျော်ရမယ်။ ကဲရမယ်။ အဲ့လိုလည်း အချို့ တွေတွေးထားတယ်ဟုတ်။ ဒါဆို ဘာဖြစ်လို့ စာမကြိုးစားတာလဲ။ ဘီလ်ဂိတ်ပြောတယ်လေ။ ဆင်းရဲပြီးမွေးလာတာ မပြစ်မဟုတ်ပေမယ့် ဆင်းရဲပြီးသေရင် အပြစ်တဲ့။ ဒီလိုပဲ ဆင်းရဲတာက အပြစ်မဟုတ်ဘူး။ စာမလုပ်တာက အပြစ်နော။ ဥာဏ်ထိုင်းပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့

နိုင်ငံခြား ဘာသာစကားများ လေ့လာသင့်သည့် အကြောင်း


၁။ ကမ္ဘာ၏ ဖြစ်စဉ်ပြောင်းလဲမှုကို ပိုမိုနားလည်နိုင်ရန်

၂။ အလုပ်အကိုင်အခွင့်အလမ်း မြင့်တင်ရန်

၃။ နိုင်ငံတကာ ကောလိပ်/တက္ကသိုလ် တက်ရောက်ခွင့် လွယ်ကူရန်

၎။ ကမ္ဘာ့အလည်အပတ်ခရီးတွင် ပိုမိုနားလည် ခံစားနိုင်ရန်

၅။ ဦးနှောက်အလုပ်လုပ်စေပြီး ကျန်းမာနေစေရန်

၆။ မှတ်ဥာဏ်ဖွံ့ဖြိုးတိုးတက်ရန်

၇။ တွေးခေါ်ရ လွယ်ကူစေရန်

၈။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မြင့်တင်ရန်

၉။ ကိုယ့်ကိုယ်ကို ပိုမိုနားလည်စေရန်

Samsung တို့ ဘာလုပ် Galaxy လို့ အမည်ပေးသလဲ (ဝါ) ဘာလို့ အမျိုးအစား များများ ထုတ်လဲ


ယခု မြန်မာပြည်က User တွေ Complaint တက်နေတဲ့ အကြောင်းလေးပေါ့။ "Sasmung က ထုတ်ပဲထုတ်နိုင်လွန်းတယ်။ လုပ်စားတယ်။ Quantity ကိုဦးစားပေးတယ်" အစရှိသဖြင့်ပေါ့။ အဖြေက ဒီလိုပါ။

Samsung တို့ Android Device World ကိုဝင်လာတော့ Galaxy ဆိုတဲ့အမည်ကို အသုံးပြု ပါတယ်။ အမည်ရဲ့  အဓိပ္ပါယ်ကိုကလည်း Galaxy ပါ။ စင်္ကြာဝဌာကို ခြုံလွမ်းထားတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးပေါ့။ ဒီတော့ ဂလက်ဆီက ကြယ်တာယာ အသိုက်အဝန်းလိုပဲ မိသားစုဝင်ခပ်များများ၊ အမျိုးအစား ခပ်များများ ထုတ်လုပ်ပြီး တစ်နေ့ အိုင်တီထုတ်ကုန်လောကမှာ စင်္ကြာဝဌာကြီးလို လွမ်းမိုးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီး ဖြစ်ပါတယ်။

ဒီတော့ Samsung Galaxy S3 ထွက်ပြီး လပိုင်းအတွင်း Samsung Galaxy Note 2 ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy S3 Mini ထွက်ပါတယ်။ ပြီးတော့ Samsung Galaxy Grand, Samsung Galaxy Tab 2, Sasmung Galaxy Camera ယခုနောက်ဆုံး Samsung Galaxy S4 အပြင် Samsung Galaxy S4 Active ပါထပ်ထွက်လာပါတယ်။ ဒါတောင် High end device တွေကိုပဲပြောတာပါ။ Low End User တွေ အတွက် ဈေးသက်သက်သာသာနဲ့ ကိုင်လို့ရအောင်ဆိုပြီး ၃ လ တစ်ခါနီးပါးထွက်ရှိနေတဲ့ စမတ်ဖုန်းတွေတောင် မပါသေးပါဘူး။ Samsung Galaxy Note 3 ကလည်း

Monday 10 June 2013

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရတဲ့ Version


Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း

အနုပညာရှင် တင့်တင့်ထွန်း(သို့) ဒေါ်နန္ဒမာလာ အကြောင်းတစေ့တစောင်း {သတင်း/ဓါတ်ပုံ}

တချိန်က သရုပ်ဆောင်၊ အဆိုတော် တင့်တင့်ထွန်းတယောက် အခု ဘာလုပ်နေလဲ။ ဒီကနေ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ နာရေးကူညီမှု အသင်း ( ရန်ကုန်) က သရုပ်ဆောင် ဦးကျော်သူက အခုလို ရေးသား တင်ပြလာပါတယ်။ ဧရာဝတီက ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 


မြတ်ဗုဒ္ဓ၏ သမီးတော်

တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင် သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ 
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ 
၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။

ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ 
တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ်

Sunday 9 June 2013

ချစ်တာနဲ့ မေတ္တာ



-ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
  

- ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို အရင်းခံပါတယ်။
- သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။
- ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲ ဖြစ်ပါတယ်။
- ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သဝန်တိုတာ စတာတွေဟာ အချစ်ရဲ့ သင်္ကေတ သဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊ အန္တရယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့ သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ အပူနဲ့ အအေးလို ကွားခြားလှပါတယ်။
- ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက် ပူလောင်စေပြီး မေတ္တာကတော့ အကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေပါတယ်။
- အချစ်တွေသိပ်များရင် အပြစ်တွေလည်း သိပ်ပွားစေတတ်ပေမယ့် မေတ္တာတွေ များနေရင်တော့ သစ္စာတရားတွေနဲ့ ငြိမ်းချမ်းမှုအားတွေကို ဖြစ်စေတတ်ပါတယ်။
- အချစ်ကို ရှေ့တန်းတင်ထားရင် ကိုယ်ကချစ်လိုက်ချင်တာရယ်၊

အကြင်နာပေါင်း ရှစ်သောင်း လေးထောင်


- မေတ္တာဆိုတာ တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော
တကယ်လည်း ရွက်ဆောင်ပေးချင်တဲ့ သဘောပါ။

- ကရုဏာဆိုတာ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တဲ့သဘော၊တကယ်လည်း
ဖယ်ရှားပေးနေတဲ့သဘောပါ။

- မုဒိတာဆိုတာ တစ်ဖက်သားရဲ့ ပြည့်စုံမှု ၊အဆင်ပြေမှု ကံကောင်းမှုကိုဝမ်းမြောက်တဲ့သဘော
ကျေနပ်တဲ့သဘောပါ။

- ဥပေက္ခာဆိုတာ တစ်ဖက်သားရဲ့ ကိုယ့်အပေါ်ပြစ်မှားမှု ၊ထိပါးမှုတွေကိုအပြစ်မယူဘဲ ကြည်ကြည်
ဖြူဖြူ ခွင့်လွှတ်ကြေအေးတဲ့သဘောပါ။

တိုတိုရှင်းရှင်း ပြောရရင်
မေတ္တာဆိုတာ - ကူညီခြင်း တရား
ကရုဏာဆိုတာ - ကြင်နာခြင်း တရား
မုဒိတာဆိုတာ - ကျေနပ်ခြင်း တရား
ဥပေက္ခာဆိုတာ - ခွင့်လွှတ်ခြင်း တရား ပါပဲ
အများအကျိုး သယ်ပိုးရွက်ဆောင်တဲ့နေရာမှာ ရှေ့တန်းက မြင်သာထင်သာ အလုပ်လုပ်နေတာက
မေတ္တာတရားဆိုတဲ့ ကူညီခြင်းတရားပါ။

ဒါပေမဲ့ အဲဒီမေတ္တာတရားက အများကို ကူညီဖြစ်အောင်နောက်ကွယ်ကနေ ပုန်းလျှိုးကွယ် လျှိုး နှိုးဆော် တိုက် တွန်းနေသူ ကတော့ ကရုဏာတရားဆိုတဲ့ ကြင်နာခြင်းတရား ၊ အကြင်နာ တရားပါပဲ။
အကြင်နာတရား အားနည်းရင် အများကို

သေးသေးငယ်ငယ် (နည်းနည်း) ပဲ ကူညီဖြစ် ပါတယ်. အကြင်နာတရား အားများရင် အများကို ကြီးကြီးကျယ်ကျယ် (အများကြီး) ကူညီဖြစ်ပါတယ်။

အကြင်နာတရား အားကောင်းလေလေ အများကို ပိုပြီး ကူညီလေလေပါဘဲ
အကြင်နာတရား လုံးဝမရှိတဲ့သူဟာ

" O " သွေးပိုင်ရှင်များ


အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့

ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့

အသားအရေ ကောင်းခြင်းအတွက် သခွားသီး



သခွားသီးဟာ မြန်မာ လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ ပြောရင်လည်း မမှားပါဘူး။

သခွားသီး အစိမ်းကို သုပ်စားကြသလို၊ ထမင်းဝိုင်းမှာ ငါးပိ ရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံး တတ်ကြပါတယ်။ အကင်ဆိုင် တွေမှာ သခွားသီးကို အရှည်လိုက် လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံး လာတတ်ကြပါတယ်။

တချို့ အိမ်ရှင်မတွေ ကတော့ သခွားသီးကို အသားဟင်း ချက်တဲ့ အထဲမှာထည့်ပြီး ချက်တာပဲ ဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ် ပေးပါတယ်။

ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်း ငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက် လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ် မအားလပ်သူ တွေနဲ့ သဘာဝ ပစ္စည်းများ တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ် ကြပါတယ်။

သခွားသီးဟာ စားသုံးလို့ ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက် အကူပေးတဲ့ အသီး တစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင် အနှံ့ ကပ်ပေးရင် အသားအရေကို

Saturday 8 June 2013

ဘယ်လိုမှ အသုံးမကျတဲ့နှင်းဆီကို ထားရစ်ခဲ့ပြီ


အလွမ်းအဆွေးသီချင်းတွေကို ရေးဖွဲ့လေ့ရှိတဲ့သူ၊ အောင်မြင်မှုများစွာရရှိတဲ့သီချင်း များစွာကို ရေးသားခဲ့တဲ့သူ …
တေးရေးဆရာကေအေတီ၊ ကဗျာဆရာကျော်အောင်သစ် ….အနုပညာသမားတစ်ယောက်  …. သူ့အနုပညာတွေကို ချန်ရစ်ပြီး ဇွန်လ ၁ရက်နေ့က
လူ့လောကကို နှုတ်ဆက်သွားပါတယ်။

      သူ့အနုပညာခံစားချက်နဲ့ ဘ၀ပုံရိပ်တချို့ကို စာရေးဆရာမောင်ကိုကို(အမရပူရ) ရေးသားထားတဲ့ ဘာကိုမှမကြောက်သူများ စာအုပ်ထဲကနေ  ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

    သီချင်းရေးဆရာကေအေတီကို ရန်ကုန်မြို့မှာမွေးဖွားသည်။
ကေအေတီ၏ မွေးရက်စွဲမှာ ၁၉၆၆၊ ဧပြီ ၁၈။
ကေအေတီ၏ နာမည်ရင်းမှာ ကျော်အောင်။
ကေအေတီ၏ မိဘနှစ်ပါးမှာ မော်လမြိုင်ဇာတိ။

    ၁၉၈၂မှာ သူဆယ်တန်းအောင်၏။  ပထမနှစ်၊ ဒုတိယနှစ်ကို မုံရွာဒေသကောလိပ်မှာ တက်သည်။  တတိယနှစ်ကို မန္တလေးတက္ကသိုလ်မှာ ပညာသင်ကြားရ၏။  “၁၉၈၅ မှာ ကျွန်တော်မန္တလေးတက္ကလိုလ်စရောက် တယ်” ကေအေတီ ပြောသည်…။

         လူပုံအလယ်မနေချင် ငါတစ်ယောက်တည်းပဲ
        ရင်ခုန်သံအသေတွေကိုဖြန့်ကြဲပြီး အခန်းငယ်ထဲ
        ကလေးတစ်ယောက်ရဲ့ဘ၀မှာ  စိတ္တဇလိုရောဂါရင့်စေတယ်….

ကေအေတီသည် ကဗျာဖတ်ရင်း၊ ကဗျာစပ်ရင်း၊ ဂစ်တာတီရင်း၊

Thursday 6 June 2013

ခြေင်္သေ့ထိန်း Kevin နှင့် လျှို့ ဝှက်ချက်


Zoologist တစ်ဦးဖြစ်တဲ့ Kevin Richardson ဟာ ခြေင်္သေ့ပဲ ထိန်းနိုင်တာ မဟုတ်ပါဘူး။ မိကျောင်း၊ ကျားသစ်၊ ဝံပုလွေ၊ မြွေတို့အပြင် အခြားသော တိရစ္ဆာန်ပေါင်းများစွာနဲ့လည်း ရင်းရင်းနှီးနှီးနေနိုင်သူ ဖြစ်ပါတယ်။
အခြား လူများလို တုတ်၊ဓား၊ သံကွင်း၊ ပုဆိန်တို့လို လက်နက်ကို အသုံးမပြု ပါဘူး။ သူ့လက်နက်ကတော့ နှလုံးသားပဲလို့ ဆိုပါတယ်။ တိရစ္ဆာန် တစ်ကောင်ကို စချဉ်းကပ်ဖို့အတွက် သူ့အနေနဲ့ မျက်လုံးကို အရင်ကြည့်ပြီး စိတ်ဆိုးလား၊ ရန်လိုလား၊ သိမ်မွေ့လားဆိုတာတွေကို မျက်လုံးကြည့်ပြီး ဆုံးဖြတ် သွားတာ ဖြစ်ပါတယ်။
တိရစ္ဆာန်အနေနဲ့လည်း သူ့ကိုကြည့်လိုက်ရင် ရန်လိုစိတ်ပျောက်ပြီး တရင်း တနှီး နေရလောက်တဲ့အထိကို ရင်းနှီးသွားပါတယ်။ ခြေင်္သေ့တွေနဲ့ ညဘက်တွေလည်း အတူတူအိပ်ပါတယ်။ အတူတူ ကစားပါတယ်။ သွားပါတယ်။ သူ့ကို အချို့ ကလည်း မိုက်ရူုးရဲတယ်လို့ ဆိုကြပါတယ်။ ယနေ့အချိန်အထိတော့

Wednesday 5 June 2013

ဘာသာမဲ့တို့ သေလျှင် မည်သည့်ဘုံ ရောက်မည်နည်း


 “ဘယ် ဘာသာတရား ကိုမှ မကိုးကွယ်တဲ့ သူတွေ သေရင် ဘယ်ရောက်မှာလဲ၊ သူတို့ကို ဘယ်ပုဂ္ဂိုလ်တွေက အဆုံးအဖြတ်ပေး မှာလဲ၊ ကောင်းတဲ့ ဘုံရောက်လား၊ ဒါမှမဟုတ် ငရဲရောက်မှာလား၊ သူတို့ကို ဘယ်ဟာက ဆုံးဖြတ်ပေးမှာလဲ”

ယင်းအတွက် ပြီးပြည့်စုံသောအဖြေကို ဗုဒ္ဓဘာသာတွင် ရှာတွေ့နိုင်ပါသည်။

ပထမဦးစွာ သေခြင်းအကြောင်းကိစ္စကို ရှင်းရမည်။

သေသည် ဟူသည် မရဏ၊ ရုပ်ကော၊နာမ်ကော ချုပ်ငြိမ်းခြင်း။ ခေတ် စကားအရ ရှင်းရှင်းပြော ရလျှင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမှုမရှိ၊ အတွင်း ဦးနှောက်၊ နှလုံးတို့လည်း လည်ပတ်သည့် အခြေအနေမှ ရပ်တန့်ခြင်း ဖြစ်သည်။

ယင်းနောက်ကွယ်တွင် မည်သည့်အရာများ ရှိသနည်း။ သေပြီးလျှင် ဘာဖြစ် သနည်း။ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ သေသော သူသည် ပထဝီမြေကြီး အတွက် အထောက်အပံ့သာ ဖြစ်သွားရသည်။ အရိုးစုများ ကြွင်းကျန်၍ နောက်ဆုံး အားလုံး ပျောက်ကွယ်သွားသည်။ ဒီတော့ သူသည် ဘယ်မှာ လဲ။ ဘယ်မှာမှ မရှိတတော့ပါ။ ရုပ်ကော၊ ခန္ဓာပါ  ဤနေရာတွင် တစ်ခါတည်း ချုပ်ငြိမ်းသွားသည်။ ထို့ကြောင့် လူဝင်စားလည်း မရှိ၊ နတ်ဝင်စားလည်း မရှိ။ အများစု မှားယွင်းသော အယူအဆက လူဝင်စားသည်။ တိရစ္ဆာန်ဝင်စားသည် အစရှိသဖြင့် စွဲလမ်းနေခြင်း တစ်ချက်ပင်။

အလွယ်ကူဆုံး ဥပမာ ကိုလည်း မြတ်စွာဘုရားဟောကြားခဲ့ဖူးသည်။ ဂူတစ်ဂူတွင်

ကလေးတို့အတွက် မင်းသားတွေ ဘောလုံးကန်မယ်



အထင်ကရသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့  ဘိုင်စကုပ်မင်းသားများဘောလုံးအသင်းက ပုသိမ်မြို့မှာရှိတဲ့ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေရဲ့ ရန်ပုံငွေအတွက် တနင်္ဂနွေနေ့မှာ ဘောလုံးကန်ပါတော့မယ်။

ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေရံပုံငွေအတွက် မင်းသားတွေ ဘောလုံးကန်ကြမယ်မင်းသားတို့ရဲ့ ပြိုင်ဘက်အသင်းကတော့ဧရာဝတီOldStars(တိုင်းလက်ရွေးစင်ဟောင်းများ ဘောလုံးအသင်း)ဖစ်ပါတယ်။ “ရလာတဲ့အကျိုးအမြတ် အားလုံးကို ဘာသာလူမျိုး မခွဲခြားဘဲ လှူဒါန်းသွားမှာပါ” လို့ ဧရာဝတီ Old Stars အသင်း အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ဧရာဝတီ Old Stars အသင်းအနေနဲ့ ခုလို မိဘမဲ့ကလေးတွေ ရံပုံငွေရရှိအောင် ကိုယ်တတ်စွမ်းသလောက် ကူညီခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။
ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးက မိဘမဲ့ကလေးတွေအတွက် ရုပ်ရှင်သရုပ်ဆောင်တွေက စာနာနားလည် ကူညီပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်” လို့

‘အထက်’ ကတဲ့လား ….




ကျွန်တော်တို့ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူ လူထုတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုပြီး သီလလုံခြုံစွာဖြင့် အနစ်နာခံ ပေးဆပ်မှု စေတနာတရားများအား ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များကို ယခင့်ယခင် အစိုးရလက်ထက် များ ကတည်းက တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော်တို့ ပရဟိတသမားများသည် နိုင်ငံရေးပါတီ ဖွဲ့စည်း တည်ထောင်ထားသော နိုင်ငံရေးသမားများမဟုတ်၊ နိုင်ငံ့အရေး ပြည်သူ့အရေးကိစ္စများကို အစိုးရအား အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနေသော စေတနာရှင်များ သက်သက်သာ ဖြစ်ပါသည်။ နိုင်ငံတော်အား ဆူပူမှုကို လှုံ့ဆော်ကြသူများမဟုတ်၊ နိုင်ငံတော်အာဏာအား လိုချင်တက် မက်ကြသောသူများလည်းမဟုတ်။ ပြည်သူလူထုတို့အားလည်း စည်းရုံးရေးဆင်းရန်မလို၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြသော ပရဟိတသမားများသာဖြစ်သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြေဝပြောမှုကိုသာ လိုလားကြသော စေတနာ ရှင် မေတ္တာရှင် ပေးဆပ်ကြသူများသာဖြစ်သည်။
တစ်ချိန်က … ဆရာတော်ကြီးတစ်ပါးမှ မြို့နယ်တစ်ခုတွင် တရားပွဲဟောကြားမှု ပြုရာတွင် ဤ တရားပွဲမှရရှိသော အလှူငွေများကို ကျွန်တော်တို့၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ ကြုံတွေ့နေရ သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် အကူအညီများကို အခမဲ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမည်ဟု ကြေငြာပြီး ကျွန်တော့်အား

အသိပေးအကြောင်းကြား ခဲ့သောကြောင့် ထိုနေ့ညတွင် ကျွန်တော်နှင့် အလုပ်အမှုဆောင်အချို့သည် တရားပွဲကျင်းပသည့် မြို့နယ်သို့ သွားရောက်ခဲ့ကြသည်။ လမ်းခုလပ်၌ ကျွန်တော့်ထံသို့ တယ်လီဖုန်းဝင်လာသည်။ “ဦးကျော်သူ ခင်ဗျာ … ကျွန်တော်တို့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကပါ။ ဆရာတော်ကြီးရဲ့ အလှူငွေလှူဒါန်းခြင်း အစီ အစဉ်ပျက်သွားပါပြီ” ဟူ၍ ဝမ်းနည်းကြေကွဲစွာ ဆက်သွယ်လာသည်။ ဘာကြောင့်နည်းဟု ကျွန်တော်မှ ပြန်လည်မေးမြန်းခဲ့ရာ … “မြို့နယ်အာဏာပိုင်အဖွဲ့မှ လှူခြင်းလှူ ကျော်သူတို့အဖွဲ့ကို မလှူရဘူး သူတို့ ဖွဲ့စည်းထူထောင်ထားတဲ့ အင်အားကြီး အဖွဲ့ကြီးအား လှူရမယ် အထက်က အမိန့်ချတယ်” တဲ့ဗျာ သြော် … ကျွန်တော်တွေးမိသည်။ အလှူရှင်၏ဆန္ဒကို ဖျက်သိမ်းပြီး အာဏာစက်ဖြင့် ဟို ကိုမလှူရဘူး။ ဒီကို လှူရမယ်လို့ ကန့်သတ်ချက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာ နိုင်ငံတွင် ရှိနေပါလားဟု။ ရှိစေတော့ … ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ဘဲ လိုသည်မဟုတ်လား။
နောက် … နာဂစ် လေဘေးကယ်ဆယ်ရေး၊ ပခုက္ကူ ရေဘေးကယ်ဆယ်ရေးများကို ကျွန်တော်တို့ အဖွဲ့သွားရောက်၍ ကူညီမှုများပြုရာတွင် နိုင်ငံတကာအဖွဲ့များ မသွားခဲ့သော၊ မသွားရောက်နိုင်သော ကျေး လက်ဒေသများအထိ ကျွန်တော်တို့အဖွဲ့မှ လူမှုရေးသမားများသည် စွန့်စွန့်စားစား ခဲရာခဲဆစ် သွားလာခဲ့ ကြသည်။ ထိုသို့ သွားလာရာတွင် ကယ်ဆယ်ရေးပစ္စည်းများအား သယ်ဆောင်ရန် စက်လှေ၊ မော်တော် ယာဉ် စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် သွားရာတွင် “ကျော်သူတို့အဖွဲ့ဆိုရင် မငှါးရဘူး။ မလိုက် ရဘူး။ အထက်အမိန့်အရ” ဟူ၍ ထွက်ပေါ်လာပြန်သည်။ ‘သြော် … လူသားချင်းစာနာမှု ကင်းမဲ့သော

ဝိုင်းစုခိုင်သိန်းက သူ့ကို တကယ်ချစ်တယ်တဲ့လား

                             သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – ယွန်း)     

အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းရဲ့ လက်ရှိ အချစ်ရေး အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူတို့ ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီတဲ့။

“၀ိုင်းစုရဲ့ ချစ်သူနဲ့ အချစ်ရေးက အဆင်ပြေပါတယ်၊ ချစ်သူ သက်တမ်းက သုံးနှစ်လောက်ရှိပါပြီ။ တခါတလေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိတာပဲ။ သူကပဲ အမြဲအလျှော့ပေးပါတယ်။ လက်ထပ်ဖို့လည်း သူ့ဘက်က ၀ိုင်းစုရဲ့ သဘောအတိုင်းပါပဲ” လို့ ဝိုင်းစုခိုင်သိန်းနဲ့ ဧရာဝတီ ရိုက်ကွင်းတခုမှာ ဆုံစဉ် ပြောခဲ့ပါတယ်။
 

သူက အခု လောလော ဆယ်တော့ အနုပညာ အလုပ်တွေပဲ လုပ်ချင်ပါသေးတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

“သူ့ကိုလည်း ၀ိုင်းစု တကယ် ချစ်ပါတယ်။ သူကလည်း ၀ိုင်းစုဖြစ်ချင်တာ အားလုံးကို လိုက်လျောပေးတယ်၊ အိမ်ထောင်ရေး ဆိုတာတော့ တယောက်နဲ့ တယောက် နားလည်မှုနဲ့ လက်တွဲကြဖို့ လိုအပ်တယ်၊ သည်းခံဖို့လည်း လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ အမြင်ကတော့ မိန်းကလေး တယောက်ဟာ အသက် ၂၈ နှစ် အရွယ်မှာ