Wednesday 31 July 2013

နိုင်ငံတော် သမ္မတရဲ့ သြဂုတ် ၁ ရက်နေ့ ရေဒီယို မိန့်ခွန်း


Thursday, August 1, 2013

သမ္မတ ဦးသိန်းစိန်က မကြာခဏ ရေဒီယို၊ ရုပ်မြင်သံကြာတို့ကနေ အခါအားလျော်စွ မိန့်ခွန်း ပြောလေ့ရှိပါ တယ်။ ဒါဟာ အရင် စစ်အစိုးရများ မလုပ်ခဲ့ဖူးသေးတဲ့ ထူးခြားတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။


ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာလည်း သမ္မတ ဦးသိန်းစိန်က လွန်ခဲ့တဲ့ ဥရောပနိုင်ငံခရီးစဉ်အကြောင်း၊ အာဇာနည်နေ့နဲ့ပတ်သက်တဲ့အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းနဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး ကိစ္စ၊ တောင် သူ လယ်သမားအရေး၊ ငြိမ်းချမ်းရေးနဲ့အပစ်အခတ်ရပ်စဲရေး စသဖြင့် အကြောင်းအရာမျိုးစုံတို့နဲ့ပတ်သက် ပြီး လုပ်ဆောင်နေတာတွေကို ပြည်သူကို အသိပေး မိန့်ခွန်း ပြောကြားသွားပါတယ်။


အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာက ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါ တယ်။

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး
ပြောကြားနေကျဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြား ရခြင်းဖြစ်ပါတယ်။

မိဘပြည်သူများသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံများကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ အလုပ် သဘောခရီးသွားရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သမိုင်းကြောင်း ရှည်ကြာ ပတ်သက်မှုတွေရှိခဲ့ကြတဲ့

နှင်းဆီပန်းတွေရဲ့ အရောင်နဲ့ အဓိပ္ပါယ်


ကျွန်တော့် အထင်တော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး မဖြစ်ရင်တောင် လူသုံး အများဆုံး ပန်းကတော့ နှင်းဆီပန်း ဖြစ်လိမ့်မယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးတွေက နှင်းဆီပန်းကို စိတ်ဝင်စား နှစ်ခြိုက် ကြသလို ကောင်းလေးတွေ ကတော့ ချစ်သက် လက်ဆောင်ပေးတဲ့ ပစ္စည်းတစ်ခု အဖြစ်နဲ့ သုံးကြတော့ ကျွန်တော် ပြောစကား မမှားလောက် ပါဘူးနော်။ အခု ကျွန်တော် ပြောပြမှာက အဲဒီ နှင်းဆီပန်းတွေရဲ့ အရောင်တွေနဲ့ အဓိပ္ပါယ်တွေကိုပါ။ ကြည့်ရအောင်နော်…။

(၁) အနီရောင် – အချစ်ကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ပထမဆုံး ချိန်းဆိုတွေ့ဆုံမှု၊ ချစ်ခွင့်ပန်တဲ့ အချိန်)

(၂) အဝါရောင် – ချစ်ခင်ရင်းနှီးမှု၊ ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ထမင်းစားပွဲတွေ တက်ရောက်ချိန်၊ ပျော်ပွဲစားပွဲတွေ ထွက်ချိန်)

(၃) ဗေဒါရောင် – နန်းဆန်မှု၊ ကြီးကျယ် ခမ်းနားမှုကို ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – သူဌေးကို လက်ဆောင်ပေးဖို့၊ ခမ်းနားတဲ့ အခမ်းအနားနဲ့ ညစာစားပွဲတွေ ကျင်းပချိန်)

(၄) ပန်းရောင် – အချစ်၊ ကျေးဇူးတင်တယ်၊ နှစ်သက်လိုဟန် အဖြစ် ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – ၀န်ချတောင်းပန်တဲ့ အချိန်၊ ကျေးဇူးတင်စကား ပြောဆိုဖို့ ရှိချိန်)

(၅) အဖြူရောင် – ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သဘောထားရိုးခြင်း အဖြစ် ကိုယ်စားပြုပါတယ်။ (ပေးသင့်တဲ့အချိန် – မင်္ဂလာဦးည၊ အနောက်တိုင်း ရိုးရာပွဲလမ်းသဘင် တက်ရောက်ချိန်(အိတ်ကပ်တွင် ထည့်ခြင်း) ဇနီးသည်နဲ့

Tuesday 30 July 2013

ဓမ္မခရီးသွားလုပ်ငန်းကမ္ဘာလှည့်များကိုဆွဲဆောင်

အရုဏ်မတက်မီ နှိုးစက်သံ များနှင့်အတူ ငြိမ်သက်ဆာလောင် သော နေ့ရက်များသည် အားလပ် ရက်တစ်ရက်တွင် ပြုလုပ်လိုသည့် လူတိုင်း၏စိတ်ကူးမဖြစ်နိုင်ပေ။ သို့ သော်လည်း စိတ်အာဟာရကို ရှာ ဖွေရယူလိုသော ကမ္ဘာလှည့်ခရီး သည်များအတွက် ဗုဒ္ဓဟောကြား သော နိဗ္ဗာန်သို့ သွားရာလမ်းတွင် မြန်မာဘုန်းကြီးကျောင်းများက အကူအညီပေးလျက်ရှိသည်။

စိတ်၏ငြိမ်းချမ်းမှုကို ရှာ ဖွေခြင်းက အားလပ်ရက်များကို ပျော်ရွှင်မှုသာ ပဓာနဆိုသည့် ခံယူ ချက်ဖြင့် ချဉ်းကပ်နေသောသူများ ကို ဆွဲဆောင်ရန်မဖြစ်နိုင်ပေ။ အ ရက်ကမ်းခြေနှင့် ဘီကီနီတို့အား လုံးဝ အပြင်မှာသာရှိနေရသည်။

''စစချင်းမှာ နည်းနည်း တော့ အုတ်နံရံတစ်ခုကို ဝင်တိုးရ သလိုမျိုး အကျပ်တွေ့မှာပဲ၊ ခင် ဗျားသိတဲ့အတိုင်း ခင်ဗျားဟာ ခင်ဗျားရဲ့ ပြင်းထန်တဲ့ပြဿနာ တွေကို သက်သောင့်သက်သာဖြစ် အောင်လုပ်နေတာ ခင်ဗျားရဲ့စိတ် ကို အေးချမ်းအောင်လုပ်နေတာ ပါ'' ဟု ဗြိတိသျှပန်းချီသမိုင်းပညာ ရှင် ရူးပတ်အဲရိုးစမစ်က ပြော ကြားခဲ့သည်။

ရန်ကုန်အနီး ကျေးလက်ရှိ တရားကျင့်ရန်နှင့် အိပ်စက်ရန် အခန်းများရှိသော ငြိမ်းချမ်းသည့် ပရိဝုဏ်တစ်ခုဖြစ်သော ချမ်းမြေ့ ရိပ်သာဘုန်းကြီးကျောင်းတွင် ရူး ပတ်အဲရိုးစမစ်က ဝစီပိတ်၄၅ရက် နေခဲ့သည်။ ကျောင်းက အကျင့် ခြိုးခြံမှုနှင့် စည်းကမ်းနာမည်ကြီး သည်။

နံနက်၃နာရီခွဲတွင် အိပ် ရာမှထ၍ နေ့တစ်နေ့၏ အချိန် အများစုကို ထိုင်လျက်နှင့် လမ်း လျှောက်လျက် တရားရှုမှတ်ရင်း ကုန်ဆုံးစေခဲ့သည်။ ရံဖန်ရံခါ ကောင်းမွန်သောဟင်းလျာများ ပါသော အစားအစာကို မွန်းမ တည့်မီ စားသုံးကြရသည်။ ချမ်း မြေ့ရိပ်သာတွင် နောက်ဆုံးစား သောက်ရချိန်မှာ နံနက်၁ဝနာရီ ခွဲဖြစ်သည်။ လေးနက်သည့်သ ဘောထားရှိရန် ဘုန်းကြီးကျောင်း တစ်ခုသို့ ဝင်လာသူများကို

Monday 29 July 2013

ချာလီချက်ပလင်ရဲ့ ကမ္ဘာကျော် မိန့်ခွန်း (သတင်း/ရုပ်သံ)


တချိန်က ကမ္ဘာကျော် ဟာသအနုပညာရှင် ချာလီချက်ပလင်ဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေကို စိတ်ပျော် ရွင်မှု၊ ရယ်မောမှုတွေကို ဖန်တီးနိုင်စွမ်း အထွဋ်အထိပ်ကို ရောက်ခဲ့သူပါ။ 

သူ့ရဲ့ ဟာသဖန်တီးမှုတွေဟာ ကဏ္ဍစုံ၊ ပညာစုံ နယ်ပယ်စုံကို အခြေခံ တင်ပြလေ့ရှိပြီး အထူးသဖြင့် ခေတ် စနစ်ကို သရော်ရာမှာလည်း အတော်ထိမိစွာ အနုပညာပြောင်မြောက်သူလည်းဖြစ်ပါတယ်။ 

ဒီ ရုပ်/သံပြကွက်ကတော့ အာဏာရှင်ကြီးဆိုတာနဲ့ ပတ်သက်ပြီး သရော်ချက်တွေ ဖော်ပြထားသလို ဒီမိုကရေစီဆိုတာဘာလဲ ဆိုတာလည်း သူက မိန့်ခွန်းထဲမှာ ပြေားထားပါတယ်။ 

နှိပ်စက်ညှင်းပန်းခံ လူသားတွေ၊ စစ်ရဲ့ အရုပ်ဆိုး အကျဉ်းတန်တဲ့ မျက်နှာစာတွေကို ဆန့်ကျင်တတ်တဲ့ ချာလီချက်ပလင်ရဲ့ မိန့်ခွန်းပြောကွက်ပါ။ 

သူပြောသွားတာတွေကို သေချာ ခံစား နာဆင်ကြည့်ပါ။ သူပြောသွားတာတွေက

Friday 26 July 2013

သူတောင်းစား ဋီကာ {သို့} သူတောင်းစား တစ်ယောက်၏ဖွင့်ဟ၀န်ခံချက်



တောင်းစားရတာ လွယ်တယ်များမှတ်နေလား
အနည်းဆုံး ခွက်တစ်လုံးတော့ ကိုင်ထားရသေးတယ်ဗျ ၊၊

ဆယ်နှစ်တောင်မပြည့်သေးဘူး တောင်းရမ်းနေရရှာတဲ့
ကလေးငယ်လေးတွေကို ခင်ဗျားတို့တွေ့ဖူးမှာပါ
မွေးကတည်းက ပုံသွင်းခံခဲ့ရတဲ့ ကျုပ်တို့
အသိညာဏ်မှ မပြည့်ဝတာ တောင်းပဲစားတတ်တာကို
ကျိုးကန်းနေတာလဲမဟုတ်ဘူး အလုပ်မလုပ်ပဲနဲ့
အပျင်းကြီးတာလို့တော့ မသမုတ်လိုက်ပါနဲ့ ..

အိမ်ထောင်စုဇယားမရှိ မှတ်ပုံတင်မရှိ ပညာအရည်အချင်းမရှိ
နေရာအတည်တကျမရှိတဲ့ ကျုပ်တို့ကို
ဘယ်သူက အလုပ်ခန့်ချင်မှာလဲ
ဘယ်သူက ယံုံမှာလဲ ...

ကျုပ်တို့မှာလဲ မာနဆိုလို့
ခင်ဗျားတို့စွန့်ကြဲတဲ့ တစ်ဆယ်နှစ်ဆယ်လာက်ကို မယူပဲ
လှည့်ထွက်လာတာမျိုး တချို့က မိုက်ရိုင်းစွာတုံပြန်တတ်တာမျိုးပဲရှိတာပါ
ကျုပ်တို့ကျင်လည်တဲ့ အသိုင်းအ၀ိုင်းက ခင်ဗျားတို့လောက်တော့

Thursday 25 July 2013

ဆိုကရေးတီး၏စကားတစ်ခွန်း


တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ.

မိဘများ စဉ်းစားကြဖို့ပါ




မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ

Wednesday 24 July 2013

"ထွက်သွားကြစမ်းကွာ!!!!!!!!!!!!"


ဆိုင်ရှင် ဦးလေးကြီးရဲ့ ကြမ်းတမ်းလှတဲ့ ငေါက်သံနဲ့ တစ်ဆက်ထဲဆောင့်တွန်းတာကြောင့်
ကောင်လေးနဲ့ကောင်မလေး မောင်နှမနှစ်ယောက်လုံးကလန့်ပြီး ပက်လက်လန်လဲကျသွားတယ်
ဆိုင်ရှင်က ထပ်ပြီး ဒေါသတကြီးနဲ့
"စောစောစီးစီးကွာသူတောင်းစားတွေ ၀င်မလာနဲ့ ဆိုင်ကျက်သရေယုတ်တယ်!!!!"
...
ကောင်လေးက ဘာမှမပြောဘူး ခပ်မဲ့မဲ့မျက်နှာလေးနဲ့
ဆိုင်ရှင်ကိုပဲ ကြည့်နေတယ် သူ့ကိုသနားများ သနားပြီး
ပိုက်ဆံလေးနဲနဲလောက်ထည့်နိုင်မလားလို့ပေါ့
ဆိုင်ရှင်က နောက်တစ်ခွန်းထပ်ပြီးအော်တယ်
"ဟေ့ရောင်တွေ မသွားသေးဘူးလား!!! တောက်!!!"
ကောင်လေး ခေါင်းလေးကို ငုံ့ အငယ်မလေးလက်ကိုဆွဲ လက်လျှော့ပြီးထွက်သွားတယ်......
သူတို့ဒီဆိုင်နဲ့ဆို ဒီလိုမောင်းထုတ်ခံရတာ ၅ဆိုင်လောက်ရှိပြီ
ပိုက်ဆံတောင်းလို့မရဘူး ... ထမင်းကျန်ဟင်းကျန်လေးတောင်မှမရဘူး
သူတို့အတွက် မနက်စာလေးတောင်မရသေးဘူး
မနက် စောစောကတဲက ထွက်လာတာ ခုထိ ဘာမှမရသေးဘူး
သူဗိုက်အရမ်းဆာနေပြီ .... ဒါပေမဲ့ သူလက်လျှော့လို့မဖြစ်ဘူး
သူ့ညီမလေးလဲ အရမ်းဆာနေလောက်ပြီ ......
သူ့ညီမလေးကလဲ အရမ်းငယ်သေးတော့ မသိတတ်ဘူး
အစ်ကိုကိုပြောတယ်
"ကိုကြီး ညီမလေး ဗိုက်အရမ်းဆာနေပြီ .... "
ကောင်လေး အရမ်းဝမ်းနည်းသွားတယ် .... သူတို့နှစ်ယောက်ရဲ့

သစ္စာ ရှိတဲ့လူ



ဒီအကြောင်းရာလေးကို အချိန်ပေးပြီးနဲနဲလောက်အိမ်ထောင်ရှိတဲ့သူများ ဖတ်ကြည့်စေချင်းပါတယ် ရင်ထဲကိုနင့်သွားတာပဲ ဗျာ.....,သိသမျှ ပါ



စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။

"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

Online တွင် ခင်မင်ကြ ရာဝယ်



ယခုလို တိုးတက်လာတဲ့ခေတ်ကာလကြီးမှာ... အင်တာနက်ဆိုတာကို ယခင်က လူတန်းစား တစ်ရပ် ပဲ သုံးစွဲနိုင်လာ ရာကနေ ... လက်ရှိ မြန်မာ နိုင်ငံ တိုးတက်မှုအရ..လူတန်းစားအလွှာအသီးသီး .. အတန်းပညာ မရွေး .. အသုံးပြု လာနိုင်ကြပြီ။

အင်တာနက်ကို တစ်လွဲ အသုံးချ တဲ့ ပုရိဿ အချှို အကြောင်း ကြားဖူးနေကြမှာ အမှန်ပါပဲ။ အစ ကတော့ ရိုးရိုး ခင်မင်ရာကနေ နောက်တော့ တစ်မျိုးတိုးလို့ ဆိုး ပြန် ဆိုပဲ...ဆိုပဲ ..။

တစ်ခါ မျှ မမြင်ဘူးတဲ့ ယောင်္ကျား တစ်ယောက်နဲ့ အွန်လိုင်းမှာ မကြာခဏ Chatting ကြတာ ကနေ...သံယောဇဉ် ငြိတွယ်ပြီး ဘဝတစ်သက်တာ အိမ်ထောင်ဘက် ဖြစ်သွား ကြသူတွေ ရှိသလို ... အပျို ရည်ပျက် ... ဗီဒီယိုတစ်ကွက် အဖြစ်ပြောင်းလဲ သွားကြ သူ တွေလဲ အများကြီးပေါ့။

အင်တာနက် ဆိုတာ .... ဆယ်နှစ်မျိုး ဂျင်းသုပ်... လို ... ရောချင်ရာရော...ပေါင်းချင်ရာပေါင်းစပ် ထား ပြီး ကိုယ်ကြို က်တာ ကိုယ်ရွေး စား နေကြတဲ့ ဟာကြီးမဟုတ်လား။

ပညာ ရှာတဲ့သူ.... မယားရှာတဲ့သူ.... လင်ရှာတဲ့သူ နဲ့ မိတ်ဆွေ အပေါင်းသင်းရှာသူ....ရှာချင်ရာ ရှာလို့ ရတဲ့ အဘိုး စတို ခန်းကြီး လို ပဲ။ အဘိုးက တွေ့ ကရာကောက်သိမ်းထားတာ..... လမ်းကတွေ့ တဲ့စကူ ကအစ ပိုက်တိုပိုက်ပျက် ..ထီးစုတ်..ဖိနပ်စုတ်.. ကနေေ၇ှးဟောင်း တန်ဖိုးကြီးပစ္စည်းတွေ... တစ်ခါ ... ဟိုးပဝေသဏီက .. ကိုယ်လုံးတီး ဖလင်အလိပ်လိုက်ကြီး တွေအထိ... ဘာတွေ မှန်းကိုမသိ စတိုခန်းထဲ ထည့်သိမ်းပြီး သော့ခါးကြားထိုးထားသေး .. လိုချင်တာရှိရင် အဘိုးဆီ ခွင့်တောင်းမွှေတာပဲ..... မရမရှိ ...ရတာပဲ..မရှိရှိတာ အသုံးချ လို့ ရတာတွေ့ လဲ ယူအသုံးချ လိုက်တာပဲ..မရှိသုံးပေါ့။


သည်လိုပဲ..အွန်လိုင်းဆိုတာ... တစ်ချှိုအတွက်တော့ မရှိသုံးသုံးလို့ သိပ်ကောင်းတယ်မဟုတ်လား... သည်တော့

အီးမေးလ်တစ်စောင် ပို့ တဲ့အခါ မရှိမဖြစ် သိသင့်တာလေးများ


၂၅၀ ဘီလီယံ နီးပါးရှိတဲ့ အီးမေးလ်တွေဟာ နေ့ စဉ် အွန်လိုင်းပေါ်ကနေ ပို့ ဆောင် ဆက်သွယ်ရင်း အသုံးပြုနေကြ ပါတယ်။ ၂၀၁၂ ခုနှစ် စစ်တမ်းအရ အီးမေးလ် မာကတ်တင်း အရေအတွက်ဟာ ၀.၀၀၀၀၀၀၃၅ စက္ကန့် မှာ တစ်စောင်နှုန်း ဖြန့် ဝေလျက်ရှိပါတယ်။

အီးမေးလ်တစ်စောင် ဟာ ဘယ်လောက် အထိ အရေးပါသလဲ??

တခါတစ်လေမှာ အီးမေးလ်ကို ရီပို့ တင်တဲ့အခါ ဖြစ်ဖြစ် ၊ အလုပ်ရှာဖို့ ပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းသုံး တာပဲ ဖြစ်ဖြစ် ကိုယ်ချစ်ခင်တဲ့ သူတစ်ယောက်ယောက်ကို သတိရကြောင်း စာ ပို့ တာဖြစ်ဖြစ် အသုံးပြု တက်ကြပါတယ်။

အကယ်လို့ ကိုယ်ပို့ လိုက်တဲ့ မေးလ်ဟာ ပြန်စာအနေတဲ့ တုန့် ပြန်တဲ့ အရိပ်အယောင် မတွေ့ ဘူး ဆိုရင်သေချာ ပါတယ် သင်ပို့ လိုက်တဲ့ အီးမေးလ်ဟာ တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ချစ်သူ ခင်သူဆီကို ပို့ လိုက်တဲ့ မေးလ်တောင် ပြန်စာ မလာဘူး ဆိုခဲ့ရင် ပို့ တဲ့ အီးမေးလ်မှာ တစ်ခုခု မှားနေပါပြီ။

အခု တင်ပြမဲ့ အချက်အလက်တစ်ချို့ ကတော့ အကောင်းဆုံး မေးလ်တစ်စောင်၊ အချက်အလက် ပြည့်စုံတဲ့ မေးလ်တစ်စောင် ဘယ်လို
ပို့ မလဲ ဆိုတာနဲ့ အီးမေးလ်ပို့ တဲ့ အခါ အသုံးပြုရမဲ့ ကျင့်ဝတ်တစ်ချို့ ကို
မျှဝေ သွားမှာပါ။

-- Subject Line

အီးမေးလ်တစ်စောင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့  ဆိုနိုင်ပါတယ်။
ဒီ Subject နေရာမှာ ထည့်ရေးထားတဲ့ စာတိုဟာ သင့် အီးမေးလ်ကို လက်ခံရရှိတဲ့ သူအနေနဲ့  ဖတ်မလား ဖျတ်မလား ဆိုတဲ့ အတွေးကို
အဆုံးအဖြတ် ပေးနိုင်ပါတယ်။

ဟုတ်ပါတယ်.. မေးလ်ဘောက်စ် ကို ရောက်လာတဲ့ အီးမေးလ်တစ်စောင်မှာ
Subject က အရေးပါ ပါတယ်။ ဘာအတွက် ပို့ တဲ့ စာလဲ ။ ဘာကြောင့် ဖတ်သင့်သလဲဆိုတာကို Subject က အဖြေပါ။

မှန်ကန်တဲ့ အချက်အလက် ဖြစ်ရမယ်။ တိကျပြီး ထိရောက်ရမယ် ။ Subject ကို ဖတ်မိတာနဲ့  စာပုဒ်တစ်ခုလုံးကို ဖတ်ဖို့ စိတ်ဖြစ်ပေါ်လာစေရမယ်။ Subject ဟာ

ရေကန်ထဲကဆား


တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်

.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ

Tuesday 23 July 2013

ဘရက်ပစ်ပြောသော အချစ်လျှို့ ဝှက်ချက်




ကျနော့်ဇနီး (အန်ဂျလီနာဂျိုလီ) တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ သူ့ ဘယ်နေရာမှာမှ အဆင်မပြေခဲ့ဘူးလေ။

နေ့တိုင်း သူ ငိုတယ်။ အနုပညာမှာ အဆင်မပြေဘူး။ လူမှုရေး ဘဝမှာ အဆင်မပြေဘူး။ ကလေးတွေနဲ့လည်း အခက်အခဲတွေရှိတယ်။ အဘက်ဘက်က သိသိသာသာကို ရှုံးနိမ့်လာတယ်။


နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်ပြီး ဝိတ်သိသိသာသာကို ကျသွားတယ်။ အသက် ၃၅ နှစ်အရွယ်မှာ ပေါင် ၉၀ ပဲရှိတော့တယ်။ ပေါင် ၃၀ တောင် ကျသွားတာ။ သာမန်မိန်းကလေးတစ်ယောက်မှာ ရှိရမယ့် ဝိတ်ထက် သိသိသာသာကို ကျသွားတယ်။

နှလုံးအားနည်းလာတယ်။ အအိပ်လည်းမမှန်ဘူး။ အစားလည်းမမှန်ဘူး။ ကျနော်တို့ အိပ်ကောင်းလို့ တစ်ရေးနိုးနေချိန်မှာ သူမ အိပ်မပျော်နိုင်သေးဘူး။ မနက်မိုးလင်းချိန်က သူ့အတွက် အိပ်ချိန် ဖြစ်ဖြစ်နေတတ်တယ်။ ဒီကြားထဲ ကျနော်နဲ့တောင် ပြဿနာဖြစ် လိုက်သေးတယ်။ အိမ်ထောင်ရေး ပြို လဲတော့မယ့် အထိပေါ့။ နောက်တော့ ကျနော် သူ့ကို နားလည်လာတယ်။

သူအားနည်းနေတာကို သိလိုက်တယ်။ သူဖျားတိုင်း ကျနော်ပြုစုတယ်။ ညတိုင်း သူ့ဘေးမှာ နေပြီး စကားတွေပြောပေးတယ်။ ကျနော်အပြင်သွားတိုင်း ကျနော့ဇနီးကို ဘယ်လောက်ချစ်တဲ့အကြောင်း မိတ်ဆွေတွေကို ပြောဖြစ်တယ်။ သူ့အတွက် လက်ဆောင်လေးတွေ ဝယ်ပေးဖြစ်တယ်။

ကျနော်က ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထား တာလေ။ ကျနော့အတွက်ကတော့ သူဟာ အလှဆုံးဖြစ်တယ်ဆိုတာ သိအောင် ကျနော် ပြောတယ်။ သူ့ကို

Monday 22 July 2013

ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ်


လူ့ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ်ရှိတယ်။ ဘယ်လောက်တောင် အချိန်တိုတောင်း နည်းပါးသလဲ ဆိုတာကို ပေါ်လွင်အောင် ပြောတဲ့ စကားတွေ ထဲမှာ ‘ရေပွက်ပမာ’ ဆိုတာ က အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကို ပွက် ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာ တဲ့ ရေပွက်ကလေး တစ်ခုရဲ့ တည်ရှိကြာ ရှည်တဲ့ အချိန်ဆိုတာ ဘယ်လောက်များ ရှိလို့လဲ။ ဂယက်ထပြီးရင် တဖြည်းဖြည်း နဲ့ ရေပြင်ဟာ အရင်အတိုင်းပြန်ဖြစ် သွားတယ်။ လူ့ဘဝသက်တမ်း ဆိုတာ လည်း အဲဒီလောက် ပါပဲတဲ့။ ကမ္ဘာကြီး ဖြစ်ပေါ်လာတဲ့ သက်တမ်းနဲ့ နှိုင်းတာ လား၊ စကြဝဠာကြီးရဲ့ သက်တမ်းနဲ့ တိုင်းတာလား၊ ဘဝပေါင်းများစွာ ဖြစ်ခဲ့ ပျက်ခဲ့တာနဲ့ နှိုင်းတာလား၊ ဘာနဲ့ပဲနှိုင်း နှိုင်း၊ လူ့သက်တမ်း ကာလ ဆိုတာဟာ တိုတိုလေးဆိုတာ ငြင်းရခက်တဲ့စကား ပါ။ ဘဝကို ခင်တွယ်နေကြ သူတွေ အတွက် လူ့သက်တမ်းဟာ တိုသလိုရှိ ပြီး ဘဝကို စိတ်ပျက်နေသူတွေ အတွက် (အသက်ရှင်ရတဲ့ နှစ်ချင်းတူရင်တောင်) သက်တမ်း ကာလရှည်သလို ဖြစ်နေ တတ်ပါတယ်။
အဲဒီလို ဘဝတိုတဲ့အကြောင်း စဉ်း စားမိတဲ့အခါ သတိရလိုက်တဲ့ စာစကား နှစ် ခုရှိတယ်။ တစ်ခုက ‘ဘဝတာတိုတိုမှာ အရသာချိုချိုကို ရှာမယ်’…တဲ့။နောက်တစ်ခုက ကဗျာစာပိုဒ်လေး ပါ။’လောကအတွက် ထမ်းရွက်နိုင် သမျှ ထမ်းရွက်ကြပါ ဘဝဆိုတာ တိုတို လေး’..တဲ့။ ဒါကလည်း အမြင်မတူပုံ ပါပဲ။

တစ်ရာထဲက တစ်မှုနဲ့
အဲဒီလိုဘဝတိုတိုလေးမှာ နေရတဲ့ အခိုက်အတန့်နဲ့ ပတ်သက်ပြီး ပြောကြ တဲ့ စကားကိုလည်း သတိရမိသေးတယ်။ ‘အသက်တစ်ရာ မနေရပေမယ့်၊ အမှု တစ်ရာတွေ့ရတတ်တယ်’…တဲ့။ ဒီ နေရာမှာ ပြောတဲ့ အမှုဆိုတာ ရုံး ရောက်၊ ဂါတ်ရောက်တဲ့အမှုမျိုးဖြစ်ချင် မှ ဖြစ်မှာပါ။ ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ရည်ညွှန်းတာ လို့ ပြောရင်ရပါလိမ့်မယ်။ အဲဒီအမှုတစ် ရာထဲမှာပဲ ရုံးတွေ၊ ဂါတ်တွေ ရောက် ပြီး ထောင်ကျလောက်တဲ့ ‘ပြဿနာ’ မျိုး လည်း ပါနိုင်ပါလိမ့်မယ်။ ထောင်ကျ တယ်ဆိုတာကို ကိုယ့်အမှားကြောင့်လို့ ယေဘုယျပြောလေ့ရှိပါတယ်။ အဲဒီ အမှားဟာလူ့အဖွဲ့အစည်းက မကောင်း မှု၊ အပြစ်ရှိမှု၊ ဥပဒေအရ အပြစ်ဒဏ်ခံ သင့်တဲ့ အမှုမျိုးထဲ အကျုံး ဝင်ရင်တော့ ထောင်ကျလောက်တယ်လို့ ဆိုနိုင်ပါ တယ်။ ‘ကိုယ်ကောင်းရင် ခေါင်း မရွေ့ ဘူး’ လို့ဆိုတဲ့စကားရှိတယ်။ ကိုယ် ကောင်းနေရင် မမှားဘူး။ မမှားရင် အပြစ်မရှိဘူး။ အပြစ်မရှိရင် ထောင်ကျ စရာ အကြောင်းမရှိဘူးဆိုတာ အထိ တွေးယူလို့ ရနိုင်ပါတယ်။
ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်းနေပါလျက်နဲ့ ခေါင်းရွေ့ခဲ့ ရတာ၊ ကိုယ်မှန်နေပါလျက်နဲ့ အပြစ်ဖြစ် ခဲ့ရတာ၊ ကိုယ်ကတရားနေပါလျက်နဲ့ အမှားလို့ သတ် မှတ်ပြီး ပြစ်ဒဏ်ပေးခံ ရာတာတွေလည်း

Sunday 21 July 2013

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်



၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

ဝါဆိုဝါလ ၀ိသေသ

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် " သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လ၀ါဆို " ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

ဝါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။ မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။ မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့ ဒေသစာရီ လှည့်လည်ခြင်း ပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက " မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များ
ကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား " စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍ ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။ ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစကြာ အခါတော်နေ့

မြတ်စွာဘုရား အလောင်းတော်သည် ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။ ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ "ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ


ပညာမာန ထားခြင်း

အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။

လောဘကြီးခြင်း

လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင်  လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း

သင့် အိပ်မက်တွေ မပျောက်ဆုံးပါစေနဲ့

အမေရိကန်ပြည်ထောင်စုက ကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုက ဖြစ်ရပ်။ 


ဆရာဖြစ်သူက ကျောင်းသားတွေကို "ကျွနှုပ်၏  ရည်မှန်းချက်" ခေါင်းစဉ်နဲ့ စာစီစာကုံး တစ်ပုဒ် ရေးခိုင်း ပါတယ်။ 


ကျောင်းသားတစ်ဦးက အဲဒီခေါင်းစဉ်ကို သဘောကျနှစ်ခြိုက်ပြီး  ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးတယ်။ 

သူ့ ရည်မှန်းချက် အတိုင်းစာစီစာကုံးမှာ အခုလို ရေးတယ်။ 

"ကျွန်နော် ကြီးလာတဲ့အခါ မြေကွက်ကြီးတစ်ကွက် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ ဥယျာဉ်တခုလည်း လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သား အိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးလည်း 
ဆောက်ပြီး မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူ အပန်းဖြေစေပါမယ်" စသဖြင့် ရေးတယ်။ 

ဆရာဖြစ်သူက သူ့စာစီစာကုံးကို ကြည့်ပြီး ကြက်ခြေခတ်လိုက်ပြီး ပြန်ရေးဖို့ ပြောတယ်။ 

ကျောင်းသားကလည်း သူရေးထားတာ ပြန်စစ်ပြီး အမှားမပါတော့ ဆရာကို ပြန်ပြ၊ ဒီတော့ ဆရာက

"မင်းကို မင်းရဲ့ စိတ်ကူးထဲက ရည်မှန်းချက်ကို ရေးခိုင်းတာ၊ ဒီလို စိတ်ကူးယဉ် အိပ်မက်ဆန်ဆန် ရေး ခိုင်းတာ မဟုတ်ဘူး။ မင်းရဲ့ တကယ့် ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" လို့ ပြောတယ်။ 

ဒီတော့ ကျောင်းသားကလည်း "ဆရာ... ဒါ ကျွန်နော့်ရဲ့ တကယ့် ရည်မှန်းချက်ပါ" လို့ အားပါးတရ 
ပြန်ဖြေတယ်။ 

 "မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေမို့  အသစ်ပြန်ရေးပါ" လို့ ဆရာက

Saturday 20 July 2013

ချစ်သူတွေ ကျော်ဖြတ်ရတဲ့ အဆင့်


အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်

ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့

Friday 19 July 2013

ပြည့်တန်ဆာနှင့် ဥပဒေ



(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)


၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။


၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)


၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို

စကား နှစ်ခွန်း လျှော့ပြောပါ



မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့်
အချစ်မှာ၊ တစ်ချို့ အခြေအနေမှာ နုတ် ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။

"silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာ
ပေးနိုင်ပါတယ်။



(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ

မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက် ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင် ပါးစပ်ဖွင့်ပါ။
သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။

မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက
ပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။

သူ စိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ

ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်း
ပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။

"အိမ်အလုပ်ကို သူ ကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ
ကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်း ဖို့ သူ့ လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီ ရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင်ဆေးနိုင်ကြောင်း ပြောတယ်။
သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး

ဘ၀မှာနေပျော်ချင်သူတို့အတွက်


၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။

၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။

 
၃။ လိုချင်စိတ်တော့ထားပါ။ သို့သော်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။
 
၎။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။
 
၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။
 
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။
 
၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုးမမွေးမိအောင် ကြိုးစားပါ။

Wednesday 17 July 2013

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်


ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။
သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။
ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။       

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ

Monday 15 July 2013

ငါသာဆိုရင်....


ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
စိတ်ဓါတ်ခိုင်မာတဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
အကြည့်တစ်ချက်ကြောင့် ၀မ်းနည်းမိတဲ့ အချိန်လဲရှိနေတတ်ပါတယ်

ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
လျှစ်လျူရှု့ နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
စကားတစ်ခွန်းကြောင့် မျက်ရည်ကျမိတဲ့အချိန်တွေလဲရှိနေတတ်ပါတယ်

ကိုယ့်မှာအားနည်းချက်တွေရှိတဲ့အခါ ဘယ်လိုပဲ
ပြတ်သားတဲ့ သူတစ်ယောက်ဖြစ်ပါစေ တစ်ခြားသူတွေရဲ့ 
အပြုအမူကြောင့် အားငယ်သွားတဲ့အချိန်တွေလဲ ရှိနေတတ်ပါတယ်

အဲ့လို အတွေးလေးတွေရှိလာတဲ့အခါ......လူတိုင်း လူတိုင်းမှာ
အားနည်းချက်ဆိုတာရှိတတ်စမြဲမို

တယ်လီဖုန်းပေါ် ရောက်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန





နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်း တယ်လီဖုန်းဆိုတာ လူတိုင်းအတွက် အသုံးအဆောင်ပစ္စည်း တခုဆိုပေ မယ့် ဘက်စုံ အသုံးတည့်ပါတယ်။ ခေတ်နဲ့ အညီပဲ မြန်မာနိုင်ငံက ပြန်ကြားရေး ၀န်ကြီးဌာနသတင်းတွေကို အန်ဒရွိုက်တယ်လီဖုန်းပေါ်က ဒီကနေ့က စပြီး ဖတ်လို့ ရပါပြီတဲ့။ “ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန၏ Web Media Portal ကို Android စနစ်သုံး Mobile ဖုန်းများနှင့် Tablet များပေါ်တွင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်စေရန် ၁၅.၇.၂၀၁၃ ရက်နေ့မှ စတင်၍ www.m.moi.gov.mm အမည်ဖြင့် စမ်းသပ် ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဆက်လက်၍ Android Mobile စနစ်သုံး ဖုန်းများနှင့် Tablet များပေါ်တွင် အသုံးပြုနိုင်မည့် APK Software နှင့် i-Phone အသုံးပြုသူများ အတွက် Mobile Version များကို ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်” လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းတပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံ၊ ပြန်ကြားရေး ၀န်ကြီးဌာနက မီဒီယာကဏ္ဍမှာ ပြည်သူဗဟိုပြု ၀န်ဆောင်မှုကို သွားနေချိန် မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာကို www.moi.gov.mm အမည်နဲ့ ပြီးခဲ့တဲ့

Sunday 14 July 2013

မိတ်ကောင်းမတွေ့ရင် တစ်ယောက်တည်းနေ


“ မိတ်ကောင်းဆွေကောင်းပေါင်းချင်လို့
ရှာဖွေနေတဲ့ပုဂ္ဂိုလ်ဟာ -
ကိုယ်ကျင့်ဖြောင့်မတ်မှုဂုဏ်၊
စိတ်ဓာတ်မြင့်မားမှုဂုဏ်နဲ့
အသိဥာဏ်ကြီးကျယ်မှု ဂုဏ်အရာမှာ
ကိုယ့်ထက်သာလွန်တဲ့သူ
ဒါမှမဟုတ် ကိုယ်နဲ့တန်းတူတဲ့သူကို
ဘယ်လိုမှ မရနိုင်ဘူးဆိုရင်
အဖော်မတွဲ တစ်ယောက်တည်း
နေထိုင်ကျင့်သုံးခြင်းကိုပဲ
ခိုင်ခိုင်မြဲမြဲ ပြုလုပ်သင့်ပါတယ်။

ဘာလို့လဲဆိုတော့ -
ကိုယ့်ထက် နိမ့်ကျတဲ့ လူမိုက်ပုဂ္ဂိုလ်ရဲ့
သန္တာန်မှာ မိတ်ကောင်းဆွေကောင်းရဲ့

အကြောက်တရားနဲ့ မဆုံးမဘဲ အသိတရားနဲ့ ယဉ်ကျေးလိမ်မာဖို့


“ကလေးကို ရိုက်နှက် ဆုံးမတာမကောင်းဘူး၊ မရိုက်ရဘူး” ဆိုတဲ့ စကားကို မိဘတော်တော်များများနဲ့ ဆရာ၊ ဆရာမ တော်တော် များများ ကြားဖူးကြမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် မရိုက်ရသလဲ၊ ဘာဖြစ်လို့ မရိုက်သင့် သလဲဆိုတဲ့ ကိစ္စကိုတော့ သေသေချာချာ သိရှိသူ နည်းပါတယ်။
ဒါကြောင့်မို့ တချို့မိဘ၊ ဆရာများကလည်း ကလေးကို ရိုက်နှက်ဆုံးမခြင်းဟာ ကောင်းတယ် ဆိုတဲ့ အယူအဆကို ဆက်လက် စွဲကိုင်ပြီးတော့ ရိုက်ပြီး ဆုံးမနေကြတုန်းပါပဲ။ တချို့ကလည်း ကလေးကို မရိုက်ရဘူးလို့ ပြောတာဟာ ကလေး အသားနာ သွားမှာစိုးလို့ တားမြစ်တာလို့  ထင်မြင် ယူဆကြပြီးတော့ မနာအောင် ရိုက်တတ်ကြ ပြန်ပါရော။ တချို့ကတော့ဖြင့် ကလေးကို လုံးဝ မရိုက်ဘဲနဲ့ ကလေးရဲ့စိတ် နာကျင်ခံစား သွားတဲ့အထိ ပြောဆိုတာ၊ အော်ငေါက်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ပေးတာ … စတာတွေကို လုပ်ကြပြန်ပါရော။
အမှန်တော့ ကလေးကို မရိုက်ရဘူးလို့ ပြောခြင်းဟာ ကလေးအသား နာမှာစိုးတဲ့အတွက် တားမြစ်ထားတဲ့ တားမြစ်ချက် မဟုတ်ပါဘူး။ ရိုက်နှက် ဆုံးမခြင်းဟာ ကလေးတယောက်ကို ဆုံးမ ပြုပြင်ဖို့ အတွက် မှန်ကန်တဲ့ ဆုံးမနည်း မဟုတ်တာမို့ မရိုက်ရဘူးလို့ ဆိုလိုတာပါပဲ။


ဥပမာ – ကလေးတယောက်က ပိုက်ဆံခိုးယူတယ် ဆိုပါစို့။ ပိုက်ဆံ ခိုးတဲ့အတွက်  ကလေးကို ရိုက်နှက် ဆုံးမလိုက်မယ် ဆိုရင် ကလေးဟာ ကြောက်သွားပြီး နောက်ကို မခိုးတော့ဘူးလို့ ယူဆကြပါတယ်။ အမှန်တော့ ဒီအယူအဆဟာ အင်မတန် မှားယွင်းတဲ့ ယူဆချက် တခုပါပဲ။ ကလေးဟာ အဖေက နာအောင်ကျင်အောင် (မှတ်အောင်လို့) ရိုက်လိုက်တဲ့ အတွက်၊ အဖေ့ကို ကြောက်ရတဲ့ အတွက်

မိုဘိုင်းဖုန်း များကထွက်သော လျှပ်စစ် သံလိုက်လှိုင်းများကြောင့် လူ့ကျန်းမာရေး ထိခိုက်သည် ဆိုခြင်းမှာ မဟုတ်


မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေသည် ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊
အမျိုးသားများ မျိုးမအောင်ခြင်းထိ ဖြစ်ပွားစေ သည်ဟူသော ပြောဆိုချက် များသည် လုံးဝကို မှားယွင်း နေသော ပြောဆိုချက် များဖြစ်ကြောင်း နော်ဝေနိုင်ငံက ပြုလုပ် ထားသော စစ်တမ်းက အတိအလင်း ပြောကြား လိုက်သည်။

မိုဘိုင်း ဖုန်းများ မိုဘိုင်း တာဝါ တိုင်များမှ ထွက်သော အနိမ့်စား လျှပ်စစ် သံလိုက်လှိုင်းများ၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်းမှ ထွက်လာသော သံလိုက် လှိုင်းများနှင့် ထိတွေ့ ပါများ ပါက လူ့အသား တစ်သျှူးစ များကို အပူဒဏ် သက်ရောက်ကာ ကင်ဆာ ဖြစ်စေသည်၊ အမျိုးသားများမှာ

Saturday 13 July 2013

ထိုင်ကြည့်မနေနဲ့


ကျွန်တော့် အဒေါ်တစ်ယောက်က ကျွန်တော့်ကို ၉ တန်းလောက်တုန်းက ပြောဖူးတယ်။ ငါ့တူ မင်းအရွယ်ရောက်တော့မယ်တဲ့။ အဲ့ဒီတော့ မင်းကြိုက်တဲ့ လမ်းကို မင်းရွေးချယ်ရတော့မယ်။ ဒါပေမယ့် မင်းလျှောက်မယ့်လမ်းကို မင်းကိုယ်တိုင် သေသေချာချာ သိအောင်လေ့လာ ရွေးချယ်ပြီးတော့ လျှောက်၊ ဒါပေမယ့် ထိုင်ကြည့်မနေနဲတဲ့။
မင်းမိုက်ချင်လား၊ လူမိုက်ခေါင်းဆောင်ကြီး ဖြစ်ချင်လား? ဒါဆိုလဲ ငါ အားပေးမယ်။ ဒါပေမယ့် မင်းမှာ မိုက်ရဲတဲ့ သတ္တိရှိရမယ်၊ လူမိုက်တွေကို စိန်ခေါ်နိုင်တဲ့ အတွေးအခေါ်၊ ကိုယ်ခံပညာ တွေရှိရမယ်၊ ပါးနပ်မှု့၊ သြဇာအာဏာ ရှိရမယ်။ ထောင်တွေ၊ ဂါတ်တွေမှာ ပျော်ပျော်ကြီး နေနိုင်တဲ့ စိတ်ရှိရမယ်။ ရဲတွေ၊ စစ်တပ်တွေ ကြားထဲမှာ ကျင်လည်ကျက်စားနိုင်တဲ့ အရည်အချင်းရှိရမယ်။ တစ်နေ့ကျရင် လူမိုက်ခေါင်းဆောင်ကြီးဖြစ်ရမယ်။ လူမိုက်ဘ၀နဲ့ ပျော်ပျော်ကြီး သေရဲတဲ့ စိတ်ရှိရမယ်။ ငါကတော့ ဘယ်တော့မှ ဂါတ်တွေမှာ အာမခံ လိုက်ပေးမှာမဟုတ်ဘူး၊ ဒီတော့မှ မင်းဟာ မိုက်သထက် ပိုပြီး မိုက်လာမယ်။ ဒါပေမယ့် လမ်းဘေးမှာ လေလွင့်နေတဲ့ လူတစ်ယောက်၊ သာမာန် လေလွင့်နေတဲ့ လူတစ်ယောက်လို ဖြစ်သွားလို့ မရဘူး။ တစ်နေ့ကျရင် မင်းဟာ လူတိုင်းက သိနေတဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက် ဖြစ်နေရမယ်။ မဟုတ်လဲ ငါပြောင်းလဲပေးလို့ ရတာမှ မဟုတ်တာ။ လူတွေက မင်းအပေါ် ဘယ်လိုမြင်မလဲဆိုတာက မင်းလုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်လာမှာပဲ။


ဒါမှမဟုတ် မင်းလိမ္မာချင်လား? မင်းလိုချင်တဲ့ ပညာရေး ထောက်ပံစရိတ်၊ စာအုပ်စာတမ်း၊ ပံပိုးမှု့ပစ္စည်းတွေ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ ဒါပေမယ့် မင်းဟာ သူလို ကိုယ်လို ၁၀ တန်းအောင် တစ်ယောက်ဘ၀နဲ့ ဆုံးခန်းသတ်သွားလို့ မရဘူး။ မင်းရဲ့ Professional လမ်းကြောင်းတစ်ခုကို မင်းရွေးချယ်ပြီးတော့ ဆုံးခန်းတိုင်အောင် လျှောက်လှမ်းရမယ်။ ငါဆိုလိုတာက မင်းဟာ ဆရာဝန်ကြီးဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ် ဒါကို ဆိုလိုတာမဟုတ်ဘူး။ မင်းလျှောက်လှမ်းတဲ့ ဘယ်လမ်းမှာ ဖြစ်ဖြစ်၊ မင်းဘယ် အလုပ်, လုပ် မင်းဟာ

Friday 12 July 2013

ဆရာဘယ်လို ရွေးမလဲ




“ကိုယ်ပိုင်ဥာဏ်မရှိကြရင် အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း ဘာသာရေးမှိုင်းတိုက်ခံရမယ်။”
"If you don't have enough intelligence you will probably be exposed to religious fame even in such clean and clear religion as Buddhism."
(အရှင်ဇနကာဘိဝံသ)

ဆရာတော်ရဲ့ မိန့်ဆိုချက်ဟာ အင်မတန်မှ လေးနက်ပါတယ်၊ ဗုဒ္ဓဘာသာမှ အကောင်းဆုံး၊ ဗုဒ္ဓဘာသာမှ အမြင့်မြတ်ဆုံး အမှန်ဆုံးလို့ မကြွေးကြော်ပဲ ပုထုစဉ်မှန်သမျှ မှားတတ်ကြောင်း၊ ကိုယ့်ထင်ကိုယ့်အမြင်နဲ့ သာသနာ ပြုသလို သာသနာကို ဖျက်စီးနေတတ်သူတွေလည်းရှိကြောင်း၊ လေ့လာလိုက်စားမူနည်းလို့ ကျင့်ကြံမူနည်းလို့ အယူအစ အတွေးအခေါ်တွေမှားယွင်းမူတွေဖြစ်တတ်ပြီး နည်းမှားတွေကို လမ်းညွှန်းတတ်သူတွေရှိကြောင်း၊ စေတနာ သဒ္ဒါ တရားလွန်ပြီး ပြောမှားဆိုမှားတွေ ဖြစ်တတ်ကြောင်း၊ တချို့က ဗုဒ္ဓဘာသာ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလား၍ ဗုဒ္ဓဘာသာအမည်ခံပြီး တမင်တကာ ဝင်ရောက်ဖျက်စီးတတ်သူတွေရှိတတ်ကြောင်းကို တိုတိုနဲ့ လိုရင်းရောက်အောင် ပြောဆိုသွားတဲ့ အဆုံးအမလေးပါ။

အဓိကတော့ စိစစ် လက်ခံဖို့ကို ဆိုလိုတာပါ။ ဂျပန် ပညာရှိတစ်ဦးပြောတဲ့ အတိုင်းပါပဲ

" တရားဟောသူထက် တရားနာသူ က ပိုပြီး စိစစ်တတ်ရမယ်။ "

တရားနာသူက ပိုပြီး စိစစ်ရမှာပါ၊ ဆရာဝန်နဲ့ လူနာမှာဆို လူနာက ပေးတဲ့ ဆေးတိုင်းသောက်ရင် သေယုံပဲရှိတယ်လေ။ ဆရာဝန်တော့ သူသိသူတတ်ပဲလုပ်မှာပေါ့ သောက်သုံးရမှာက လူနာလေ၊ အဲ့တော့ လူနာက သေသေချာချာ စဉ်းစား စိစစ်ရမှာပေါ့။ ဒါက ဥပမာပါ။

မြတ်စွာဘုရားလည်း အမြင့်မြတ်ဆုံး ဩဝါဒတစ်ခုကလည်း စိစစ်ပြီးလက်ခံဖို့ကို ပြောထားတယ် - ဒါကို လေးလေးနက်နက်ထားပြီး မှတ်သားသင့်တဲ့ တရားတော်လေးပါ။

" ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့် မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ

ဥသြသံကို ဖုန်းမြည်သံအဖြစ်ထည့်သွင်း၍အာဇာနည်နေ့တွင် အလေးပြုနိုင်ရန် စီစဉ်

အာဇာနည်နေ့အတွက် အလေးပြုနိုင်ရန် ဥသြဆွဲသံအား ဖုန်းမြည်သံစနစ်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

လာမည့် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် ၆၆နှစ်မြော်ကအာဇာနည်နေ့တွင် တရားဝင် ဥသြဆွဲ အလေးပြု ခွင့်မရနိုင်ပါက ပြည်သူများအနေဖြင့် ဥသြသံအား ဖုန်းမြည်သံ(Ringtone)အဖြစ် ရယူပြီး လက်ကိုင်ဖုန်းများအတွင်း အချက်ပေးစနစ်(Alarm)ထည့်သွင်းခြင်းဖြင့် အလေးပြုနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။

"အခု အိုင်တီသမားတွေနဲ့ဆွေးနွေးနေပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရယူနိုင်မယ့် စနစ်ကို ပြုလုပ်ပေးမှာပါ။"ဟု ၄င်းက ပြောသည်။

လက်ရှိတွင် "အဖြူရောင်တွဲလက်များ" ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ အဆိုပါ ဖုန်းမြည်သံ ရယူနိုင်ရန်

စိတ်ဖိစီးမှုပျောက်စေရန် မှီဝဲရမည့် အစားအသောက်များ


စိတ်ဖိစီးမှုပျောက်စေရန် တင်မကပဲ မိနစ်ပိုင်းမျှ အနားယူတဲ့အခါ သုံးဆောင်သင့်တဲ့ အစားအစာများကို ဆိုပါတယ်။


၁။ အခါးရည်ကြမ်း

လက်ဘက်ခြောက်ထည့်ဖျော်ထားတဲ့ ရေနွေးကြမ်း (အခါးရည်ကြမ်း) ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ သူ့မှာ L-Theanine ဆိုတဲ့ ဓာတ်ပါဝင်ပြီး ဒေါသ (Anger) ထွက်စေတဲ့ ဟိုမုန်းများကို လျော့ချပေးတယ်လို့ ဆိုပါတယ်။

၂။ ချောကလတ် (ရေခဲမှုန့်)

ချောကလပ်ရော၊ ချောကလပ် ရေခဲမှုန့်ရော သင့်တော်ပါတယ်။ အနက်ရောင် ချောကလတ်ပါဝင်တဲ့ အစားအစာများဟာ စိတ်ဖိစီးစေတဲ့ ဟိုမုန်းများကို လျော့ချပေးပါတယ်။

၃။ ပျားရည်

ပျားရည် တစ်ဇွန်းစာဟာ ရဲ့  ခါးသီးတဲ့ ဝေဒနာ ကို ပျောက်ကင်းစေ တယ်လို့ တောင် တင်စားထားကြပါတယ်။ အမှန်တော့ ယင်းအချိုဓာတ်က စိတ်ဖိစီးမှုနဲ့ ကိုပြေပျောက်စေတယ်လို့

Thursday 11 July 2013

လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ပါနဲ့


လွတ်လပ်မှုကို အလွဲသုံးစား မလုပ်ဖို့ သိပ်အရေးကြီ:ပါတယ်။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူ:။ ကိုယ့်လွပ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွပ်လပ်မှုကိုလည်: တန်ဖိုးထားမှ ဖြစ်မယ်။
ကိုယ်အကျိုးရှိဖို့ သူတစ်ပါးအကျိုး ထိခိုက်တဲ့အလုပ်တွေကို စည်းမဲ့ကမ်:မဲ့ လုပ်တာဟာ လွပ်လပ်မှု မဟုတ်ဘူ:။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အကျိုးရှိတာကို သိပြီ: လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှု မရှိတဲ့သူ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။


" အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊ လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊ လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။ "

လွတ်လပ်တဲ့စိတ်
 

ဥပဒေဆိုတာ လွတ်လပ်မှုကို တားဆီ:တဲ့အရာလို့ ဆိုနိုင်ပေမဲ့ ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူ:။ စည်းကမ်:နဲ့ လွတ်လပ်မှု၊ တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ တွဲနေတယ်။ ဥပဒေမရှိ စည်းကမ်:မရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူ:။ လုံခြုံမှု မရှိရင်လည်: လွတ်လပ်မှု မရှိတော့ဘူ:။ ကိုယ့်အိမ်ထဲကို ကိုယ်ခွင့်မပြုပဲ ဘယ်သူမဆို ဝင်လာလို့ရရင် လုံခြုံမှုရှိသေ:သလား။

လွတ်လပ်မှုရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ဖို့ သိပ်အရေးကြီ:တယ်။ အတ္တစိတ်ကလိုချင်တဲ့ လွတ်လပ်မှုက တစ်မျိုး၊ သတိနဲ့ဥာဏ်ပါတဲ့ အတ္တစွဲကင်းတဲ့စိတ်က လိုချင်တဲ့ လွတ်လပ်မှုက နောက်တစ်မျိုး။ အတ္တစွဲကင်းတဲ့လူက လိုချင်တဲ့ လွတ်လပ်မှုဟာ

ဘဝအတွက် စည်းမျဉ်း


(၁) သင့်ရဲ့အတိတ်နဲ့ ငြိမ်းချမ်းရေးလုပ်ထားပါ... ဒါမှမဟုတ်ရင် ပစ္စုပ္ပန်ကို လာပြီး ခြိမ်းခြောက်ယှက်နွယ်နေပါလိမ့်မယ်...
 

(၂) တခြားသူတွေ သင့်အကြောင်း ဘာစဉ်းစားနေမလဲဆိုတာ သင့်အလုပ်မဟုတ်ဘူး...
 

(၃) အချိန်ကအရာရာကိုကုစားပါတယ်... ဒီအတွက် အချိန်တော့ပေးရပါလိမ့်မယ်...
 

(၄) သင့်ရဲ့ဘဝကို တခြားသူတွေနဲ့မနှိုင်းယှဉ်နဲ့... တခြားသူတွေကိုလည်း အကဲဖြတ်မနေနဲ့... သူတို့ဘဝဘယ်လိုဖြတ်သန်းနေရတယ်ဆိုတာ သင်မသိပါဘူး....
 

(၅) သိပ်စဉ်းစားမနေနဲ့... အဖြေမသိလို့လည်း ဘာမှမဖြစ်ဘူး... သင်မမျှော်လင့်ဆုံးအချိန်ကျမှ အဲ့ဒီအရာတွေကဖြစ်လာလိမ့်မယ်...
 

(၆) သင့်ပျော်ရွှင်မှုကို သင်ကလွဲပြီး ဘယ်သူကမှ မစေစားနိုင်ပါဘူး...

အမှိုက်ပုံထဲက ရွှေမင်းသမီး


အာဂျင်တီးနားမြို့တော် ဆင်းရဲသားရပ်ကွက်တစ်ခုက ကလေးမလေးတစ်ယောက်ဟာ ညနေကျောင်းဆင်းပြန်တိုင်း တွန်းလှည်းလေးတစ်ခုကို တွန်းပြီး အမှိုက်လိုက်ကောက်ခဲ့တယ်။
တစ်နေ့မှာ အမှိုက်ပုံထဲက သူမဟာ ပုံပြင်စာအုပ်တစ်အုပ်ကို ကောက်ရခဲ့တယ်။ အဲဒီစာအုပ်လေးဟာ သူမအတွက် အဖိုးတန်ရတနာပါပဲ။ အိမ်ပြန်ရောက်တော့ မီးရောင်မှိန်မှိန်အောက်မှာ ပုံပြင်စာအုပ်ကို လှန်လှောရင်း သူမတွေးနေတယ်။
သူမဟာ ပုံပြင်စာအုပ်ကို ဖတ်ရင်းစိတ်လှုပ်ရှားသွားတယ်။ သူလည်းပဲ ဆင်းရဲတဲ့ စင်ဒရဲလားလေးလို မင်းသားလေးနဲ့ တွေ့ဆုံပြီး ပျော်ရွှင်တဲ့ဘ၀ကို ရနိုင်ပါ့မလား။
အဲဒီနောက် သူမဖခင်က “တန်ဖိုးရှိတဲ့ အရာတွေကို ပိုကောက်ရအောင် သူဌေးရပ်ကွက်ထဲကို သမီးသွားကြည့်သင့်တယ်” ...လို့ပြောတယ်။
အဲဒီနေ့ညနေခင်းမှာ အမှိုက်ပုံးထဲက အမှိုက်တွေကို သူမဂရုတစိုက် လှန်လှောနေခဲ့တယ်။ ရုတ်တရပ် သူမကို တစ်ယောက်ယောက်က တိုက်ချလိုက်တယ်။ လဲကျရာက သူမကုန်းရုန်းထချိန်မှာ သူမရှေ့က လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်တယ်။
အဲဒီလူက ရုပ်ရည်ချောမောခန့်ညားပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားတယ်။ သူမအမှား မဟုတ်ခဲ့ပေမယ့် အဲဒီလူကို “ဆောရီး” လို့ဆိုပြီး သူမအရင်တောင်းပန်မိလိုက်တယ်။ ဒါပေမယ့် အဲဒီလူဟာ ဒေါသတကြီးနဲ့ နှာခေါင်းကို လက်နဲ့ပိတ်ပြီး သူမကိုအော်ဟစ်လိုက်တယ်။
“ ဘယ်က အမှိုက်ကောက်တဲ့ကောင်မလဲ၊ သွား.....မြန်မြန်ထွက်သွား”
ဒီစကားတစ်ခွန်းက သူမရင်ထဲကို ပြောမပြနိုင်တဲ့ခံစားမှုတွေ နဲ့ ခံစားသွားစေခဲ့တယ်။ တွန်းလှည်းကို အမြန်တွန်းပြီး နေရာကနေ သူမပြေးထွက်ခဲ့တယ်။
အဲဒီခဏ စင်ဒရဲလားမင်းသမီးရဲ့ အဖြစ်အပျက်ဟာ ပုံပြင်စာအုပ်ထဲမှာပဲရှိကြောင်း သူမသဘောပေါက်နားလည်လိုက်တယ်။
အဲဒီနောက်မှာတော့ ဘာမင်းသားကိုမှ သူမစိတ်ကူးမရင်တော့ဘူး။ ကိုယ့်အားကိုကိုးမယ်ဆိုတဲ့ အသိစိတ်ကို ရသွားတယ်။ ဆင်းရဲခြင်းဟာ တစ်ခဏသာဖြစ်ပြီး ပျော်ရွှင်တဲ့ဘ၀ကို တစ်နေ့ပိုင်ဆိုင်ရမယ်လို့ သူမမျှော်လင့်ခဲ့တယ်။
တစ်နေ့မှာတော့ ထုံးစံအတိုင်း သူမအမှိုက်ကောက်နေတုန်း

Wednesday 10 July 2013

အသင့်တော်ဆုံးချစ်သူ


အချစ်မှာ ပုံသေနည်း မရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက် ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော် လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင် ထားတဲ့ အချစ်ကို တစ်ခြား လူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင် ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝ ကောင်းတယ်လို့ ထင်တာလည်း ရှိမယ်။ အချစ်မှာ အကောင်းဆုံး ဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲ ရှိတယ်။

ဥပမာ (၁) ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင် အိမ်လေး တစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစု တစ်ခုကို ပိုင်ဆိုင်ချင် မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူး ဆိုတာ မောင်မောင် သိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ် ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက် လို့ပဲ။ အလုပ် စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့က လွဲပြီး လက်ရှိ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို မောင်မောင်မရှာ ချင်ခဲ့ဘူး။
ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် အရာရှိတွေ ဖြစ်ကုန်ကြပေမယ့် မောင်မောင်က သာမန်ဝန်ထမ်း အဆင့်ကနေ မတက်ခဲ့ဘူး။ မောင်မောင့်ချစ်သူ ဝေဝေ တစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့ အချိန် သူတို့အချစ်ရေးကို လူတွေက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေမထားခဲ့ဘူး။ ဝေဝေလခတွေ တိုးပြီး ကုမ္ပဏီက ဒါရိုက်တာ ရာထူးခန့်အပ်ခံလိုက်ရတဲ့ အခါ လူတွေက အဆင့်အတန်း မတူတဲ့ မောင်မောင်တို့ရဲ့အချစ်ရေးကို လုံးဝဆုံးခန်း တိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်။
ဒါပေမယ့် မောင်မောင့်ကို ဝေဝေလက်ထပ်လိုက်တယ်။ လက်ထပ်ပြီးနောက် ဝေဝေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။ ၂ နှစ်နေပြီးနောက် ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မောင်မောင် အလုပ်ကထွက်ပြီး အိမ်မှာပဲ ကလေးထိန်းခဲ့တယ်။ မိတ်ဆွေတွေက မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်။ ကလေးကြီးလာပြီး ကိုယ်ပါအသက်အရွယ်ကြီးလာရင်

မျက်လုံး အတွက် ၂၀-၂၀-၂၀


ကွန်ပျူတာ စခရင်ကို ကြည့်ရှုပြီး အသုံးပြု အလုပ်လုပ်နေရတဲ့ သူများ အတွက်မိမိတို့  မျက်လုံးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေရှည် အသုံးပြုရမှာ ဖြစ်တဲ့ အတွက် တန်ဖိုးရှိလှတဲ့ မိမိမျက်လုံးကို ကျန်းမာဖို
့လေ့ကျင့်ခန်း လေး လုပ်ပေးသင့်ပါတယ်။ ထို့ အတူ မျက်လုံးကို ဂရုစိုက်ရမည့် နည်းလမ်းလေးကိုမိတ်ဆွေများအတွက် မျှဝေချင်
ပါတယ်။

ဒါလေးတွေကတော့ ၂၀-၂၀-၂၀ တဲ့..။

ဘော်ဒီအချိုးအစားကို ပြောတာမဟုတ်ပါဘူး။မျက်လုံးကို ဂရုစိုက်ဖို့ 
အတွက် ပြုလုပ်သင့်တဲ့ အဆင့်လေးတွေကို မှတ်မိလွယ်အောင်ပြော
ပြတာပါ။

ပထမဆုံး အဆင့်

ကွန်ပျူတာကို ကြည့်တဲ့ မိနစ်၂၀ ခန့် ကြာတိုင်း မိမိ ခေါင်းကိုလှည့်ပြီး အနည်းဆုံး ပေ၂၀ အကွာအဝေးရှိတဲ့ နေရာက တခြားအရာဝတ္တု တစ်ခုခုကို ကြည့်ပေးရပါမယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ မိမိ မျက်လုံးရဲ့ စူးစိုက်နေရမှု အတွက်တင်နေတဲ့ အာရုံကြောကို ပြေလျောစေပြီ ပင်ပန်းညောင်းညာမှုကို သက်သာစေမှာ ဖြစ်ပါတယ်။

ဒုတိယ အဆင့်

မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက် အကြိမ် ၂၀ ခန့် လုပ်ပေးပါ ။ ဒီလို လုပ်ပေးခြင်းက မျက်လုံးထဲရှိမျက်လုံးအိမ် ခြောက်သွေ့ မှု ကို လျော့စေပြီး မျက်လုံးကို

Tuesday 9 July 2013

ကြောင်လေးတွေနဲ့ ပတ်သက်ပြီး


အိမ်မွေး တိရိစ္ဆာန်တစ်မျိုး ဖြစ်တဲ့ကြောင်တွေဟာ ခွေးတွေပြီးရင် လူတွေ အများဆုံးမွေးဖြစ်တဲ့ ချစ်ခင် သဘောကျတဲ့ တိရိစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်ချစ်တတ်တဲ့သူတွေ အတွက် သူတို့ မသိသေးတဲ့ ကြောင်
တွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူတို့ဟာ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်အာရုံခံမှုတွေ လုပ်ဆောင် သိရှိနိုင်ပါတယ်။

(၂) သူတို့ဟာ အစားအစာတွေကို မ၀ါး၊ မကိုက်ပဲ မျိုချ ချေဖျက်နိုင်စွမ်းရှိပါတယ်။

(၃) သူတို့ဟာ အမြဲတမ်း တွေးတောနေတတ်ပါတယ်။

(၄) သူတို့ဟာ အိပ်မက် မက်နိုင်စွမ်းရှိပါတယ်။

(၅) သူတို့ဟာ လူတွေလို အပြစ်ပေးတယ်ဆိုတဲ့ အရာကို နားမလည်ပါဘူး။ အပြစ်တစ်ခုခုကြောင့် ရိုက်ရင် အပြစ်ကြောင့်လို့ မသိပဲ ရိုက်တယ်လို့ပဲ သိကြပါတယ်။

(၆) သူတို့ အချင်းချင်းတွေ့ရင် နှုတ်ဆက်တဲ့ သဘောနဲ့ နှာခေါင်းချင်း နမ်းတတ်ပါတယ်။

(၇) သူတို့ဟာ သခင်နဲ့ အနီးကပ် နေချိန်တွေမှာ လုပ်တတ်တဲ့ အသံကို ဘယ်နေရာက လုပ်ဆောင်တယ် ဆိုတာ ပညာရှင်တွေ ဒီနေ့အထိ မသိသေးပါဘူး။

စေတနာ ထားတတ်ပုံ



လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသားကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။ လူသားက အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

Monday 8 July 2013

မှန်ကန်တဲ့ စိတ်နေစိတ်ထား


သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။
သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။
သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။
သင့်အား စွန့်လွှတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။
ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။
စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။
လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။
တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။
"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား?
သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။
စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။
လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။
အခက်အခဲကနေ အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူး ဦးတည်ရာဆီ ဆက်လျှောက်ကြတယ်။
ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့

အဖေ့အမျိုးနဲ့ အမေ့အမျိုး


သမီးငယ်တစ်ဦးဟာ သူ့ရဲ့ မိခင်ဖြစ်သူကို လူသားတွေဟာ ဘယ်ကနေစပြီး ဖြစ်လာတာလဲလို့
မေးလိုက်ပါတယ်။

"ဘုရားသခင်က အာဒမ်ကို အရင် ဖန်ဆင်းလိုက်တယ်။ ပြီးတော့မှ အာဒမ်ကိုယ်ထဲက နံရိုး
တစ်ချောင်းကို ယူလိုက်ပြီး ဧ၀ကို ဖန်ဆင်းလိုက်တယ်။ သူတို့နှစ်ဦးဟာ အေဒင်ဥယျာဉ်ကြီးထဲမှာ
နေထိုင်ကြတယ်။ တစ်နေ့မှာတော့ မြွေတစ်ကောင်က ဧ၀ကို ပန်းသီးတစ်လုံး ပေးတာကြောင့် သူနဲ့
အာဒမ်တို့ တစ်ကိုက်စီ ကိုက်စားလိုက်တဲ့အချိန်မှာ သူတို့ နှစ်ဦးဟာ အ၀တ်အစားတွေ မပါဘဲ
ကမ္ဘာကြီးထဲကို ရောက်ရှိသွားကြတယ်။ အဲဒီမှာ သူတို့ဟာ ကလေးတွေ မွေးကြပြီး တစ်ဆင့်ပြီး
တစ်ဆင့် လူသားတွေ အများကြီး ဖြစ်လာကြတာပေါ့"လို့ မိခင်ဖြစ်သူက သမီးငယ်လေးကို
ပြောပြလိုက်ပါတယ်။

နှစ်ရက်လောက်အကြာမှာ သမီးငယ်ဟာ မိခင်ဖြစ်သူကို မေးခဲ့တဲ့ မေးခွန်းကိုပဲ ဖခင်ဖြစ်သူကို
မေးလိုက် ပြန်ပါတယ်။ အဲဒီအခါ ဖခင်ဖြစ်သူက "ဟိုးနှစ်ပေါင်းများစွာတုန်းက မျောက်တွေကနေ
အဆင့်ဆင့်ပြောင်းလဲပြီး ခုလို လူသားတွေ ဖြစ်လာကြတာ"လို့ အဖြေပေးလိုက်ပါတယ်။
မိဘနှစ်ဦးထံက အဖြေတွေဟာ မတူကြတာကြောင့် သမီးငယ်ဟာ မိခင်ဖြစ်သူထံသွားပြီး "မေမေ
ပြောတော့ လူသားမျိုးနွယ်တွေကို ဘုရားသခင်က ဖန်ဆင်းပေးတာဆို။ အဖေကပြောတော့
မျောက်တွေကနေ အဆင့်ဆင့် ပြောင်းလဲလာတဲ့။ ဘယ်ဟာက အမှန်လဲဟင်"လို့ မေးလိုက်ပါ
တယ်။

အဲဒီအခါ မိခင်က "

Baby I Love You သီချင်းနဲ့ နေတိုး စင်ကာပူဖျော်ဖြေပွဲ


နေတိုးကစင်ကာပူမှာ ‘နှင်းဆီခရီးသည်’ မော်ဒန် အငြိမ့်ကို သွားရောက်ဖျော်ဖြေခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးစဉ်တစ်   လျှောက်လုံး အဆင်ပြေခဲ့သလို ကိုယ်ပိုင်သီချင်းလေး တစ်ပုဒ် ဖျော်ဖြေခဲ့မှုအပေါ်ပရိသတ်တွေ အားပေး ကြတယ်လို့ပြောပြပါတယ်။ဖျော်ဖြေပွဲနဲ့ ပတ်သက် ပြီး “ကျွန်တော်တို့ ဇွန် ၃ဝ ရက်နေ့က စင်ကာပူမှာ ကတယ်။ ကျွန်တော်တို့ ပြက်လုံးတွေကိုလည်း သမားစဉ်ကနေ နည်းနည်းလေးခွဲ ထွက်ပြီး လုပ်တာ များတော့ ကျွန်တော်တို့ရဲ့ ဒုက္ခက အငြိမ့်တစ်ခု လုပ်ပြီဆိုရင် ပြက်လုံးအသစ်တွေ လုပ်ရတယ်။ အခု ကပြခဲ့ရတာကို ကျေနပ်တယ် ။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ပြက် လုံးလုပ်ရတာက တအားခက်တယ် လို့ ထင်တယ်။
ဒီမိုကရေစီခေတ်လည်းဖြစ် နေပြီ။ ခေတ်စနစ်ပြောင်းလဲနေတဲ့ အချိန် မှာ ပရိသတ်၊ ပြည်သူလူထုတွေရော အမှားနည်းအောင် တချို့ရိုင်းတာ   လေးတွေကို ပယ်ပြီး မိသားစု ကြည့် နိုင်မယ့် ပြက်လုံးလေးတွေကိုပဲ လုပ် ဖြစ်တယ်။ ကျွန်တော် စင်ကာပူမှာ သီချင်း အသစ်တစ်ပုဒ်ဆိုခဲ့တာ  မထင်မှတ်ပဲ ပရိသတ်တအားအားပေး တယ်။ ဒီသီချင်းက ကျွန်တော့်သီချင်း ခွေထဲမှာထည့်ထားတယ်။ ဒီသီချင်း ကို ဇာတ်ဝင်သီချင်းဝယ်ကတည်း က ကြိုက်ခဲ့တာ။ ကျွန်တော့်အသံနဲ့လည်း လိုက်တယ် ပြောတော့ ကျွန်တော့် အခွေ အတွက်လည်း အားရှိတယ်။ သီချင်း နာမည်က ‘Baby I Love You’ ဆိုတဲ့သီချင်းလေးပါ။ ဒီလို ကျွန်တော့်ရဲ့ ဖန်တီးမှုကို နှစ်သက် ကြတဲ့အတွက် ပီတိဖြစ်ရတယ်။ ရှေ့ ဆက်ပြီးလုပ်ဖို့

Friday 5 July 2013

ဘ၀မှာ ကျေနပ်မှုအပြည့်အ၀ရခြင်ရင်



“ ကိုယ့်ဘ၀ကိုယ် ကျေနပ်မူ အပြည့်အဝ
ရခြင်းဆိုတဲ့ ဆုလာဘ်ဟာ ကိုယ့်အကျိုး
အတွက်ရော၊ သူတစ်ပါးအကျိုးအတွက်ပါ
အလုပ်လုပ်သူတွေအတွက် သဘာဝ
တရားကြီးက ပေးအပ်ထားတဲ့ သီးသန့်
အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

မြင့်မြတ်တဲ့လူမှန်ရင် မသေခင်မှာ
ကိုယ့်အကျိုးမထိခိုက်တဲ့ သူတစ်ပါး
အကျိုး၊ သူတစ်ပါးအကျိုးမထိခိုက်တဲ့

အချစ်ဆိုတဲ့ အရာ


အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင် ပေးသလား..?

စိတ်ပျက် ဝမ်းနည်းစရာတွေ ယူဆောင် ပေးသလား..?

ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား...?

ခါးသက်ခဲ့ သလား...?

အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...

"အချစ်"ကို သိချင်တဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသည်းကွဲနေတဲ့ မိန်းမငယ် တစ်ယောက်ကို တွေ့လို့ "အချစ်က ဘာလဲ"လို့ မေးတော့ မိန်းမငယ်က “အချစ်ဆိုတာ လူကိုနာကျင် စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွား ခဲ့တယ်”လို့ ပြန်ဖြေ ခဲ့တယ်။

လူငယ်ဟာရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကိုတွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ “ အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။

မတူညီတဲ့အဖြေတွေကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေမှာ အရာရာကိုအကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူးခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့

ဆံနွယ်တွေရဲ့အလှအပကို ဂရုစိုက်တက်တဲ့သူတွေအတွက်


ခြောက်သွေ့တဲ့ဆံပင်ကို ရေဓာတ်ဖြည့်ဖို့အတွက်
-သံလွင်ဆီ ၂ ဇွန်း
-ထောပတ်သီး တခြမ်း
- ကြက်ဥအကာ
အားလုံးကိုသမအောင်မွှေပြီး ဆံပင်မှာသုတ်လိမ်းပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

ဆံသားတွေတောက်ပြောင်နေချင်ရင်တော့
သံလွင်ဆီ ၂ ဇွန်း
ပျားရည် ၃ ဇွန်း
ကြက်ဥအကာ
အားလုံးကိုရောမွှေပြီးတော့ အထက်ပါနည်းအတိုင်းပြုလုပ်သွားရင် ရပါပြီ။

ကုန်ကျစရိတ်သက်သာပြီး အိမ်မှာတင် အလွယ်တကူ ပြုလုပ်လို့ရတဲ့

ပြည့်စုံနေတတ်တာပါ


တစ်ချို့ က ကိုယ့်မှာ ချစ်သူရှိရက်နဲ့  ကိုယ့်ချစ်သူရဲ့ 
နောက်ကွယ်မှာ တစ်ခြားသူတွေကို စိတ်ဝင်စားသလို
မျှော်လင့်ချက်လေးတွေ ပေးနေတတ်ကျတယ်

အမှန်တော့ အဲ့ဒီ့ အပြုအမူတွေက ကိုယ့်ချစ်သူကို
အပေါ်ကို တကယ်ချစ်တဲ့ အချစ်ဆိုတာ မဖြစ်နိုင်ပါဘူး
ဘာကြောင့်လဲဆိုတော့ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ ချစ်တဲ့
သူက အဲ့လိုအပြုအမူတွေဘယ်တော့မှမလုပ်ပါဘူး

ကိုယ့်ချစ်သူကို တကယ်ချစ်တဲ့ သူတစ်ယောက်က
သူ့ ရဲ့ ရှေ့ မှာပဲ ဖြစ်ဖြစ် သူ့ ရဲ့ နောက်ကွယ်မှာပဲ ဖြစ်ဖြစ်
တစ်ခြားသူဆိုတာ မလိုအပ်လောက်အောင် ကိုယ့်ရင်ထဲမှာ

အသားအရေပျက်စီးရသော အကြောင်း ရင်းနှင့် ပြန်လည် ပြုပြင်နည်းများ


ကောင်းမွန်လှပတဲ့ အရေပြား ဆိုတာ အပြစ်အနာအဆာ ကင်းပြီး ချောမွေ့တင်းရင်း နေတာ မျိုးပါ။ အသားအရေ ပျက်စီးပြီဆိုရင်တော့ အရေပြားခြောက် သွေ့နေတတ်တာ၊ ကြမ်းတမ်းတာ၊ ကွဲအက်လွယ် တာ၊ ဝက်ခြံပေါက်တာ၊ အရေးကြောင်းပေါ်တာ၊ ကြည်လင်မှုမရှိတာ စတဲ့ ပြဿနာတွေ ပေါ်လာပါတော့တယ်။


အသားအရေပျက်စီးရသည့် အကြောင်းရင်း
အသားအရေ ပျက်စီးစေတဲ့ အဓိက အကြောင်းရင်းတွေရှိပါတယ်။ အဖြစ်များတဲ့ အရေပြားပျက်စီးမှုတွေကတော့

နေလောင်ခြင်း
နေပူထဲကို အကာအကွယ်မပါဘဲ ထွက်တာကြောင့် အရေပြားပျက်စီးစေ နိုင်ပါတယ်။

ကာကွယ်နိုင်စေရန်
- မနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီအတွင်းက နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့် အရေပြားကို ပျက်စီးစေနိုင်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို နေရောင်ကာကွယ် တဲ့ SPF ၁၅ ဆလောက် ပါဝင်တဲ့ခရင်မ်ကို လိမ်းပါ။ ဒါမှမဟုတ် နေပူကို ကာ ကွယ်နိုင်တဲ့ အဝတ်အစားနဲ့ အသုံးအ ဆောင်တွေကို သုံးပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် အရေပြားကို အောက်ဆီဂျင်ရရှိမှုနည်းပြီး ကြာလာတဲ့အခါ အရေပြားပျက်စီးစေပါ တယ်။ အရေပြားမှာ အရေးကြောင်း ဖြစ် တာနဲ့ အရွယ်မတိုင်ခင်အိုမင်းတာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။

ကာကွယ်နိုင်စေရန်
- ဆေးလိပ် မ သောက်ပါနဲ့။ ဆေးလိပ်သောက်တဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။ ဆေးလိပ်သောက် သူဖြစ်ပါက ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။

အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း
အရေပြားပေါ်ကို ကြမ်းတမ်းစွာ ပွတ်တိုက်တာမျိုးနဲ့ အရေပြားသန့်စင် ကြေးချွတ်တာကို ခဏခဏပြုလုပ်တတ် သူတွေမှာ အရေပြားဟာ အထိခိုက်မခံ တော့ဘဲ ဖြစ်လာတတ်ပါတယ်။

ကာကွယ်နိုင်စေရန်
- တစ်နေ့တည်းမှာ ရေခဏခဏမချိုးပါနဲ့။ အရမ်းပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာတွေနဲ့ ကြေးချွတ်ပစ္စည်း တွေကို ရှောင်ပါ။ ရေသုတ်ချိန်မှာ ညင်သာ ပါစေ။ အမွေးရိတ်ချိန်မှာ အထူးဂရုစိုက်ပါ။ ရေဓာတ်ပါဝင်တဲ့ ခရင်မ် ပုံမှန်လိမ်းပါ။

ကျန်းမာရေးနှင့် ညီညွတ်သော အစာမစားခြင်း
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စား သောက်မှုပုံစံကြောင့်လည်း အရေပြား ပျက်စီးစေနိုင်ပါတယ်။

ကာကွယ်နိုင်စေရန်
- ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေနဲ့ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်တဲ့ Fast Food တွေကို ရှောင်ပါ။

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့



ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေ ပါသလား။
ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံး ပေါ်က သေးငယ် တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။

အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့်

မော်ဒယ်စမိုင်းလ်က အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအတွက် အ၀တ်အစား အသုံးအဆောင်နှင့် အလှူငွေများ လှူဒါန်း


အနုပညာလောကထဲသို့ တစ်ကျော့ပြန် ၀င်ရောက်ခဲ့သော မော်ဒယ်သရုပ်ဆောင် စမိုင်းလ်သည် အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအတွက် လိုအပ်သည့် အ၀တ်အစား အသုံးအဆောင်များနှင့် အလှူငွေများ ကို ၃၀-၆-၂၀၁၃ ရက် ညနေက လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စမိုင်းလ်က''ကိုဝင်းဇော်ကို အင်တာနက်မှာ တွေ့တယ်။ အမျိုးသားကလည်း လှူချင်တယ်။ သူက ရောဂါ တစ်ခုပေါ့။ အဲဒါလေးကိုလည်း ကုမှဖြစ်မှာလေ '' ငယ်ငယ်တုန်းက ကြားဖူးတယ်။ ဇီးကွက်စိန် ဆိုတာလေ။ ဒါပေမယ့် မမှီခဲ့ဘူး။ မြန်မာပြည်မှာ ဒီမျိုးဆက် တစ်ခုမှာဆို ပထမဆုံးလို ဖြစ်နေတော့ အဲဒါကို တွေ့လည်း တွေ့ချင်တယ်။ သူက တော်တော်လေး ခိျု့တဲ့တယ် ဆိုတာကို သိရတော့ သူလိုအပ်တာလေးတွေကို ကူညီချင်လို့ လှူဖြစ်တာပါ။
လူတွေက အမြဲတမ်း လာပြီးတော့ ပြဇာတ်တွေမှာ ပြစားသလို ဓာတ်ပုံ လာရိုက်လိုက်၊ ပြန်သွားလိုက်နဲ့ သူအတွက် ဘာမှ အထောက်အကူ မပြုဘူး ပေါ့နော်။ တကယ် ဖြစ်စေချင်တာက သေသေချာချာ ထောက်ပံ့ပြီးတော့ လုပ်ပေးစေချင်တယ်။ အဲဒီအတွက် ကိုယ့်ဘက်က လုပ်နိုင်တဲ့ အပိုင်းကတော့ အနုပညာမောင်နှမတွေ၊ စာနယ်ဇင်းတွေကိုလည်း

Thursday 4 July 2013

အချစ် နှင့် ယုံကြည်မှု



တကယ်တော့ လောကမှာ အချစ်ရှိရုံ ချစ်နေရုံနဲ့ မပြီးသေးဘဲ တစ်ဦးနှင့်တစ်ဦး အချင်းချင်း
ယုံကြည်မှုရှိဖို့ကလည်း လိုအပ်ပါတယ် ။အပြန်အလှန်ယုံကြည်မူ့ မရှိဘူးဆိုရင် ဘာမှ လုပ်လို့
အဆင်မပြေနိုင်ပါဘူး။ဒီလိုယုံကြည်မူ့ရှိဖို့ ဆိုတာ ကလည်း မိမိကိုယ်တိုင် တည်ဆောက်ယူမှသာ
ရနို်င်ပေမည် ။တစ်စုံတစ်ယောက်ကနေ “ ငွေကြေး“နဲ့ဖြစ်စေ “အခွင့်အရေး”နဲ့ဖြစ်စေ“အာဏာ“နဲ့
ဖြစ်စေ ယုံကြည်ခိုင်းလို့ မရနိုင်ပြန်ပါဘူး။ရတယ်ဆိုရင်လဲ “ အတု“ဘဲဖြစ်မှာ သေချာပါတယ်။
ယုံကြည်မှုရှိဖို့  ဘာတွေ လိုအပ်သလဲ ဆွေးနွေးကြည့်ရအောင်လားဗျာ ။

( ၁ ) ရိုးသားပါ ။
( ၂ ) စကားမပြောခင် အရင်နားထောင်ပါ ။နားလည်ပါ ။နားလည်နိုင်အောင်ကြိုးစားပါ ။
( ၃ ) ပွင့်ပွင့်လင်းလင်းရှိပါ ။အစစ်အမှန်ဖြစ်ပါစေ ။
( ၄ ) ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေကို အားပေးပါ ။
( ၅ ) သစ္စာရှိပါ ။

( ၁ ) ရိုးသားပါ ။

ချစ်သူတို့ ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့  အဓိက လိုအပ်တာက အချင်းချင်း ရိုးသားစွာ
ဆက်ဆံတက်ဖို့ ပါ ။တကယ်တော့ရိုးသားဖို့ ဆိုတာ မလွယ်ပါဘူး ။မလွယ်ပေမဲ့ ကိုယ်ဘက်

ကသာ ရိုးရိုးသားသားအရင်ဆက်ဆံနိုင်ခဲ့မယ်ဆိုရင် အပြန်အလှန်သိနားလည်တဲ့ ရိုးသားမှုမျိုး

ကို ပြန်လည် ရနိုင်ပေမည် ။ထိုကြောင့် ယုံကြည်မှုရှိဖို့  ပထမဆုံး အကြံပေးချင်တာက ကိုယ်ဘက်

ကသာ အရင် ရိုးသားစွာ ဆက်ဆံတက်ပါစေ ။


( ၂ ) စကားမပြောခင် အရင်နားထောင်ပါ ။နားလည်ပါ ။နားလည်နိုင်အောင်ကြိုးစားပါ ။

သူက စကားပြောလာပါက သူပြောချင်တာကို အရင်နားထောင်လိုက်ပါ ။ပြီးမှ အပြန်အလှန်ပြန်လည်
ဆွေးနွေးမယ်ဆိုရင် ပိုပြီးထိရောက်နိုင်ပြီး အချင်းချင်းနားလည်မှုလည်းရရှိနိုင်ပေသည်။သူပြောတာ
အရင်နားထောင်လိုက်လို့  ကိုယ်ဘာမှမဖြစ်သွားပါဘူး ။သူပြောချင်တာဖြစ်စေချင်တာကို