တစ်ခါတော့
အစိုးရအလုပ်တစ်ခုမှာ ၀န်ထမ်းခန့်မလို့ဝန်ထမ်းသစ်ရွေးချယ်ပါတယ်။အဲဒီအခါမှာ
ထက်မြက်တဲ့ပညာရှင်တစ်ယောက်က ၀န်ထမ်းတွေကို သမာသမတ်ကျကျရွေးချယ်မှာ
ဖြစ်ပါတယ်။ဝန်ထမ်းတွေဟာ စာတွေ့ဖြေဆိုပြီးပြီမို့ ဒီနေ့မှာတော့
အင်တာဗျူးဖြေဆိုကြမှာဖြစ်ပါတယ်။ပညာရှင်အရာရှိက
အင်တာဗျူးမေးမဲ့အခန်းဝမှာ ခဲတံတိုလေးချထားလိုက်ပါတယ်။အင်တာဗျူးဖြေတဲ့သူတွေ
တစ်ယောက်ပြီးတစ်ယောက်ဖြေဆိုကြပြီးတော့ နောက်တစ်ယောက်ကတော့
လူငယ်တစ်ဦးဖြစ်ပါတယ်။သူက အခန်းတွင်းကို ၀င်လာရင်းလမ်းမှာတွေ့တဲ့
ခဲတံတိုလေးကို ကောက်ပြီး အိတ်ထဲထည့်လိုက်ပါတယ်။
မေးစရာရှိတာအားလုံးမေးပြီးတော့ အရာရှိကသူ့ကိုမေးပါတယ်။မင်းဘာလို့ ဒီ ၂ လက်မတောင်မရှိတဲ့ ခဲတံလေးကို ကောက်လိုက်တာလဲ။မင်းမှာ ခဲတံမရှိဘူးလား လို့မေးတော့ လူငယ်က ကျွန်တော့်မှာ ခဲတံရှိပါတယ်။ဝယ်လဲ ၀ယ်နိုင်ပါတယ်။ဒါပေမယ့် ဒီခဲတံလေးက ဒီမှာကျနေပြီးတော့ ကောက်မယ့်သူမရှိလို့ကောက်လိုက်တာပါ။
အဲဒီတော့ အရာရှိကမင်းဘယ်နေရာမှာ သုံးမလဲလို့ မေးလိုက်ပါတယ်။ဒီတော့လူငယ်က ဒီခဲတံလေးဟာ ကိုင်ရေးလို့ မရတော့ပေမယ့် မျဉ်းတားလို့တော့ရပါသေးတယ်။အဲလိုပြောလိုက်တော့ အရာရှိက ထိုလူငယ်ကို အလုပ်ခန့်လိုက်ပါတော့တယ်။အခြားအရာရှိတွေက ဘာလို့အလုပ်ခန့်လိုက်တာလဲ လို့မေးလိုက်တော့ အရာရှိက ဒိလူငယ်ဟာ ပစ္စည်းသေးသေးလေးပင်ဖြစ်လင့်ကစား မည်သို့အသုံးချရမည်ကို နားလည်တယ်။အဲဒါကြောင့် သူ့ကို အလုပ်ခန့်လိုက်ရင် ပစ္စည်းဖြုန်းတီးလေလွင့်တာကို အတတ်နိုင်ဆုံးလျော့ချနိုင်မယ်။အားလုံးကလဲ အရာရှိရဲ့ ဆုံးဖြတ်ချက်ကို သဘောတူလိုက်ကျလေသည်။
မောင်စိုင်း
Myawady News fb

No comments:
Post a Comment