Monday, 6 May 2013

ရေကန်ကြီးလို ကျင့်ကြံပါ


သူ့ရဲ့ ဘဝကို သူကိုယ်တိုင် မကြေမနပ် ဖြစ်နေတဲ့ တပည့် တစ်ဦးကို ပညာရှိ ကြီးတစ်ဦးက စိတ်မသက်မသာ ဖြစ်မိ တာကြောင့်။တနေ့မနက်မှာ သူ့တပည့်ကို ဆားအချို.ကို ယူခဲ့ဖို့ ပြောလိုက်တယ်။ သူ့တပည့် ဆားယူပြီး ပြန်လာတဲ့အခါ လက်တဆုပ် ပမာဏခန့် ဆားကို ရေအပြည့် ထည့်ထားတဲ့ ဖန်ခွက်ထဲ ထည့်ခိုင်ပြီး ထိုရေကို သောက်စေတယ်။
ဘယ်လို အရသာ ရှိလဲလို့ ပညာရှိ ကြီးက မေးတော့။ သူ့တပည့်က ခါးသက် နေအောင် ငံပါတယ်လို့ ပြန်ဖြေတယ်။ ထိုအခါ ဆရာကြီးက ရယ်မောပြီး လက်တဆုပ်စာ ဆားကို နောက်တကြိမ် ယူစေပြီး ရေကန်ထဲ ထည့်ခိုင်းပြန်တယ်။ ဆရာတပည့် နှစ်ယောက် အနီးက ရေကန်တခုဆီ တိတ်ဆိတ်စွာ လမ်းလျှောက်လာပြီး တပည့်ဖြစ်သူက ရေကန်ထဲကို အသင့်ယူဆောင်လာတဲ့ လက်တဆုပ်စာ ဆားကို ထည့်လိုက်တယ်။
ပညာရှိကြီးက သူ့တပည့်ကို အခု ကန်ထဲကရေကို သောက်ကြည့်ပါအုန်းလို့ ပြောတော့ သူ့တပည့်လည်း ကန်ရေကို သောက်ကြည့်တယ်။ ပညာရှိကြီးက ဘယ်လို အရသာ ရှိလဲလို့ မေးပြန်တယ်။ တပည့်က လတ်ဆတ်ပြီး အေးမြပါတယ်လို့ ပြန်ဖြေတယ် ။ ဆားအရသာကော တွေ.ရဲ့လားလို့ ပညာရှိကြီးက ထပ်မေးတယ်။ လူငယ် မတွေ့ပါဘူးလို့ ပြန်ဖြေတယ်။
ဒီတော့ ပညာရှိကြီးက

Sunday, 5 May 2013

ဒု ၊ သ ၊ န ၊ သော အဓိပ္ပာယ်



ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေ တွေဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ဘ၀ ကနေခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့သတိ ပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီစကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီအကြောင်းတရားကိုဟော ကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း

စိတ်ဓါတ်ကြံ့ခိုင်ဖို့


လူတစ်ယောက်မှာ ...
ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ထက် ...
စိတ်ဓါတ်ကြံ့ခိုင်ဖို့က ပိုအရေးကြီးတယ်။

ပျော့ညံ့တဲ့သူတွေဟာ ...
စိတ်ဓါတ်ကျ လွယ်တယ် ...
ပြန်မရနိုင်တော့တာတွေအတွက် ...
အချိန်ဖြုန်းကာ ဆွေးမြေ့ကြေကွဲကြတယ်။
လမ်းပျောက်သွားတဲ့ ...
ကလေးတစ်ယောက်လို ငိုကြွေးကြရင်း ...
လောကဓံကို လက်လျှော့ အရှုံးပေးကြတယ်။

စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတွေကတော့

ဖယောာင်းတိုင်မီးက လူ့ကျန်းမာရေးကို ထိခိုက်စေ


အိမ်တံခါး အလုံပိတ်ပြီး ဖယောင်းတိုင်မီးထွန်းခြင်းက လူ့ကျန်းမာရေး ကို သိသိသာသာ ထိခိုက်စေကြောင်း သိရပါတယ်။ဖယောင်းတိုင်မှာပါတဲ့ ရေနံဆီ၊ လောင်စာ၊ ဖယောင်း တို့ ရောမွှေလောင် ကျွမ်းမှုကြောင့် ထွက်လာတဲ့ အငွေ့ဟာ အနံ့အားဖြင့် မပြင်းထန်ပေမယ့် ရှုရှိုက်မိရင် အဆိပ်အတောက် ဖြစ် ရ လောက်အောင် ဆိုးကျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖယောင်းတိုင် ထွန်းရင် လေဝင်လေထွက် တစ်နေရာရာမှာ ရှိဖို့ လိုအပ်ပါတယ်။
ရေမွေး တစ်စက်တို့မှုကြောင့် အနံလှိုင်လှိုင်ထွက် သကဲ့သို့

Saturday, 4 May 2013

2013 MAY လအတွက် ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်း


တနင်္ဂနွေ
 
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။
မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။

အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။
သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
မြေ အ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။
ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။
အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။
အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

 

တနင်္လာ
 
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါ သည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။

အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ

အချစ်ရေးနဲ့ ပတ်သက်ပြီး အလုပ်ကို မထိခိုက် စေချင်ဘူးဆိုတဲ့ ချမ်းမီမီကို


အခုချိန်မှာ အချစ်ရေးနဲ့ ပတ်သက် ပြီးတော့ ဘာမှ မစဉ်းစား ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တွေ ပျက်သွားမှာ စိုးလို့ပါ။ အလုပ်ပျက်သွားမယ် ဆိုတာက အခုချိန်မှာ ချမ်းမီမီကိုက ဒီအနုပညာကို ချစ်တယ်၊ ပရိသတ်ကို ချစ်တယ်၊ ပရိသတ် အတွက် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်ဆို တော့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အလုပ်ကို မထိခိုက် စေချင်ဘူး။ အဲဒါကြောင့် အချစ်အကြောင်းကို မစဉ်းစားဘူး။ အလုပ်ကိုပဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား သွားမယ်လို့ စဉ်းစား ထားပါတယ်။ ချမ်းမီမီကို အဆိုးတွေ မြင်တာ ခံရရင်တော့ ဝမ်း နည်းမိတဲ့ စိတ်မျိုးတော့ မဖြစ်မိပါ ဘူး။ သူကမသိလို့ ဖြစ်သွား တာပါ။ သူကမသိလို့ ကိုယ့်အပေါ် မကောင်းတဲ့ စိတ်တုံ့ပြန် တာပဲလေ။ မကောင်းတဲ့ စိတ်တုံ့ ပြန်တဲ့အခါမှာ

Friday, 3 May 2013

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး


ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်

မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊ အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။

ကြောက်ရွံ့မှု ကင်းအောင်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့်

Thursday, 2 May 2013

နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ နန်းခင်ဇေယျာ ပါဝင်ကူညီ (သတင်း/ရုပ်သံ)

မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် ကျင်းပသည့် နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်တွင် မစ္စ မြန်မာ နန်းခင်ဇေယျာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ယင်းအစီအစဉ်ကို ဂရုဏာ လူမှု မြှင့်တင်ရေးအဖွဲ့မှ ဦးစီးကျင်းပပြီး မေ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှ ပရဟိတဂေဟာ ၁၂ ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် ၁၃၅၀ ဦးတို့ ပါဝင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။“အဓိကက ကလေးတွေ ရင်ထဲမှာ ရှိနေတဲ့ သိမ်ငယ်စိတ်တွေပျောက်ဖို့ အားပေးစကားပြောတယ်။ ကလေးတွေနဲ့ အတူတူ

Wednesday, 1 May 2013

အင်္ဂလိပ်စကားလုံး ၅၀၀၀ နှင့် အသုံးချနည်းများ


Description: The United States Information Agencyဆိုသည့် အဖွဲ့အစည်းသည် မည်သည့် အင်္ဂလိပ်အနုစာပေမဆို ရေးနိုင်၊ ဖတ်နိုင်မည့် အင်္ဂလိပ်စကားလုံးများကို သုတေသနပြုခဲ့ရာတွင် မကြာခဏ အသုံးပြုအများဆုံး အင်္ဂလိပ်စကားလုံး ငါးထောင်ကို ရှာဖွေတွေ့ရှိ စုစည်းပေးနိုင်ခဲ့သည်။ ထိုစကားလုံး ငါးထောင်၏ အသုံးဝင်မှု အရှိန်အဟုန်သည် တစ်နေ့ထက်တစ်ခြား
မြင့်သထက် မြင့်မားလာသောကြောင့် John Robert Shaw က ထိုစကားလုံး ငါးထောင်ပါဝင်သည့် The New Horizon Ladder Dictionary of the English Language စာအုပ်ကို ရေးသားဖြန့်ချိခဲ့ရာ အလွန်လူကြိုက်များခဲ့သည်။ ယခုစာအုပ်သည် အထက်ပါစာအုပ်ကို အသွင်သစ်ဖြင့် ဘာသာပြန်ဆိုရေးသားထားခြင်းဖြစ်ပြီး စကားလုံးများအပြင် ရှေ့ပိုင်းအခန်းအနေဖြင့် အင်္ဂလိပ်သဒ္ဒါအကျဉ်းချုပ်ရှင်းလင်းချက်အခန်းကိုပါ ထည့်သွင်းပေးထားသည်။ ထို့ကြောင့် ဤတစ်အုပ်ဝယ်ရုံမျှဖြင့် အင်္ဂလိပ်စကားလုံးများ ကြွယ်ဝစေမည်ဖြစ်သလို သိပြီးသားစကားလုံးများကို သဒ္ဒါနည်းကျကျ ပေါင်းစပ်ပြီး စာကြောင်းများဖြစ်အောင် ဖွဲ့ဆိုရေးသားနိုင်ကြမည်ဖြစ်သည်။

အောက်ပါလင့်မှာ ဒေါင်းပါ

အပူဒဏ်ကြောင့် ခံစားရတဲ့ ရောဂါဝေဒနာများ


ကမ္ဘာ့လေထုထဲသို့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ခရမ်းလွန် ရောင်ခြည်တွေက အရင်နှစ်တွေထက် ပိုမိုကျရောက်လာနေတယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။ ခရမ်းလွန် ရောင်ခြည်မှာ A,B,C ဆိုပြီး သုံးမျိုး ရှိတဲ့အနက် ရောင်ခြည် A ကြောင့် Allergy လို့ခေါ်တဲ့ အသားနေလောင်လို့ ဓာတ်မတည့်ခြင်း ခံစားရစေတယ်။ ရောင်ခြည် B ကြောင့် Burn အသား နေလောင်ဒဏ်ရာ ဖြစ်ပေါ်စေတယ်။ ရောင်ခြည် C ကြောင့် အရေပြား ကင်ဆာဖြစ်ပေါ် ခံစားရတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။
အပူဒဏ်ကြောင့် အသက်သေ ဆုံးမှုဟာ တတိယ အများဆုံး ဦးရေအဖြစ် အမေရိကန် အထက်တန်း ကျောင်းတွေနဲ့ အားကစားသမားတွေ မှာ တွေ့ရှိရတယ်။ အပူဒဏ်နည်းနည်းပဲ ခံစားရရင် လက္ခဏာတွေ မပြင်းထန်ပေမယ့် ဆိုးရွားစွာ အပူဒဏ်ခံစားရရင် အသက်သေဆုံးစေတဲ့ Heat Stroke အပူရှပ်ခြင်း၊ ရှော့ခ်ရခြင်း အထိ ခံစားရပါတယ်။ အဲဒီလို အပူဒဏ်ကို ကလေးတွေနဲ့ အသက်ကြီး တဲ့သူတွေက ပိုမိုခံစားရ လွယ်ပါတယ်။ ဒါ့အပြင် ကလေးတွေဟာ အဆော့ သန်တာနဲ့ ရေငတ်လည်း ငတ်သလောက် ဆာသလောက် ရေမသောက်ဖြစ်ကြတော့ ရေဓာတ်ဆုံးရှုံးမှုဟာ ကလေးတွေမှာ လူကြီးလူရွယ် တွေထက် ပိုဖြစ်လွယ်ပါတယ်။ ကတော့ အောက်ပါအတိုင်း ဖြစ်ကြတယ်။ ရောဂါအမည်တွေသာ ကွဲပြားပေမယ့် အပူဒဏ်ခံစားရတဲ့ လက္ခဏာတွေကတော့ ရောနေကြတာပါ။

အပှုကြောင့် ကြွက်တက်ခြင်း (Heat Cramps)

ပူပြင်းတဲ့ ရာသီမှာ ဒီလက္ခဏာကတော့ အများစု ခံစားရတာဖြစ်ပြီး ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့
အတူဆား (Na) ဓာတ် ဆုံးရှုံးမှုလည်း တွေ့ရတယ်။ အဲဒါတွေရဲ့ အကျိုး ဆက်က ခြေသလုံြးွကက်သားတွေ နာကျင်ပြီး ကြွက်တက်တာ ခံစား လာရတာပါ။ ကြွက်တက်ရင် လှုပ်ရှား မှုတွေ ရပ်တန့်ပြီး ကြွက်တက်တဲ့ ခြေထောက်ကို အနားယူဖြေလျှော့ပေး ထားသင့်တယ်။ ဥပမာ မတ်တတ်ရပ် နေရင် ထိုင်ချပြီး ခြေချောင်းတွေ ဒူးတွေကို ကွေးထားသင့်တယ်။ ဆန့်တန်းထားလေ၊ ကြွက်သားတွေ တင်းထားလေ ကြွက်တက်တာက နာကျင်မှု ပိုဆိုးလေဖြစ်ပါတယ်။ ကြွက်တက်တာက ကုန်းပေါ်တင်ဆို ဘာမှ မဖြစ်ပေမယ့် ပင်ပန်းတကြီး အားကစားလုပ်အပြီး သို့မဟုတ် ချွေးပေါက်ပေါက်ကျအောင် အလုပ် လုပ်အပြီး ရေကူးရင်တော့ ရေကူး ရင်းြွကက်တက်ရင် ရေဆက်မကူး နိုင်တော့ဘဲ ရေနစ်တတ်ပါတယ်။ ကြွက်တက်တာက ကြွက်သားတွေ အပြင်းအထန် လှုပ်ရှားရပြီး ပင်ပန်း နွမ်းနယ်နေတဲ့အခါ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေဖြစ်တယ်။ အဲဒီ လို ကြွက်တက်တဲ့အခါ