Tuesday 2 July 2013

လူ့အဆင့်အတန်းကို တိုင်းတာတဲ့ပေတံဟာ


လောကသတ်မှတ်ချက်အရ
နိမ့်တဲ့အခြေအနေ
မြင့်တဲ့အခြေအနေ
ဘယ်အခြေအနေမျိုးမှာပဲရှိရှိ
တရားဓမ္မနဲ့ညီတဲ့
အပြုအမူကို
ပြုတဲ့သူ
တရားဓမ္မနဲ့ညီတဲ့
အပြောအဆိုကို
ပြောတဲ့သူ
တရားဓမ္မနဲ့ညီတဲ့
အတွေးအကြံကို
တွေးတဲ့သူဟာ
အဆင့်အတန်းရှိတဲ့လူပါပဲ။
လောကအဆင့်အတန်းမြင့်ပေမယ့်

ဓမ္မအဆင့်အတန်းနိမ့်ရင်
အဆင့်အတန်းမရှိတဲ့လူ
လောကအဆင့်အတန်းနိမ့်ပေမယ့်
ဓမ္မအဆင့်အတန်းမြင့်ရင်
အဆင့်အတန်းရှိတဲ့လူလို့
ခေါ်နိုင်ပါတယ် ။





အရှင်ဆန္ဒာဓိက 


No comments:

Post a Comment