Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, 27 July 2014

နေရာ



ခမ်းနားမှုကိုမဆာလောင်ပါဘူး
ဒါကြောင့်လည်း
အေးတန်သရွေ့အေးတယ်ပေါ့။

အိပ်မက်အကြီးကြီးမက်ဖို့ဆိုအတွက်
ကတ္တီဘာမွှေ့ယာမရှိပါဘူး
ကျောတစ်ခင်းစာ ဖူလုံရင်ပဲ
အိပ်ရေးဝနိုင်တယ်မဟုတ်လား။

ရုပ်ဝတ္ထုလောင်ဆာနဲ့
စိတ်ကို အပူမတိုက်ပါဘူး
ဒါကြောင့်လည်း
အေးတန်သရွေ့အေးပါတယ်။

နေ့တစ်ဓူဝ သိက္ခာနဲ့
ငါ့အိပ်ယာဟာ
ဗဟုသုတဖျာတစ်ချပ်လည်းဖြစ်ရဲ့။
ပညာယာတစ်ကွက်လည်းဖြစ်ရဲ့။

ဘယ်မှာပဲအိပ်အိပ်
နတ်သမီးအိပ်မက်
မက်ခွင့်ရှိတယ်လို့ကြားဖူးပေမယ့်

Tuesday, 10 June 2014

ငါမအားသေးဘူးလေနော်



★ လာချင်ရင်လည်း လာပေါ့
တားပိုင်ခွင့်မှ မရှိတာ
ထွက်သွားလည်း မတားပါဘူး
ငါ့ကိုယ်ငါတောင်မှ မပိုင်တာလေ။

★ အယူအဆချင်း တူဖို့လဲ မဆွဲဆောင်ပါဘူး
စိတ်ဓါတ်ချင်းတူဖို့လည်း ညှိမယူပါဘူး
ငါ့ကိုယ်ငါတောင် သင်ယူနေရတုန်းဆိုတော့။

★ မင်းမုန်းမှာလည်း မပူသလို
မင်းမေတ္တာကိုလည်း မတောင့်တပါဘူး
အေးအောင် နေတက်ဖို့ကျင့်နေရတာနဲ့တင်
ငါမအားသေးလို့ပါ

★ သံယောဇဉ် မရှိမဟုတ်ပါ သို့သော်
ကင်းအောင်နေတက်ဖို့ကို ငါ့ကိုယ်ငါလည်း
သင်နေသလို
ငါ့အနီးစပ်ဆုံးတွေကိုလည်း
စွမ်းသမျှသင်ပေးတယ်။

★ ဒေါသ ဟုတ်လား
ဒါတင်မကသေးဘူး လောဘနဲ့ မောဟလည်း
ရှိသေးတယ်။

★ နောက်ပြီး
ငါမကျွမ်းကျင်တဲ့ ဟန်ဆောင်မှု့ကို
သဘောမကျလို့

Thursday, 24 April 2014

နောက်ဆုံး


တချို.ကပြောကြတယ်
ဘ၀ဆိုတာ တိုက်ပွဲတဲ့။
အသေအကြေ တိုက်နေရတာ
နှစ်သစ်ဆိုတဲ့ နယ်နိမိတ်ထဲတောင် ခြေကျွံလာခဲ့ပြီ။
ကျဆုံးစာရင်း ပြန်ဖွင့်ကြည့်တော့
အတိတ်လွင်ပြင်ထဲမှာ
မှတ်တိုင်တွေ ပြည့်လို့ နေလေရဲ့။
ပြိုကျလုဆဲ ရင်ဘတ်ထဲက ဆေးရုံလေးမှာ
ဆေးဆိုတာ နတ္တိ
ဒဏ်ရာရနေတဲ့ သင်ခန်းစာတွေအတွက်
ဂွမ်းနဲ့ ပတ်တီးတောင် မကျန်တော့ဘူး။
မထင်မှတ်တဲ့ ချုံခိုတိုက်ပွဲ
အလဲအကွဲနဲ့ ပြန်ကျလာတာ
ငါ့တပ်တွေပါလား။
ယဲ့ယဲ့ပဲကျန်တော့တဲ့ စိတ်ဓါတ်
အပြီးအပြတ်ချေမှုန်းခံလိုက်ရသလိုပဲ။
အားတင်းပြီးလူးလဲအထ
ခွေကနဲပြန်အကျမှာ
သိလိုက်ရတာက

စက္ကူငှက်လေး


လေပြည်အ၀င့်မှာ ကြွေလွင့်လာလို့ 
ပေရှပြီး မြေမခရအောင်
မြတ်နိုးခြင်းလက်အစုံနဲ့ 
ရင်အုံမှာ ပွေ.ပိုက်မိပါရဲ့
နတ်ဆိုးတွေရဲ့ ကြိမ်စာတစ်ပိုဒ်တဲ့
မိုးတွေပြိုလို့ အမှောင်ဖုံး
ငါ့ကမ္ဘာတစ်ခုလုံး ထစ်ချုန်းနေတော့တယ်။
(ဇင်ယော်)

အဲဒီနေ့ ပေါ့
ဦးတည်ရာမဲ့ ခြေလှမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို တစိုက်မတ်မတ်လိုက်လျှောက်နေမိတာ။ သူ့ ကိုယ်သူ ကြိုးစားပြီး အားပေး နေမိတယ်။ မုန်တိုင်းလွန်ရင် လေပြည်လာဦးမှာပါလို့ ။ ဒါပေမယ့် ခြောက်သွေ.ကြမ်းတမ်းတဲ့ ကန္တာရကို ဖြတ်တိုက်လာတဲ့လေပြည်က ပူလောင်ပြင်းရှနေဦးမှာလား အတွေးတစ်စက ဆက်ပြီး အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့သလိုပဲ။ အဆုံးအရှုံးတွေ များလွန်းလှတဲ့ အခိုက်အတန့်  ကာလလေးမှာ ဒူးထောက်လုနီးပါး သူကျဆုံးနေခဲ့မိတယ်လေ။ ပတ်ဝန်းကျင်မှာရှိသမျှ အရာရာ ဘာကိုမှ သတိမထားမိနိုင်လောက်အောင်ကို ရက်ရက်စက်စက် သွေးပျက်နေခဲ့တာပါလား။

အဲဒီနေ့ ပေါ့
အချိန်ဆိုတဲ့ ဝေါဟာရကို သတိထားလိုက်မိတော့ နေ့ တစ်နေ့ ရဲ့ ညနေဆည်းဆာက တဖြည်းဖြည်းနဲ့  အမှောင်ယံမှာ တိုးဝင်ပျောက်ကွယ် နှုတ်ဆက်နေပြီလေ။ မာကြူရီမီးလုံးတွေကတော့ ကတ္တရာလမ်းမပေါ်ကို အလင်းရည်တွေ အုပ်မိုးလို့  သွန်ချနေလေရဲ့။ လမ်းပေါ်က လူတွေရဲ့အိမ်အပြန်က သူ့ အတွက် ချိုမြိန်တဲ့ တေးတစ်ပုဒ်မဟုတ်တာကတော့ သေချာတယ်။ သူ့ ရဲ့ကောင်းကင်မှာတော့ ကြယ်တွေက တစ်စင်းပြီးတစ်စင်း အလုအယက် ခုန်ဆင်းပြီးကြွေနေလိုက်ကြတာ မှုန်ပြပြအလင်းတစ်စတောင် ကျန်ပါဦးမလား။

အဲဒီနေ့ ပေါ့
ရင်ဘတ်ထဲက ပေါက်ကွဲလုနီးပါး မီးတောင်ရှင်တစ်ခုအနီးကနေ သူကြောက်လန့် တကြားနဲ့  ပြေးထွက်ဖို့  ကြိုးစားနေခဲ့မိတယ်။ ဘ၀မှာ အရှုံးတွေ မကြာခဏ ကြုံဆုံဖူးပါရဲ့ ဒါပေမယ့် အောင်မြင်မှုကို ဆာလောင်နေတဲ့ မျှော်လင့်ခြင်းကို အိမ်မက်လုပ်ပြီး ခေါင်းအုံးအိပ်ခဲ့ရတဲ့သူ့ အတွက် ဒီတစ်ခါ အရှုံးကတော့ ခါးသီးလွန်းလိုက်တာ။ ခုလိုအချိန်မျိုးမှာ တကယ်လို့ သာ ............................................. သူ တစ်စုံတစ်ရာပေါင်းများစွာကို ပြင်းပြင်းပျပျ သတိရလာမိတယ်။ ခံစားချက်တွေ မျှဝေနားထောင်ပေးနေကြ နားတစ်စုံရယ်၊ အဆင်မပြေမှုတွေကြားမှာ ကူညီဖေးမပေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံရယ်၊ အားပေးစကားတွေ စီးမြောလာတတ်တဲ့ နှုတ်ခမ်းတစ်စုံရယ်၊ ဘ၀အမောတွေကို ခဏတာပြေပျောက်စေတဲ့

Tuesday, 22 April 2014

ကျားရဲ

နေပြင်းလျှင်

နှင်းမှုန်လည်း

စွေ့စွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်ကျဉ်း

အလင်းမ၀င်…..လေမ၀င်

နေမမြင်…..လမမြင်

လူမမြင်…..သူမမြင်မှာ

ထိုင်လျှင်ထိုင်…..မထိုင်လျှင်ငေး

အိပ်လျှင်အိပ်…..မအိပ်လျှင်တွေး

သတင်းမေးဖို့ဝေးရော…..သီချင်းလေးမှ မဆိုရ

စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ

တရားဟောဖို့ ဝေးရော…..စကားလေးမှ မပြောရ

အဟောသိက…..သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး…..ပတ်လျှောက်လိုက်

သံတခါးဝ…..ရပ်လိုက်

တမတ်တပ်တပ်…..တနေကုန်။ ။


မနေ့ ကလည်း…..တနေကုန်

ဒီနေ့ လည်း…..တနေကုန်

မနက်ဖြန်လည်း…..ကုန်အုံးမယ်

ကုန်…..ကုန်…..ကုန်….

ကုန်ချင်သလောက်ကုန်စမ်း..

Thursday, 5 December 2013

အကျိုး ရှိစေသူတွေပါပဲ


ပိုက်ဆံရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
သူအနားမှာအမြဲရှိတယ်

စားစရာရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
သူအနားမှာအမြဲရှိတယ်

ပျော်စရာရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
သူအနားမှာအမြဲရှိတယ်

ချစ်သူရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
သူအနားမှာအမြဲရှိတယ်

"သူ" ဆိုတဲ့
သူငယ်ချင်းကောင်းတွေဟာ

Monday, 2 December 2013

မင်းအိမ်


မြန်မာနိုင်ငံသား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အဆိုးအမြင်တွေနဲ့ ကိုယ့်မြန်မာနိုင်ငံအကြောင်း ၊ ကိုယ့်လူမျိုးအကြောင်း ဟိုပြောဒီပြော သိပ်မပြောကြပါနဲ့။ တကယ်တော့ အဲဒီလို ပြောနေတာ ကိုယ့်အိမ်ကို ကိုယ်ပြန်ပြီး အဆိုးဖြစ်အောင် လုပ်နေသလို ဖြစ်နေပါတယ်။ ဘယ်သူတွေဘာပဲ ပြောပြော မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ ကိုယ်ပိုင်အိမ်ပါပဲ။ ကိုယ့်အိမ်ကောင်းရင် ကိုယ်ဂုဏ်ရှိမယ်။ ကိုယ့်အိမ်ဆိုးရင် ကိုယ်ညှိုးငယ်မယ်။ ဒီတော့ ကိုယ့်အိမ်ကို အဆိုးဖြစ်အောင် လုပ်မယ့်အစား ကိုယ်စွမ်းနိုင်တဲ့ဘက်က အကောင်းဖြစ်အောင် ဝိုင်းပြင်ကြတာပေါ့။ ဆရာဇော်ဂျီရဲ့ “မင်းအိမ်”ဆိုတဲ့ ကဗျာလေးကို ဖတ်ကြည့်ပြီး ပြင်သင့်တာပြင်ကြပါစို့။

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


မကောင်းမင်းအိမ်
ကောင်းမင်းအိမ်တည်း
မင်းအိမ်ရွှဲစို အမိုးယိုသော်
မငြိုးသင့်ပါ မင်းတက်ဖာပေါ့။

အကာအခင်း ပျက်ယိုယွင်းသော်
မငြင်းစေချင် မင်းဆက်ပြင်ပေါ့။

အခွင်အနဲ့ အရွဲ့အစောင်း
မကောင်းမပြေ ဟောင်းထွေထွေကို

Thursday, 14 November 2013

မတွေဝေမိပါနဲ့ 


လူနှစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိတဲ့အခါ

ကိုယ်ကစပြီး ပြုံးပြဖို့ ကို မတွန့် ဆုတ်ပါနဲ့ ၊

ဒီအပြုံးလေးက အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို

ကိုယ့်ဘဝထဲ ဖိတ်ခေါ်နိုင်စွမ်းရှိတတ်လို့ ပါ။

ဘဝရဲ့ ပထမဆုံးခြေလှမ်းတစ်လှမ်းကို

စပြီးလှမ်းဖို့  မတွေဝေမိပါနဲ့ ၊ဒီခြေလှမ်းလေးက အမြင့်မားဆုံးအောင်မြင်မှုတစ်ခုဆီ

ကိုယ့်ကိုဆွဲခေါ်နှိုင်စွမ်းရှိတတ်လို့ ပါ ၊၊

လွန်းထားထား - ဆေးတက္ကသိုလ် မှ သိသမျှ ။

ကိုယ်ကိုယ်တိုင်ပဲ


ဘဝရဲ့ အောင်မြင်ဖို့ အတွက် အခွင့်အလမ်းတွေကို ဘယ်သူကမှ လာပေးခဲ့တာ

မဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်ပဲ လိုက်ရှာဖွေကြိုးစားရတာပါ။

ဘဝရဲ့ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းတွေကိုလည်း ဘယ်သူကမှ ကိုယ့်ဆီကလုယူသွားတာဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်ပဲ လွှတ်ချလိုက်တာပါ ၊၊


လွန်းထားထား - ဆေးတက္ကသိုလ် မှ သိသမျှ ။

ပေးဆပ်ပြီးသား


" အချစ်ကိုနားမလည်နိုင်သေးခင်ကတော့
အချစ်ဆိုတာ
ကိုယ်စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက်
သူတပါးကိုချစ်တာလို့
ထင်ခဲ့တယ်...... ။
အချစ်ကိုနားလည်လာချိန်ကျတော့
အချစ်ဆိုတာ
ကိုယ့်ဘ၀ကိုပေးဆပ်ပြီးသား
ဖြစ်နေနှင့်ပြီ...."


သိသမျှ ။

Monday, 11 November 2013

အမှတ်တမဲ့ လက်ဆောင်


အမှတ်တရ မရှိတဲ့
အမှတ်တမဲ့ တွေ အတွက်
အသင် … … …
ဘာကို များ … …
နောင်တ ရချင်နေပါသလဲ … … … ။


ဘဝ တစ်ခု အတွက်
လမ်း တစ်ခု ဆိုရင်
အသင် … … …
ဘယ်လိုများ … …
လုံ့လ သုံးမလဲ … … … ။


ဆန္ဒ တစ်ခု အတွက်
ရမ္မက် တစ်ခု ရှိနေရင်
အသင် … … …
ဘယ်လောက်ထိ
ဝီရိယ စိုက်မလဲ … … … ။


သင့် လမ်း အတွက်
သင် သုံးတဲ့
သင့် လုံ့လ နဲ့
သင့် ဆန္ဒ အတွက်
သင် စိုက်ထုတ်တဲ့
သင့် ဝီရိယ ကြောင့်

Monday, 23 September 2013

ဆေးစက်တစက်စီ တို့ပေးပါ

 

သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ...
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။

မြို့တော်တခို
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပါ။
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့

Monday, 9 September 2013

လူထဲကလူ


လူထဲကလူ သူဘယ်သူလဲ
ငြူစူစိတ်ထား
မော်ကြွား ၀င့်ထယ်
ပုတ်ခတ်ပြောဆို
အထင်သေးစကား
သနားခြင်းကင်း
လူတွင်ကျယ်လုပ်
ကိုယ်မှ အဟုတ်ထင်
ဇီဇာကြောင်ကြောင်
ဝန်တိုစိတ်ပွား
လက်ညှိုးထိုးကာ
မောက်မာယိုးစွတ်
ကဲ့ရဲ့တဖန်
နှိမ်ချ တစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . . .
 

လူထဲကလူ သူဘယ်သူလဲ
ဖြူစင်စိတ်ထား
မော်ကြွားကင်းစင်
နှစ်သိမ့်ပြောဆို

Friday, 9 August 2013

တဖတ်ကမ်း



ဟေး...
ငါ့(စိတ်)ဝိဥာဉ်ရေ...
မင်းဘယ်မှာတုန်း..။
ငါရုပ်ခန္ဓာနဲ့မင်း ..
ကင်းကွာနေတာကြာပြီ..
ဘယ်လိုစေတသိတ်တွေနဲ့
မင်းလွန်ကျူးနေလည်း...။

ဟေး..ဒီမှာ..
နိဝရဏတွေနဲ့ဖုံးကွယ်ထားတဲ့
မင်းသဏ္ဍာန်မှာ
ဟောဟိုက..အလင်းရောင်ဆိုတာ
မြင်သင့်နေပြီ..။

လာပါ
ငါ့ (စိတ်)ဝိဥာဉ်ရေ..
အမှန်တရားတွေဆီ..
ငါတို့ ချီတတ်စို့ရဲ့..။
ဒုက္ခဆိုတာတွေက
တကယ်တော့
တို့နဲ့ရင်းနှီးကျွမ်းဝင်ဆုံးသော
မိတ်ဆွေတွေပဲမဟုတ်လား....။

လာပါကွယ်..
အကြောက်တရား ကင်းကင်းနဲ့
ငါ့ဆီ လာခဲ့ပါ..
သိရင်း မြင်ရင်း ကြားရင်း

Wednesday, 26 June 2013

မျှော်လင့်ခြင်းတွေနဲ့ပဲ



တချို့လူတွေက အရမ်းကံကောင်းကြတယ်
နာကျင်မူ တွေ ခံစားပြီးတဲ့အခါမှာ
ကိုယ်ချစ်တဲ့ သူက နားလည်တက်ရင်
သူတို့လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရကြတယ်..။


တချို့လူတွေကျ အရမ်းကံဆိုးကြတယ်......။
ကိုယ်ဘက်က အချစ်တွေ အများကြီး ပေးဆပ်ခဲ့သည့်တိုင်
ကိုယ် ချစ်တဲ့ သူက နားမလည်ချင်ယောင်ဆောင်သွားခဲ့ရင်
သူတို့ အတွက် နာကျင်မူဆိုတာကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရတော့တယ်။


တချို့လူတွေကျ ကိုယ်တိုင် ကံဆိုးမှန်း ကံကောင်းမှန်းမသိကြဘူး
လက်လွတ်ဆုံးရူံမူနဲ့ နာကျင်ရတော့မှာလိုလို

Friday, 21 June 2013

ရင်ခုန်သံ စာမျက်နှာပေါ်က အလွမ်းပန်းချီ


မှိုင်းညို့ ညို့ ကောင်းကင်ကြီးအောက်က
တအိအိပြိုဆင်းလာတဲ့ မိုးစက်တွေနဲ့ အတူ
ရင်ဘတ်ထဲမှာလဲ သတိရခြင်းတွေက
ငွေ့ ရည်ဖွဲ့  မိုးစက်တွေအဖြစ်
တအိအိ ပြိုဆင်းလာတယ်

တစ်ရှုးတစ်ထုပ်လို အချစ်မျိုး နဲ့  ကျွန်တော်သူမကို ချစ်ခဲ့တာပါ
အဖြူရောင်စာမျက်နှာမှာ ချစ်သူရဲ့  ချွေးစက်တွေ ပေကျံသွားပါစေ
ချစ်သူအမောပြေရင်
ကျွန်တော် ရိုးသားစွာ ကျေနပ်တယ်
မျှော်လင့်ခြင်းကမ်းခြေမှာ
သတိရခြင်းဒီလှိုင်းတွေက
ိဝုန်းဒိုင်းကျဲလို

ရင်ခုန်သံစာမျက်နှာတစ်ရွက်ပေါ်မှာ
မိုးခါးခါးညတွေနဲ့ 
ကြယ်ကြွေအိမ်မက်တွေ ပေါင်းစပ်ချယ်မှုန်းလိုက်တော့

Sunday, 16 June 2013

အဖေဆိုတာ


သားယောင်္ကျားလေးမွေးလာရင်
သူထက်သာပြီး အားကိုထိုက်တဲ့ လူဖြစ်စေချင်တယ်။

သမီးမိန်းခလေးမွေးလာရင်
သူ့ဇနီးထက်ပိုသာတဲ့ အမျိုသမီးကောင်းဖြစ်စေချင်တယ်။


သူ့ရဲ့သားအတွက်
ကိုယ့်ရဲ့အသက်ကိုပင် ပဓာနမထားပဲ
သူရဲကောင်းတယောက်လို အင်အားတွေကုန်ခန်းသည့်တိုင်
ရှေ့ကမားမာမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတက်သလို.....။

Sunday, 31 March 2013

တန်ခူးလဘွဲ့


“ နွေခါမှီငယ်
 

ရာသီမိဿ၊ ဂိမှာနမို့
 

စိတြကြယ်၊ တိမ်မိုးလယ်မှာ
 

စံပယ်ကွန့်ကာ၊ တိမ်ဗွေချောဝယ်
 

ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့
 

နှစ်ဆန်းငယ် သင်္ကြန်
 

သစ်သစ်သာဖန်တော့တယ်
 

နိုင်ငံကြော့ ပြည်သူမှာ
 

ပန်ဆုယူတာ ရေသွန်းချိန်မို့
 

လွမ်းလှတယ်လေး။ ”

- မဟာအတုလမင်းကြီး၏ တန်ခူးလဖွဲ့ မှ သိသမျှ ။







တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။ 

ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)

ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။

လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်း ဖြစ်ပါလိမ့်မယ်။
ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။
အခု ဈေးကွက်မှာ ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။ 
ရန်ကုန်ဈေးကွက်ထဲက ပလပ်စတစ်သင်္ကြန်ပစ္စည်းများ

ရွက်စိမ်း ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_7140.html#sthash.ptreCFOF.dpuf

တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။ 


ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)

ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။

လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်း ဖြစ်ပါလိမ့်မယ်။
ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။
အခု ဈေးကွက်မှာ ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။ 
ရန်ကုန်ဈေးကွက်ထဲက ပလပ်စတစ်သင်္ကြန်ပစ္စည်းများ

ရွက်စိမ်း ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_7140.html#sthash.ptreCFOF.dpuf

Wednesday, 26 December 2012

ချစ်သောညီမလေးသိပါစေ

 
ချစ်သောညီမလေးသိပါစေ...........


လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............



ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်

Thursday, 6 September 2012

ဘယ်လိုပဲဖြစ်စေ


လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
 
ဘယ်လိုပဲဖြစ်စေ... သူတို့ကိုခွင့်လွှတ်လိုက်ပါ။

 
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်

ဘယ်လိုပဲဖြစ်စေ... သနားကြင်နာမြဲသနားကြင်နာပါ။

 
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်