Monday 9 September 2013

လူထဲကလူ


လူထဲကလူ သူဘယ်သူလဲ
ငြူစူစိတ်ထား
မော်ကြွား ၀င့်ထယ်
ပုတ်ခတ်ပြောဆို
အထင်သေးစကား
သနားခြင်းကင်း
လူတွင်ကျယ်လုပ်
ကိုယ်မှ အဟုတ်ထင်
ဇီဇာကြောင်ကြောင်
ဝန်တိုစိတ်ပွား
လက်ညှိုးထိုးကာ
မောက်မာယိုးစွတ်
ကဲ့ရဲ့တဖန်
နှိမ်ချ တစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . . .
 

လူထဲကလူ သူဘယ်သူလဲ
ဖြူစင်စိတ်ထား
မော်ကြွားကင်းစင်
နှစ်သိမ့်ပြောဆို


ညင်သာစကား
သနားခြင်းဖြင့်
ကူညီဖေးမ
စေတနာထား၍
ကောင်းရာလမ်းညွန်
မုဒိတာပွား
အဆိုးအကောင်းသုံးသပ်
အထင်သေးခြင်း
အလျဉ်းမရှိ
ချီးကျူးတဖန်
အကြံပြုတစ်မျိုး
အမျိုးမျိုးနှင့် အသင်လူသား
လူထဲကလူ ဘယ်လိုလူလဲ . . .

နေ၀န်းနီနီ - YM = https://www.facebook.com/pages/%E1%80%90%E1%80%BC%E1%80%B2%E1%80%9C%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/197125167116060 မှ သိသိမျှ ။



No comments:

Post a Comment