Showing posts with label သီတင်းဓါတ်ပုံ. Show all posts
Showing posts with label သီတင်းဓါတ်ပုံ. Show all posts

Sunday, 9 February 2014

မောင်သာကောင်းနဲ့ မယ်လိုဒီတို့ရဲ့ မင်္ဂလာပွဲမှတ်တမ်း {သီတင်းဓါတ်ပုံ, }

  
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
  
မောင်သာကောင်းနှင့် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ၊အဆိုတော် မယ်လိုဒီ တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကို ဖေဖော်ဝါရီလ(၈) ရက်နေ့နံနက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များ၊အနုပညာရှင် မောင်နှမများ၊ စီးပွားရေးလုပ်ငန်းရှင်များ တတ်ရောက်ခဲ့ကြပါတယ်။  


Monday, 27 January 2014

ငြိမ်းချမ်းရေးအတွက် နမိတ်ဆိုးလား

  
                                    

ငြိမ်းချမ်းရေး ချိုးငှက်ကို အခြားငှက်က တိုက်ခိုက်နေစဉ်၊ ဓာတ်ပုံ- ဝါရှင်တန်ပို့စ် 
 
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နမိတ်ဆိုးများဖြစ်လေမလားလို့ တွေးမိစရာ သတင်းတပုဒ်က ဝါရှင်တန်ပို့စ် မှာ ဖော်ပြလာပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဘေး တဖက်စီမှာ ကလေး ၂ ဦးက ငြိမ်းချမ်းရေး ချိုးငှက် ၂ ကောင်ကို လွှတ်ပေး စဉ်မှာ အခြား ငှက်တွေက ငြိမ်းချမ်းရေး သင်္ကေတ ဂျိုးငှက် ၂ ကောင်ကို ထိုးသုတ် တိုက်ခိုက်ကြ တဲ့ သတင်းပါ။ 


မနေ့က ဗာတီကန်စီးတီးမှာ ပုပ်ရဟန်းမင်းကြီးရဲ့ Apostolic နန်းတော် ပြူတင်းတံခါး တခု ပွင့်လာပြီး ချိုးငှက်တွေကို လွှတ် ပေးစဉ် ဇင်ယော်ငှက်ကြီးတကောင်နဲ့ ကျီးမည်းကြီးတကောင်က ဝင်တိုက်ခိုက်တာကို စိန့်ပီတာရင်ပြင်ကနေ ရပ်ကြည့်နေ တဲ့ ထောင်နဲ့ ချီတဲ့ လူတွေ

Monday, 10 June 2013

အနုပညာရှင် တင့်တင့်ထွန်း(သို့) ဒေါ်နန္ဒမာလာ အကြောင်းတစေ့တစောင်း {သတင်း/ဓါတ်ပုံ}

တချိန်က သရုပ်ဆောင်၊ အဆိုတော် တင့်တင့်ထွန်းတယောက် အခု ဘာလုပ်နေလဲ။ ဒီကနေ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ နာရေးကူညီမှု အသင်း ( ရန်ကုန်) က သရုပ်ဆောင် ဦးကျော်သူက အခုလို ရေးသား တင်ပြလာပါတယ်။ ဧရာဝတီက ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 


မြတ်ဗုဒ္ဓ၏ သမီးတော်

တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင် သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ 
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ 
၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။

ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ 
တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ်

Saturday, 13 April 2013

ရန်ကုန်မြို့ တော်ဝန်သင်္ကြန်မဏ္ဍပ် ညပိုင်းမြင်ကွင်း

မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပြီးနောက် အလှပြယာဉ်များဖြင့်ဖျော်ဖြေစဉ်

(၁၀)နှစ်ပြည့် Alpine manadaly thingyan အနုပညာရှင်များစွာဖျော်ဖြေမည်

ကမ္ဘာအေး၊ ကန်တော်ကြီး၊ ပြည်လမ်း ၂၀၁၃ သင်္ကြန်အကြိုနေ့ မြင်ကွင်းများ


ယနေ့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြို) နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် အများဆုံးရှိသည့် ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် ယခင်နှစ်များကထက် ရေလာရောက်ကစားသူ လျော့ကျနေကြောင်း မဏ္ဍပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ လမ်းများအနက် ရေကစားမဏ္ဍပ်များတွင် ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍပ်များ၌ လာရောက်ကစားသူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Monday, 21 January 2013

ပထမဆုံး သဲပန်းပုပြပွဲ မောင်းမကန်ကမ်းခြေမှာ ပြုလုပ်(သတင်း/ဓါတ်ပုံ)


မြန်မာပြည်ရဲ့ ပထမဆုံးသော သဲပန်းပုပွဲတော်ကို ထားဝယ်မြို့ မောင်းမကန်ကမ်းခြေမှာ စနေ၊ တနင်္ဂနွေနေ့တွေက ပြုလုပ်ခဲ့ပါတယ်။


“သဲပန်းပုထုတဲ့လူတွေက အရုပ်ပေါ်လာတာကို အဓိက ခံစားတာထက် သဲနဲ့ရေကို စုစည်းနိုင်မှုရှိအောင် လုပ်ရတဲ့ Process က အနှစ်သာရပေါ့လေ….။ လူတွေအားလုံး ၀ိုင်းလုပ်လို့ ရတယ်။ လုပ်အားဝိုင်းပေးလို့ရတယ်။ ၀ိုင်းကြည့်လို့ ရတယ်။ ပြိုကျသွားရင်လည်း လူတွေ အားလုံး နှမြောတဲ့သူကနှမြော၊ ကဲ့ရဲ့တဲ့သူက ကဲ့ရဲ့.စသဖြင့် ပေါ့လေ..။ ဒါတွေက သဲပန်းပုရဲ့

Sunday, 20 January 2013

လားရှိုးသိန်းအောင် တကိုယ်တော် ဂီတပွဲမြင်ကွင်း (သတင်း/ဓါတ်ပုံ)


မြန်မာပြည်ကို ခေတ္တပြန်လည်ပတ်ရောက်နေတဲ့ နာမည်ကြီး အဆိုတော် တဦးဖြစ်တဲ့ လားရှိုးသိန်းအောင်ရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC မှာ ယမန်နေ့ည ယခုည ၈ နာရီက စတင်ပြီး ကျင်းပခဲ့ပါတယ်။ 
လားရှိုးသိန်းအောင် ခေါ် jimmy ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာ တာဖြစ်ပါတယ်။ 

ဖျော်ဖြေပွဲဟာ စည်းကားသိုက်မြိုက်ပြီး တချိန်က သီချင်းဟောင်းတွေလည်း

Monday, 31 December 2012

(Myanmar Countdown 2013) မြို့မကွင်း(မိုင်ဒါကွင်း)တွင်နှစ်သစ်ကူးည ဖျော်ဖြေမှုပုံရိပ်များ (သတင်း/ဓါတ်ပုံ)


မြို့မကွင်း(မိုင်ဒါကွင်း)တွင် ၂၀၁၃ နှစ်သစ်အကြို ဖျော်ဖြေမှုကိုလာရောက်ပေးသော ပရိတ်သတ် ခုနှစ်သောင်းနှစ်ထောင်ကျော်ရှိ တယ်လို့သိရပါတယ်။


Tuesday, 25 December 2012

အဲပုဂံလေယာဉ် လေယာဉ် ပျက်ကျ မီးလောင်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဆေးရုံတင်ထားကြောင်း သိရ (သတင်း/ဓါက်ပုံ)


အဲယားပုဂံလေယာဉ် ကွင်းမှားယွင်းဆင်းသက်မှု ကလေးငယ်တဦးနှင့် ဆိုင်ကယ်စီးသူတဦးသေဆုံး၊ ၁၁ ဦးဆေးရုံတင်ထားရကြောင်း အစိုးရမြန်မာ့ရုပ်မြင်သံကြားက အရေးပေါ်ကြားဖြတ်သတင်း နေ့လယ် ၁၁ နာရီ ၅၀ တွင် ကြေညာသည်

Monday, 24 December 2012

မြန်မာနိုင်ငံ ရန်ကုန်မြို့က ချက်ထရီယံ ဟော်တယ်မှာ Miss Christmas 2012 ပြိုင်ပွဲ (သတင်း/ဓါတ်ပုံ)

မြန်မာနိုင်ငံ ရန်ကုန်မြို့က ချက်ထရီယံ ဟော်တယ်မှာ Miss Christmas 2012 ပြိုင်ပွဲ တခုကို ကျင်းပခဲ့ပါတယ်။ 
  ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

Sunday, 16 December 2012

ရန်ကုန်ပုံရိပ်များ ၂

ဆိုင်းဘုတ်အပြာတွေမှာတော့ စက်အသင့်၊ ဆီအသင့်၊ ရေအသင့် လို့ ရေးထားပြီး ဆိုင်းဘုတ်နီနဲ့ ရေးထား တာတွေကတော့ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ် ဆိုတာတွေဖြစ်ပါတယ်။ မြန်မြန်သိဖို့တော့ ဒီနေ့ခေတ် ရန်ကုန်မြို့ ဆက်သွယ်ရေးစနစ်ကြောင့် လွယ်ကူပါတယ်။ သို့သော်လည်း ရန်ကုန် လမ်းမတွေ မှာ မြန်မြန်သွား မြန်မြန်မောင်းဖို့ကတော့ (ညသန်းခေါင် မဟုတ်ရင်) အခက်အခဲ ရှိပါလိမ့်မယ်

Saturday, 15 December 2012

ရန်ကုန်ပုံရိပ်များ ၁


ရန်ကုန်ဟာ နယ်က ရောက်လာတဲ့သူတွေကို နေထိုင်စရာ နဲ့ အလုပ်အကိုင်တွေ ပေးတယ်။ ပြည်ပက အလုံးအရင်း ၀င်လာတဲ့ မော်တော်ကားများကို လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ ဖြစ်သလို နေရာပေးထားပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ဟာ အကြီးအကျယ် ပြောင်းလဲနေလိုက်တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကနဲ့မတူသလို ပြီးခဲ့တဲ့နှစ်ကနဲ့လည်း မတူတော့တာကို သတိထားမိပါတယ်။
အရောင်အသွေးစုံလင်တဲ့ ရန်ကုန်ရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်