Saturday 13 April 2013

ကမ္ဘာအေး၊ ကန်တော်ကြီး၊ ပြည်လမ်း ၂၀၁၃ သင်္ကြန်အကြိုနေ့ မြင်ကွင်းများ


ယနေ့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြို) နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် အများဆုံးရှိသည့် ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် ယခင်နှစ်များကထက် ရေလာရောက်ကစားသူ လျော့ကျနေကြောင်း မဏ္ဍပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ လမ်းများအနက် ရေကစားမဏ္ဍပ်များတွင် ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍပ်များ၌ လာရောက်ကစားသူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။




No comments:

Post a Comment