Showing posts with label ဗဟုသုတရေးရာ. Show all posts
Showing posts with label ဗဟုသုတရေးရာ. Show all posts
Tuesday, 29 July 2014
ဆံညှပ်အခုတစ်ရာ
ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။
တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။
ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။
နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။
သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်"လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့
Thursday, 26 June 2014
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
Tuesday, 24 June 2014
ချစ်ခင်သူကို တန်ဖိုးထားပါ
ဥရောပ ပုံပြင် တစ်ပုဒ် ကို တော်တော်များများ ကြားဖူးကြ မှာပါ။ သားကောင်ငယ်တစ်ကောင်ကို အမဲလိုက်မိသွားတဲ့ မြေခွေး ဟာ ချောင်းငယ်ကို ဖြတ် လို့ လျှောက်လာ ပါတယ်။ လျှောက်နေ ရင်းနဲ့ အောက်က ရေကိုငုံ့ကြည့် လိုက်တော့ သူ့လိုပဲ သားကောင်ငယ်ကို ပါးစပ်မှာ ကိုက်ထားတဲ့ မြေခွေးကို သွားတွေ့ ပါတယ်။ သူ့ကိုယ်သူ မြင် တယ်လို့တောင် သူမသိပါဘူး။
ဒါနဲ့ သူ့ပါးစပ်ထဲက သားကောင်ထက် ရေထဲက မြေခွေးရဲ့ သားကောင်က ပိုကြီးတယ်လို့ မှတ်ယူပြီး ပါးစပ်က သားကောင်ကို လွတ်ချလို့ ရေထဲ က မြေခွေးကို စတင် တိုက်ခိုက်ပါတော့တယ်။ တိုက်ရင်းနဲ့ ရေထဲ က မြေခွေးကိုလည်း မတွေ့၊ သားကောင်လည်း မရ၊ နောက်တော့ သူ့သားကောင်သာ ရေထဲမှာ မျောသွားတာကို မသိပဲ ဆုံးရှုံး လိုက်ရ ပါတယ်။
သင်ခန်းစာ
လက်တွေ့ ဘဝမှာလည်း ဒီလိုပါပဲ။ မိမိ ပတ်ဝန်းကျင်မှာ ချစ်သူ ခင်သူ၊ ကိုယ့်ကို ဂရုစိုက်နေသူတွေ ရှိပေမယ့် ဒါတွေကို သတိမထားမိဘူး။ သတိထား မိနေရင်တောင် တန်ဖိုးမထားပဲ နေတယ်။ တစ်ခါတစ်ရံမှာ တစ်ဖက်သားကို နာကျင်စေအောင် ပြန်တုံ့ပြန်မိ တတ်တယ်။ ပြီးတော့ မိမိမှာ ရှိနေတာနဲ့ မလုံလောက်ပဲ
Tuesday, 10 June 2014
ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း
သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။
ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက်
Friday, 30 May 2014
ဘဝအတွက် နေထိုင်နည်း
(၁) အရာအရာကို အကောင်းဘက်မှ မြင်ပါ။
(၂) လေ့ကျင့်ခန်းကို နေ့တိုင်းလုပ်ပါ။
(၃) ကျန်းမာအောင်စားပါ။
(၄) သန်စွမ်းကျန်းမာမူ ရှိပါစေ။
(၅) ပူပင်သောကတွေကို လျော့ချလိုက်ပါ။
(၆) တစ်ခါတစ်လေ လွတ်လပ်စွာ ကခုန်လိုက်ပါ။
Friday, 2 May 2014
ကောင်းကွက်ကို ရှာနိုင်မှ
ပျော်ရွှင်စရာဘယ်လောက်ကောင်းတဲ့ မိသားစုဖြစ်နေပါစေ
တစ်ဦးနဲ့တစ်ဦး နားလည်အလျော့ပေးနွေးထွေးမှုရှိမှ စစ်မှန်တယ်
သူငယ်ချင်းနှစ်ယောက် ဘယ်လောက်ပဲ အချိန်ကြာကြာ လက်တွဲခဲ့ကြပါစေ
တစ်ယောက် ဒါဏ်ရာတစ်ယောက်မကုစားပေးကြဘူးဆိုရင် သူငယ်ချင်းအစစ်မဟုတ်သေးဘူး
ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ခန့်ညား ဂုဏ်ရှိနေပါစေ
သစ္စာ တရားကို ကောင်းကောင်း နားလည်သေးဘူးဆိုရင် အားမကိုးထိုက်ဘူး
မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှပကျော့ရှင်းနေပါစေ
နွေးထွေးကြင်နာ ခွင့်လွှတ်တတ်ခြင်းကို မသင်ယူရသေးဘူးဆိုရင်
တစ်ဦးနဲ့တစ်ဦး နားလည်အလျော့ပေးနွေးထွေးမှုရှိမှ စစ်မှန်တယ်
သူငယ်ချင်းနှစ်ယောက် ဘယ်လောက်ပဲ အချိန်ကြာကြာ လက်တွဲခဲ့ကြပါစေ
တစ်ယောက် ဒါဏ်ရာတစ်ယောက်မကုစားပေးကြဘူးဆိုရင် သူငယ်ချင်းအစစ်မဟုတ်သေးဘူး
ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ခန့်ညား ဂုဏ်ရှိနေပါစေ
သစ္စာ တရားကို ကောင်းကောင်း နားလည်သေးဘူးဆိုရင် အားမကိုးထိုက်ဘူး
မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှပကျော့ရှင်းနေပါစေ
နွေးထွေးကြင်နာ ခွင့်လွှတ်တတ်ခြင်းကို မသင်ယူရသေးဘူးဆိုရင်
ခဲတံတစ်ချောင်းကပေးတဲ့ သင်ခန်းစာ
- နာကျင်မှုတွေက အမြဲ ချွန်မြနေစေတယ်
( လက်ရေးလှလှလေးတွေထွက်ပေါ်လာဖို့ ခဲသားတုံးတုံးကို ချွန်ထက်ဖို့အတွက် မလိုအပ်တဲ့ ဘေးအနားသားတွေကို အနာခံပြီးလှီးထုတ်ရသလို ဘ၀မှာ ကြုံရတဲ့ဒါဏ်ရာတွေနဲ့ နာကျင်ကြေကွဲမှုတွေက ကိုယ့်အတွက်အကောင်းဆုံးသင်ခန်းစာတွေပါ အရှုံးပေးလိုက်မယ့်အစား အဲဒီအရှုံးတွေကရတဲ့သင်ခန်းစာတွေ နာကျင်မှုတွေကပေးလာတဲ့ ခွန်အားတွေကို အသုံးချပြီး အမြင်ဆုံးကို လှမ်းတက်နိုင်ရမယ် )
- သင်လုပ်သမျှအရာအားလုံး အမှတ်တစ်မှတ်ဖိုးပါပဲ
( လောဘဆိုတာ ထိုက်သင့်သလောက်ပဲကောင်းပါတယ် ဘ၀မှာ ငွေငွေ ဆိုပြီး ငွေနောက်အမြဲလိုက်နေပေမယ့်လည်း တကယ်တမ်း ခဲတံလေးကပေးတဲ့သင်ခန်းစာလိုပဲ သင်လုပ်သမျှ အရာအားလုံးဟာတစ်မှတ်ဖိုးစာပါပဲ ဘာမှ ပိုမရပါဘူး အလုပ်လုပ်တာလည်းလုပ်ပါ ငွေရှာတာလည်းရှာပါ ဒါပေမယ့် ကိုယ့်အတွက်
Tuesday, 18 February 2014
တစ်လင်တစ်မယား စနစ် ငန်းတို့ ကျင့်သုံး
ယင်းထဲမှာ ပါတဲ့တဲ့ တိရစ္ဆာန်တစ်မျိုးကတော့ ငန်း ဖြစ်ပါတယ်။ ငန်းတွေဟာ အကောင်ပေါက်ပြီး သေတဲ့အထိ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် ချစ်သူ လက်တွဲ ဖော် တစ်ဦးသာ ထားရှိပါတယ်။ ယင်း အတွဲထဲမှ တစ်ကောင်ကောင် သေသွားရင်လည်း နောက်တစ်ကောင် ရှာမကြိုက်ပါဘူး။ အချို့ ငန်းတွေဆိုရင် ရင်ကွဲနာကြပြီး သေတယ်လို့ ဆိုပါတယ်။ ရင်ကွဲနာ မကျရင်တောင် တစ်ကောင်တည်း အထီးကျန် ကျန်ရှိတဲ့ ငန်းဟာ သာမန် ငန်းထက် အသက်တိုတတ်ပါတယ်။ ဒါကလည်း
Sunday, 9 February 2014
ကမ္ဘာ့ သက်တမ်းအတိုဆုံး အိမ်ထောင်သက်တမ်းကို ယူအေအီးက စံချိန်တင်
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ဖြစ်ရပ် ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး တစ်မိနစ်မကြာပဲ ကွာရှင်းခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူရဲ့ ဖခင်ဟာ သမီးလေး အိမ်ထောင်ပြုပြီးမှ အလုပ်ရာထူး တစ်ခု ပေးမယ်လို့ ဆိုထားတာကြောင့် သူ့အတွက် မိတ်ဆွေအမျိုးသားက ကူညီပေးခဲ့ခြင်း ဖြစ်ပြီး တရားရုံးမှာ မင်္ဂလာဆောင် လက်မှတ်ထိုးပါ တယ်။ ပြီးတော့ ချက်ချင်းပဲ ရုံးဘေးက တရားရုံးမှာ ကွာရှင်း လက်မှတ် အတူထိုးကြ ပါတယ်။ ယင်းအတွက် ကြာမှာ ကြာသွားချိန်က တစ် မိနစ်တောင် မပြည့်ပါဘူး။ စက္ကန့်ပိုင်းသာ ကြာပြီး လက်ထက် စာချုပ်က မင်တောင် မခြောက်သေးတဲ့အချိန်မှာ ကွာရှင်းစာချုပ် ပေါ်
Monday, 27 January 2014
တံခါးပေါက် ပိတ်စရာမလိုတဲ့ နိုင်ငံ
သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။
ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ
Tuesday, 7 January 2014
သုနေရာနဲသူ
တစ်ခါတော့
အစိုးရအလုပ်တစ်ခုမှာ ၀န်ထမ်းခန့်မလို့ဝန်ထမ်းသစ်ရွေးချယ်ပါတယ်။အဲဒီအခါမှာ
ထက်မြက်တဲ့ပညာရှင်တစ်ယောက်က ၀န်ထမ်းတွေကို သမာသမတ်ကျကျရွေးချယ်မှာ
ဖြစ်ပါတယ်။ဝန်ထမ်းတွေဟာ စာတွေ့ဖြေဆိုပြီးပြီမို့ ဒီနေ့မှာတော့
အင်တာဗျူးဖြေဆိုကြမှာဖြစ်ပါတယ်။ပညာရှင်အရာရှိက
အင်တာဗျူးမေးမဲ့အခန်းဝမှာ ခဲတံတိုလေးချထားလိုက်ပါတယ်။အင်တာဗျူးဖြေတဲ့သူတွေ
တစ်ယောက်ပြီးတစ်ယောက်ဖြေဆိုကြပြီးတော့ နောက်တစ်ယောက်ကတော့
လူငယ်တစ်ဦးဖြစ်ပါတယ်။သူက အခန်းတွင်းကို ၀င်လာရင်းလမ်းမှာတွေ့တဲ့
ခဲတံတိုလေးကို ကောက်ပြီး အိတ်ထဲထည့်လိုက်ပါတယ်။
မေးစရာရှိတာအားလုံးမေးပြီးတော့ အရာရှိကသူ့ကိုမေးပါတယ်။မင်းဘာလို့ ဒီ ၂ လက်မတောင်မရှိတဲ့ ခဲတံလေးကို ကောက်လိုက်တာလဲ။မင်းမှာ ခဲတံမရှိဘူးလား လို့မေးတော့ လူငယ်က ကျွန်တော့်မှာ ခဲတံရှိပါတယ်။ဝယ်လဲ ၀ယ်နိုင်ပါတယ်။ဒါပေမယ့် ဒီခဲတံလေးက ဒီမှာကျနေပြီးတော့ ကောက်မယ့်သူမရှိလို့ကောက်လိုက်တာပါ။
အဲဒီတော့ အရာရှိကမင်းဘယ်နေရာမှာ သုံးမလဲလို့ မေးလိုက်ပါတယ်။ဒီတော့လူငယ်က ဒီခဲတံလေးဟာ ကိုင်ရေးလို့ မရတော့ပေမယ့် မျဉ်းတားလို့တော့ရပါသေးတယ်။အဲလိုပြောလိုက်တော့ အရာရှိက ထိုလူငယ်ကို အလုပ်ခန့်လိုက်ပါတော့တယ်။အခြားအရာရှိတွေက ဘာလို့အလုပ်ခန့်လိုက်တာလဲ လို့မေးလိုက်တော့ အရာရှိက ဒိလူငယ်ဟာ ပစ္စည်းသေးသေးလေးပင်ဖြစ်လင့်ကစား
မေးစရာရှိတာအားလုံးမေးပြီးတော့ အရာရှိကသူ့ကိုမေးပါတယ်။မင်းဘာလို့ ဒီ ၂ လက်မတောင်မရှိတဲ့ ခဲတံလေးကို ကောက်လိုက်တာလဲ။မင်းမှာ ခဲတံမရှိဘူးလား လို့မေးတော့ လူငယ်က ကျွန်တော့်မှာ ခဲတံရှိပါတယ်။ဝယ်လဲ ၀ယ်နိုင်ပါတယ်။ဒါပေမယ့် ဒီခဲတံလေးက ဒီမှာကျနေပြီးတော့ ကောက်မယ့်သူမရှိလို့ကောက်လိုက်တာပါ။
အဲဒီတော့ အရာရှိကမင်းဘယ်နေရာမှာ သုံးမလဲလို့ မေးလိုက်ပါတယ်။ဒီတော့လူငယ်က ဒီခဲတံလေးဟာ ကိုင်ရေးလို့ မရတော့ပေမယ့် မျဉ်းတားလို့တော့ရပါသေးတယ်။အဲလိုပြောလိုက်တော့ အရာရှိက ထိုလူငယ်ကို အလုပ်ခန့်လိုက်ပါတော့တယ်။အခြားအရာရှိတွေက ဘာလို့အလုပ်ခန့်လိုက်တာလဲ လို့မေးလိုက်တော့ အရာရှိက ဒိလူငယ်ဟာ ပစ္စည်းသေးသေးလေးပင်ဖြစ်လင့်ကစား
စိတ်ဓာတ်ကျဆင်းမှု ပြဿနာ ဖြေရှင်းခြင်း
စာရေးသူရဲ့  Personal account ထဲက ညီငယ်တွေ၊ မိတ်ဆွေတွေအတော်များများ တစ်ခါတစ်လေ စိတ်ဓာတ် ကျတယ် ဘာညာနဲ့ လာတိုင်ပင်တာများတော့ ဒီအတွက် အကောင်းဆုံး ဖြေရှင်းနည်းလေး ပေါ့။
ကျနော်ကိုယ်တိုင်လည်း ရှာဖွေတွေ့ရှိတာ မကြာသေးပါဘူး။ ကိုယ်တိုင်ကလည်း စိတ်ဓာတ်ကျတတ် သူပဲလေ။ အရင်တုန်းကပါ။ အခုမဖြစ်တော့ဘူးလို့လဲမပြောပါဘူး။ ပုထုဇဉ် လူသားဖြစ်နေတော့ သတိမကပ်တဲ့ တစ်ချိန်ကျ စိတ်ဓာတ်ပဲ ကျသလိုလို၊ စိတ်ပဲ အလိုမကျသလိုလို ဖြစ်လာတယ်။ နားလည်ရခက်သွားမယ်ထင်တာတွေကို စရှင်း ပြပါမယ် သူငယ်ချင်းတို့။
ဒါတွေ အားလုံးအတွက် ဘုရားဟော တရားတော်မှာ ပါပြီးသားပါ။ စိတ်ဓာတ်ကျနေသူ တစ်ယောက်အတွက် အကောင်းဆုံး ခွန်အားက တက်ကျမ်းလဲ မဟုတ်ဘူး။ အိပ်ဆေးလည်း မဟုတ်ဘူး။ အားလုံး ဘုရားဟော တရား ထဲမှာ ပါဝင်ပြီးသားတွေချည်း ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆေးအညွန်းက ဘုရားဟော တရား ဖြစ်ပြီး ဒါကိုလည်း ဘယ်သူမှ အချိန်ပေး မလေ့လာ ဖြစ်ကြဘူးလေ။ စိတ်ဓာတ် ကျရတဲ့အကြောင်း ကျနော် သေချာ သရုပ်ခွဲပြမယ်။
ကျနော် အခုပြောတာတွေကို မငြင်းနဲ့နော်။ ခု စာဖတ်နေတဲ့ မိတ်ဆွေက စိတ်ဓာတ်ကျနေတယ်လို့ ထားလိုက်။ ခုမကျလည်း စိတ်ဓာတ်ကျနေတဲ့အချိန်ကို ပြန်ရောက်သလို အာရုံခဏ ဝင်ထား။ ကျနော် စပြောပြီ။
မိတ်ဆွေ တစ်စုံတစ်ခုကို လိုချင်နေတယ်။
မိတ်ဆွေ တစ်စုံတစ်ခုကို ရှောင်လွဲချင်နေတယ်။
မိတ်ဆွေ သူများကို မနာလို ဖြစ်နေတယ်။
မနာလိုခြင်း
နောက်ဆုံးပြောတဲ့အချက်ကို ငြင်းချင်တယ်မလား။ သေချာ ရှင်းပြမယ်။ လူတွေက အမှန်တော့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာဗျ။ ဘယ်သူမှ မနှိပ်စက်ဘူး။ ကမ္ဘာမှာ ကိုယ်တစ်ယောက်တည်း ရှိကြည့်။ မွေးကတည်းက ကမ္ဘာမှာ ကိုတစ်ယောက်တည်းရှိတာကို ပြောနော်။ သက်ရှိရယ်ဆိုလို့လေ။ အဲ့လိုဆို နှိုင်းယှဉ်စရာ သက်ရှိ မရှိလို့ မနာလိုစိတ် ကင်းလိမ့်မယ်။ လူရယ်လို့က မိသားစုနဲ့ ဖြစ်လာပြီ။ ဆွေမျိုးတွေနဲ့ ဖြစ်လာပြီ။ သူငယ်ချင်းတွေနဲ့ ဖြစ်လာပြီ။ မြို့ တစ်ခုရယ်လို့ ဖြစ်လာပြီ။ နိုင်ငံတစ်ခုရယ်လို့ ဖြစ်လာပြီ။ ကမ္ဘာရယ်လို့ ဖြစ်လာပြီ ဆိုရင် နှိုင်းယှဉ်စရာတွေ များလာတယ်။ သူက ဘာလေးစားနေတာလဲ။ ငါလဲ စားချင်လိုက်တာ။ သူ ဘာအလုပ်လုပ်နေတာလဲ။ ငါလဲ လုပ်ချင်လိုက်တယ်။ သူဘာလို့ လူတွေအထင်ကြီးလေးစားမှုကို ခံနေရတာလဲ၊ ငါလဲ သူ့လို ဖြစ်ချင်လိုက်တာ။ အစရှိသဖြင့် Compare လုပ်နေတာ သံသရာက မဆုံးတော့ ပါဘူး။ မငြင်းနဲ့ နော်။ ခု ကိုယ်လျှောက်လှမ်းနေတဲ့ Career မှာတောင် ငါ့ထက် ဘယ်သူတွေက ခရီးရောက်နေပြီ။ သူက
Monday, 6 January 2014
လောကမှာ သုံးလို့မရတဲ့အရာဆိုတာမရှိ မသုံးတတ်သေးတာပဲရှိသေး၏
တစ်နေ့တော့ အမတ်ကြီးနဲ့ဘုရင့်သားဟာ ဘုရင့်အနီးအနားမှာ ခစားလျှက်ရှိနေကြ၏။ထိုစဉ် မူးမတ်တစ်ယောက်သည် မင်းတာဝန်ကို မကျေမပြွန်ဖြစ်၏။ထို့ကြောင့် ဘုရင်မင်းမြတ် အမျက်ထွက်၍ ကြိမ်းမောင်း၏။ပြီးနောက် ထိုမူးမတ်အား " မင်းကအသုံးကိုမကျဘူး သုံးစားမရတဲ့ကောင်" ဟုအော်ဟစ်၍ အလုပ်ဖြုတ်ပစ်လိုက်၏။အမတ်ကြီးက " အရှင်မင်းကြီးထိုသူ့အား မဖြုတ်ပစ်ပါနှင့် အကျွန်ုပ်၏ လက်အောက်သို့ ရာထူးလွှဲပေးပါ" ဟုလျှောက်ထားသဖြင့် ဘုရင်ကြီးက အသုံးမကျတဲ့ကောင်ကို ယူပေတော့ဟုပေးလေ၏။
မင်းသားလဲ အမတ်ကြီးအား " အမတ်ကြီး ယခုလိုအသုံးမကျ သုံးစားမရတဲ့ကောင်အား အဘယ့်ကြောင့် ခေါ်ယူသနည်း" ဟုမေး၏။အမတ်ကြီးက " အရှင့်သား ထိုသူမှာ အသုံးမကျ၍မဟုတ် ဘုရင်မင်းမြတ်က အသုံးမချတတ်သောကြောင့်ဖြစ်သည်" ဟုဖြေ၍ နန်းတော်မှ ထွက်ခွာသွားလေသည်။
များမကြာမီ နန်းတွင်း၌ အရည်အချင်းရှိသော လုပ်ဆောင်မှုကောင်းသော အမတ်များစာရင်းထုတ်ပြန်ရာ အမတ်ကြီးရဲ့ ထိုအမတ်လဲပါဝင်သည်။ဘုရင်မင်းကလဲ ထိုအမတ်အားမှတ်မိလေသည်။သို့နှင့် အမတ်ကြီးအား " အမတ်ကြီး ဒီလိုသုံးစားမရတဲ့ကောင်ကို အမတ်ကြီးဘယ်လိုများ သင်ပေးလိုက်သနည်း" ဟုမေးလေ၏။
အမတ်ကြီးက " အရှင်မင်းမြတ် ထိုသူ့အား အကျွန်ုပ်ဘာမှ မသင်ပေး။ထိုသူကား စာရင်းအင်းအတွက်အချက် ကျွမ်းကျင်၏။ကုန်ပစ္စည်းများ၏ အကြောင်းကို တီးမိခေါက်မိရှိ၏။ အရှင်မင်းမြတ်က ယခင်ကထိုလူအား ကင်းစောင့်တာဝန်မှူး(နန်းမြို့ရိုးရှိ ကင်းစင်များ) ပေး၏။ထိုသူကား ညဘက်တွင်အမြင်အာရုံနည်းပါး၏။ လက်အောက်ငယ်သားများအုပ်ချုပ်ပုံလျော့ရဲ၏။
ကျွန်ုပ်ကား ထိုသူကို ဆိပ်ကမ်းဝန်အဖြစ် တာဝန်ပေး၏။ ဆိပ်ကမ်းတွင် ကုန်ပစ္စည်းအ၀င်အထွက် ပိုမိုတိကျလာ၏။ ကုန်ပစ္စည်းများကို တီးမိခေါက်မိရှိသောကြောင့် ပစ္စည်းကောင်းများနှင့် ပေါ်ချိန်၊ပေါချိန် ကိုလိုက်၍ ဈေးနှုန်းဖြစ်၏။ တရားမ၀င်အများအပြားတင်ပို့လာသောကုန်များကို စာရင်းအတိအကျနှင့်
“ မိမိကိုယ်ကို ရယ်မောခြင်း ”
ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
“ မိမိကိုယ်ကို ရယ်မောခြင်း ”
မိမိကိုယ်ကို ရယ်မောခြင်းဟူသည် အဖိုးမဖြတ်နိုင်သော အရည်အသွေးတစ်ရပ်ပင်
ဖြစ်သည်။ အကြောင်းမူ၊ မိမိအောင်မြင်မူတွေချည်း ဂုဏ်ဖော်ပြောဆိုတတ်သူသည်
နားကြားပြင်းကတ်စရာ ကောင်းသလောက် မိမိအမှားကို သူတစ်ပါး ရယ်မောရအောင်
ပြောဆိုတတ်သူမျိုးကား နှစ်သက်စရာကောင်းသောကြောင့်ပင်။
တစ်ဖန်၊ သင် အောင်မြင်နေသည့် အချိန်မျိုးတွင် သင့်ကိုယ်သင် ရယ်မောပြောဆိုခြင်းဖြင့် သင့်အပေါ် သူတစ်ပါး မနာလိုဝန်တိုမှုများ
မဖြစ်ပေါ်အောင် တားဆီးကာကွယ်နိုင်သကဲ့သို့ အခြေအနေ
Monday, 30 December 2013
မာန်မာန
မာန်မာနတိုင်းဟာ မကောင်းဘူး၊ မရှိသင့်ဘူးလို့ မဆိုလိုပါဘူး။ အမျိုးဂုဏ် ဇာတိမာန်မာနဆိုတာ ရှိသင့်ရှိထိုက်သော အရာတစ်ခုပါ။ ဒါပေမယ့် အချိန်အခါမှာ နေရာမှားမှာ အဲဒီမာန်မာနကို ထုတ်ဖော်ပြသမိရင် အကျိုးမရှိဘဲ အကျိုးယုတ်လို့ ရှက်ဖွယ်၊ အများကဲ့ရဲ့ ခံရတတ်ပါတယ်။ ဘယ်လို အချိန်ကိုက် နေရာမှန်မှာ ထုတ်ဖော်သင့်တယ် ဆိုတာကတော့ မိမိအသိပညာ ဆင်ခြင်တုံတရားက ဦးဆောင်နိုင်ပါလိမ့်မယ်။ အချိန်မှား၊ နေရာမှားမှာ မာန်မာနထောင်လွှားမိလို့ ရှက်ဖွယ်လိလိ ကဲ့ရဲ့ခံရတဲ့ သာဓကလေးတစ်ခု ပြောပြချင်ပါတယ်။
တစ်ခါက ရာသီဥတုဆိုးဝါးတဲ့ညမှာ စစ်သင်္ဘောတစ်စင်းဟာ စစ်ဆင်ရေးလေ့ကျင့် နေပါတယ်။ Drill ဆိုပေမယ့် အစစ်အမှန်ကဲ့သို့ သဘောထား ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာဆိုတော့ သင်္ဘောကပ္ပတိန်ဟာ stress တွေကြောင့် စိတ်ဖိစီးလို့ အလိုလိုစိတ်တိုနေပါတယ်။ ခဏအကြာမှာ Navigator က မိမိတို့ သဘောင်္လမ်းကြောင်းပေါ်မှာ မီးရောင်တစ်ခု မြင်ရကြောင်း သတင်းပို့လာပါတယ်။ မီးရောင်က ဒီဂရီဘယ်လောက်ကို ရွေလျားနေတာလဲလို့ ကပ္ပတိန်က မေးတော့။ ရပ်တန့်နေတဲ့ မီးရောင်ပါတဲ့။ ဒါနဲ့ ကပ္ပတိန်ဟာ ဒါဟာ ရပ်နားနေတဲ့သင်္ဘော ဖြစ်လိမ့်မယ်။ ဒီအတိုင်းဆို ၀င်တိုက်နိုင်တယ်၊ အဲဒီသင်္ဘောကို ၂၀ ဒီဂရီရွှေ့ပေးဖို့ ပြောခိုင်းလိုက်တယ်။ ရေဒီယိုစက်ကနေ တစ်ဖက်သဘောင်္ကို ရွှေ့ပြောင်းဖို့ပြောလိုက်တော့ တစ်ဖက်က ချက်ချင်းပဲ ''ခင်ဗျားတို့ သင်္ဘောသာ ၂၀ ဒီဂရီလမ်းကြောင်းပြောင်း မောင်းပါ'' လို့ပြန်ဖြေတယ်။ အစထဲက စိတ်ရှုပ်နေတဲ့
Friday, 27 December 2013
ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ
သက္ကရာဇ် ၂၀၀၂ ခုနှစ် တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ပါဘူး။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၁ သိန်းခွဲနီးပါး သုံးစွဲ ပါတယ်။ ဈေးအကြီးဆုံး ကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်းမှာ နေ ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲပါတယ်။ မိန်းမ အပျော်အပါး လိုက်စား ပါတယ်။
နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချလိုက်ရာမှာ ၂၀၁၀ ခုနှစ်ရောက်တော့ အမှိုက်ကောက်သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ်သမား ဝန်ကြီးဌာနကို မှတ်ပုံ တင်ပြန်လျှောက် ပါတယ်။ အခုတော့ အမိုက်ကောက် သမား ဘဝနဲ့ပဲ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။ ပြည်ဗာရာက
အနမ်းလွန်က နားပင်းတတ်သည်
![]() |
နောက်တစ်ဘက် မကမ်းမှီ ရပ်လိုက်ပြီး အူထူနေတဲ့ ဘယ်ဘက်နား တစ်ဘက်နဲ့ ဆေးရုံသွားလိုက် ရပါတယ်။ ဒါကြောင့် ချစ်သူရည်းစားများ နမ်းတဲ့အခါ အလွန်အကျွံ မနမ်းရဘူး လို့တောင် အပျော်အပျက်လိုလို
Wednesday, 25 December 2013
အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ
သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။
Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။
လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။
တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့်
တစ်ချိန်တုန်းက ဆေးသမားဖြစ်ခဲ့ဖူးတဲ့ အိုဘားမား
ယနေ့ အမေရိကန် သမ္မတ အိုဘားမား ဆိုတာ တစ်ချိန်တုန်းက ဆေး သမား ဖြစ်ကြောင်း ဆိုပါတယ်။
Marijuana လို့ခေါ်တဲ့ ဆေးခြာက်သုံး ဆေးလိပ်ကို အလွန်ကြိုက်နှစ်သက် ခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းတက်စဉ်က သာမန် သောက်သုံး သူ ကျောင်းသားတွေထက်တောင် သောက်သုံးခဲ့ကြောင်း ဆိုပါတယ်။ သူ့ရဲ့  နာမည်ပြောင်ကိုလည်း Barack Oganja လို့ အမည်ပေး ထားပါတယ်။
ပုံမှာ မြင်တွေ့နေရတာ ကတော့ အိုဘားမား ရဲ
တာ့ဂ်ျမဟာ ဆောက်သူတို့ လက်အဖြတ်ခဲ့
ဂူသင်္ချိုင်း ဆိုပေမယ့် နန်းတော်ကြီး တစ်ခုလိုပါပဲ။ တည်ဆောက်မှုက ၂၂ နှစ်တောင်ကြာမြင့်ပြီး ဆောက် လုပ်ခြင်းမှာ ပါဝင်တဲ့ ပန်းရံဆရာ၊ ဗိသုကာ ပညာရှင်များ အားလုံးကို လက်ဖြတ်ခဲ့ ပါတယ်။ အကြောင်း ကတော့ ယင်းကဲ့သို့ အလားတူ လှပတဲ့ နန်းတော်ကြီး တစ်ခုကို ထပ်မံ တည်ဆောက်နိုင် မှာစိုးလို့ ဖြစ် ပါတယ်။ အိန္ဒိယ နိုင်ငံ၊ အာဂရာ မြို့  အပြင်မှာ တည်ရှိနေတဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ပါရှန်း၊ တူရကီ၊ အိန္ဒိယ၊ အစ္စလာမ် တို့အပြင် ကမ္ဘာတစ်ဝန်းက ဗိသုကာ ပညာများကို
Subscribe to:
Posts (Atom)



















