Friday 2 May 2014

ခဲတံတစ်ချောင်းကပေးတဲ့ သင်ခန်းစာ


- နာကျင်မှုတွေက အမြဲ ချွန်မြနေစေတယ်

( လက်ရေးလှလှလေးတွေထွက်ပေါ်လာဖို့ ခဲသားတုံးတုံးကို ချွန်ထက်ဖို့အတွက် မလိုအပ်တဲ့ ဘေးအနားသားတွေကို အနာခံပြီးလှီးထုတ်ရသလို ဘ၀မှာ ကြုံရတဲ့ဒါဏ်ရာတွေနဲ့ နာကျင်ကြေကွဲမှုတွေက ကိုယ့်အတွက်အကောင်းဆုံးသင်ခန်းစာတွေပါ အရှုံးပေးလိုက်မယ့်အစား အဲဒီအရှုံးတွေကရတဲ့သင်ခန်းစာတွေ နာကျင်မှုတွေကပေးလာတဲ့ ခွန်အားတွေကို အသုံးချပြီး အမြင်ဆုံးကို လှမ်းတက်နိုင်ရမယ် )

- သင်လုပ်သမျှအရာအားလုံး အမှတ်တစ်မှတ်ဖိုးပါပဲ

( လောဘဆိုတာ ထိုက်သင့်သလောက်ပဲကောင်းပါတယ် ဘ၀မှာ ငွေငွေ ဆိုပြီး ငွေနောက်အမြဲလိုက်နေပေမယ့်လည်း တကယ်တမ်း ခဲတံလေးကပေးတဲ့သင်ခန်းစာလိုပဲ သင်လုပ်သမျှ အရာအားလုံးဟာတစ်မှတ်ဖိုးစာပါပဲ ဘာမှ ပိုမရပါဘူး အလုပ်လုပ်တာလည်းလုပ်ပါ ငွေရှာတာလည်းရှာပါ ဒါပေမယ့် ကိုယ့်အတွက်

အရေးအကြီးဆုံး ငြိမ်းအေးရာ ကိုလည်းကိုယ့်ဘာသာ ရှာဖွေတတ်ရမယ် )

- တကယ်အသုံးဝင်တာက အတွင်းကခဲသားပါ အပြင်က ကာရံထားတဲ့အခွံမဟုတ်ဘူး

( ဒီအချက်လေးကလည်းမှန်ပါတယ် တကယ်တမ်း လူ့အသိုင်းအ၀ိုင်းမှာ အသုံးဝင်တာက သင်ဝတ်ဆင်ထားတဲ့အ၀တ်အစားတွေ သင့်မှာရှိတဲ့ ဂုဏ်ရာထူးတွေဆိုတဲ့အခွံတွေထက် သင့်အတွင်းစိတ်ရဲ့ဖြူစင်လေးနက်မှု ၊ ခွင့်လွှတ်သည်းခံနိုင်မှုနဲ့ မေတ္တာတရားတွေကသာ လူအချင်းချင်း ဆက်ဆံရေးကိုပိုခိုင်မြဲစေတာပါ ငွေတွေ အပေါ်ယံဂုဏ်တွေကို အခြေခံတဲ့ပေါင်းသင်းဆက်ဆံမှုဆိုတာ အလွယ်တကူကွယ်ပျောက်သွားနိုင်တဲ့မတည်မြဲခြင်းတရားတွေဖြစ်တယ် )

သက်တန့်ချို

No comments:

Post a Comment