Friday 2 May 2014

ကိုယ်ကိုယ်တိုင်


လူတွေက သင့်ကို ကဲ့ရဲ့အပြစ်တင်လို့ရတယ်
သင့်ကိုယ်သင်တော့ မကဲ့ရဲ့မိစေနဲ့

လူတွေက သင့်အားနည်းချက်တွေကို လှောင်ပြောင်ရယ်မောလို့ရတယ်
သင့်ကိုယ်သင်တော့လှောင်ပြောင်မရယ်မောမိစေနဲ့

လူတွေက သင့်စိတ်ကို နာကျင်အောင် ဒါဏ်ရာတွေပေးလို့ရတယ်
သင့်စိတ်ကို သင်ကိုယ်တိုင်တော့ဒါဏ်ရာမရစေနဲ့

လူတွေက သင်လုပ်နေတာတွေကို အထင်သေးရှံ့ချလို့ရတယ်
သင့်လုပ်ရပ်တွေကို သင်ကိုယ်တိုင်တော့အထင်မသေးမိစေနဲ့

“ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ဆိုတာ တခြားသူတွေ ဘယ်လို ဝေဖန် ဝေဖန်
ကိုယ်ကိုယ်တိုင်ဘယ်တော့မှ အထင်သေး မဝေဖန်ရဘူး . . .
ဘယ်လောက်ပဲ အမှောင်ထု ဆိုတာ ရှိနေပါစေ အချိန်တန်လို့ မိုးလင်းလာရင်တော့
အလင်းဆိုတာ ရောက်လာတာပါပဲ . . .

ကိုယ်ကိုယ်တိုင် ကိုယ့်အပြုအမူတွေကို အထင်သေးနေခဲ့ရင်


သူတစ်ပါးရဲ့အထင်တကြီးလေးစားမှုကို ဘယ်တော့မှရမှာမဟုတ်ဘူး


ကိုယ့်ကိုယ်ကို ( ကိုယ်ကိုယ်တိုင် ) လေးစားပါ အထင်ကြီးအောင်နေပါ
ပတ်ဝန်းကျင်ကလူတွေအတွက် အမှိုက်ကောက်ပေးတဲ့သူမဖြစ်ရင်တောင်
ကိုယ်ကိုယ်တိုင် အမှိုက်တစ်စ မဖြစ်ပါစေနဲ့

“ တန်ဖိုးဆိုတာ သင့်ကိုယ်သင် မြှင့်တင်ဖန်တီးယူရတာပါ ”

သက်တန့်ချို

No comments:

Post a Comment