Friday 2 May 2014

ဘယ်တော့မှ မသိမ်ငယ်နဲ့


ဘယ်ပဲဖြစ်ဖြစ် ဘယ်တော့မှ မသိမ်ငယ်နဲ့ အားမငယ်နဲ့ အားမလျော့နဲ့
အကောင်းဖက်ကို အမြဲတွေးမြင်ပါ
တခြားလူကတောင် သူတို့ရဲ့စိတ်ကူးအိပ်မက်အတွက် ကြိုးစားရုန်းကန်နေကြသေးတာပဲ
သိမ်ငယ် အားငယ်တယ် အားလျော့တယ်ဆိုတာ အတွင်းစိတ်ရဲ့ပျင်းရိခြင်းတစ်မျိုးပါ

နေ့တိုင်း လမ်းလျှောက်တဲ့အခါ ကိုယ့်ခြေထောက်အောက်က မြက်ပင်
ကိုယ့်နံဘေးက သစ်ရွက် ပန်းပွင့်တွေကို သတိထားကြည့်ပါ
သူတို့ဟာ သေးငယ်နိမ့်ကျတဲ့ဘဝမှာတောင် လှလှပပရှင်သန်ဖူးပွင့်နေကြသေးတာပဲ
ငါတို့က ဘာဖြစ်လို့ ကိုယ့်ဘဝကို

လှလှပပ ပျော်ပျော်ရွှင်ရွှင် မရှင်သန်နိုင်ကြရမလဲ....

နေကြာပန်းလေးတွေဆီက သင်ယူပါ
သူတို့ဟာ လင်းလက်တဲ့ခွန်အား၊ အပြုဆောင်စွမ်းအင်တွေကိုပဲ စုပ်ယူနေပါတယ်


Nine Nine Sanay

No comments:

Post a Comment