Friday 2 May 2014

ကောင်းကွက်ကို ရှာနိုင်မှ


 
ပျော်ရွှင်စရာဘယ်လောက်ကောင်းတဲ့ မိသားစုဖြစ်နေပါစေ
တစ်ဦးနဲ့တစ်ဦး နားလည်အလျော့ပေးနွေးထွေးမှုရှိမှ စစ်မှန်တယ်

သူငယ်ချင်းနှစ်ယောက် ဘယ်လောက်ပဲ အချိန်ကြာကြာ လက်တွဲခဲ့ကြပါစေ
တစ်ယောက် ဒါဏ်ရာတစ်ယောက်မကုစားပေးကြဘူးဆိုရင် သူငယ်ချင်းအစစ်မဟုတ်သေးဘူး

ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ခန့်ညား ဂုဏ်ရှိနေပါစေ
သစ္စာ တရားကို ကောင်းကောင်း နားလည်သေးဘူးဆိုရင် အားမကိုးထိုက်ဘူး

မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှပကျော့ရှင်းနေပါစေ
နွေးထွေးကြင်နာ ခွင့်လွှတ်တတ်ခြင်းကို မသင်ယူရသေးဘူးဆိုရင် မပြည့်စုံသေးဘူး

ချစ်ပါတယ် ကြိုက်ပါတယ် ဘယ်လောက်ပဲ သတ်မှတ်ခံရတဲ့ စုံတွဲဖြစ်နေပါစေ
တစ်ဦးနဲ့တစ်ဦး ပြစ်ချက်ကိုမရှာကြပဲ ကောင်းကွက်ကို ရှာနိုင်မှ ကြာရှည်ခံမယ်

သက်တန့်ချို

No comments:

Post a Comment