Monday 6 January 2014

“ မိမိကိုယ်ကို ရယ်မောခြင်း ”


ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
“ မိမိကိုယ်ကို ရယ်မောခြင်း ”
မိမိကိုယ်ကို ရယ်မောခြင်းဟူသည် အဖိုးမဖြတ်နိုင်သော အရည်အသွေးတစ်ရပ်ပင် ဖြစ်သည်။ အကြောင်းမူ၊ မိမိအောင်မြင်မူတွေချည်း ဂုဏ်ဖော်ပြောဆိုတတ်သူသည် နားကြားပြင်းကတ်စရာ ကောင်းသလောက် မိမိအမှားကို သူတစ်ပါး ရယ်မောရအောင် ပြောဆိုတတ်သူမျိုးကား နှစ်သက်စရာကောင်းသောကြောင့်ပင်။
တစ်ဖန်၊ သင် အောင်မြင်နေသည့် အချိန်မျိုးတွင် သင့်ကိုယ်သင် ရယ်မောပြောဆိုခြင်းဖြင့် သင့်အပေါ် သူတစ်ပါး မနာလိုဝန်တိုမှုများ မဖြစ်ပေါ်အောင် တားဆီးကာကွယ်နိုင်သကဲ့သို့ အခြေအနေ
မကောင်းစဉ်အခါမှာလည်း သင့်ရှုမြင်သုံးသပ်ချက်တွေ ကမောက်ကမ မဖြစ်ရအောင် ဟာသ ဓာတ်ခံလေးက ထိန်းသိမ်းပေးတတ်ပေသည်။
( အာသာ ဂေါ်ဒွန် )

No comments:

Post a Comment