Friday 9 August 2013

တဖတ်ကမ်း



ဟေး...
ငါ့(စိတ်)ဝိဥာဉ်ရေ...
မင်းဘယ်မှာတုန်း..။
ငါရုပ်ခန္ဓာနဲ့မင်း ..
ကင်းကွာနေတာကြာပြီ..
ဘယ်လိုစေတသိတ်တွေနဲ့
မင်းလွန်ကျူးနေလည်း...။

ဟေး..ဒီမှာ..
နိဝရဏတွေနဲ့ဖုံးကွယ်ထားတဲ့
မင်းသဏ္ဍာန်မှာ
ဟောဟိုက..အလင်းရောင်ဆိုတာ
မြင်သင့်နေပြီ..။

လာပါ
ငါ့ (စိတ်)ဝိဥာဉ်ရေ..
အမှန်တရားတွေဆီ..
ငါတို့ ချီတတ်စို့ရဲ့..။
ဒုက္ခဆိုတာတွေက
တကယ်တော့
တို့နဲ့ရင်းနှီးကျွမ်းဝင်ဆုံးသော
မိတ်ဆွေတွေပဲမဟုတ်လား....။

လာပါကွယ်..
အကြောက်တရား ကင်းကင်းနဲ့
ငါ့ဆီ လာခဲ့ပါ..
သိရင်း မြင်ရင်း ကြားရင်း


ငါတို့ တလှမ်းချင်းလှမ်းကြတာပေါ့...

သံသရာကြီးထဲက
ငါတို့ အတူတူ ခုန်ထွက်ကြတာပေါ့လေ...။

သံသယတွေထားခဲ့..
အာဃာတတွေထားခဲ့..
ဒေါသတွေ စွန့်ခဲ့...
လောဘတွေ ထားခဲ့..
တွေဝေခြင်းတွေ ထားခဲ့..
အတိတ်တွေမလွမ်းနဲ့
အနာဂတ်ကို မကိုးစားနဲ့နော်..
မင်းနဲ့ငါ ပစ္စုပ္ပန်မှာ ထပ်တူကျနေဖို့လိုတာ..
မင်းနဲ့ငါကွဲကွဲပြားပြားသိဖို့ပဲ လိုတာ..
မင်းနဲ့ငါဟာ ဘယ်သူတွေရဲ့ ရုပ်သေးရုပ်မဟုတ်ဘူး...။

ငါ့(စိတ်) ဝိဥာဉ်ရေ..
ငါတို့ အမှားတွေအတွက် ဝမ်းနည်းမနေပါနဲ့..
တကယ်တော့
ငါတို့ဟာ မွေးဖွားလာခြင်းကိုက မှားနေခဲ့ပြီးသား..
အစနဲ့အဆုံးရှိတိုင်းကို
ငါတို့မှားခွင့်ရနေဦးမှာ..။

လာပါ ငါ့(စိတ်)ဝိဥာဉ်ရေ..
အဲဒီခရီးရှည်ကြီး မဆုံးသေးသ၍ပေါ့..
ရွှေလည်းမလိုဘူး
ငွေလည်းမလိုဘူး
ရေလည်းမလိုဘူး
အပိုတန်ဆာမှန်သမျှ ထားခဲ့နော်..
ငါလိုချင်တာ ငါနဲ့မင်းရဲ့ အမှန်တရား...
ပြီးတော့..တင်းပြည့်ကျပ်ပြည့်ဖြစ်နေရမယ့်
မေတ္တာတရား..
ဒါဟာ ငါတို့အတွက် လုံ့လောက်တဲ့ ရိက္ခာ..
နားလည်မူ့အပြည့်နဲ့
ဒီခရီးကြီးမဆုံးသ၍ လှမ်းကြမယ်..

မင်းရဲ့အဇ္ဇျတ္တမှာ ပဋိပဒါကျနေဖို့ပဲလိုတယ်..

လာ..ငါတို့ရဲရင့်ကြစို့။

ထာဝရသစ္စာ

သိသမျှ ။

No comments:

Post a Comment