Friday 21 June 2013

ရင်ခုန်သံ စာမျက်နှာပေါ်က အလွမ်းပန်းချီ


မှိုင်းညို့ ညို့ ကောင်းကင်ကြီးအောက်က
တအိအိပြိုဆင်းလာတဲ့ မိုးစက်တွေနဲ့ အတူ
ရင်ဘတ်ထဲမှာလဲ သတိရခြင်းတွေက
ငွေ့ ရည်ဖွဲ့  မိုးစက်တွေအဖြစ်
တအိအိ ပြိုဆင်းလာတယ်

တစ်ရှုးတစ်ထုပ်လို အချစ်မျိုး နဲ့  ကျွန်တော်သူမကို ချစ်ခဲ့တာပါ
အဖြူရောင်စာမျက်နှာမှာ ချစ်သူရဲ့  ချွေးစက်တွေ ပေကျံသွားပါစေ
ချစ်သူအမောပြေရင်
ကျွန်တော် ရိုးသားစွာ ကျေနပ်တယ်
မျှော်လင့်ခြင်းကမ်းခြေမှာ
သတိရခြင်းဒီလှိုင်းတွေက
ိဝုန်းဒိုင်းကျဲလို

ရင်ခုန်သံစာမျက်နှာတစ်ရွက်ပေါ်မှာ
မိုးခါးခါးညတွေနဲ့ 
ကြယ်ကြွေအိမ်မက်တွေ ပေါင်းစပ်ချယ်မှုန်းလိုက်တော့

အလွမ်းပန်းချီတွေပဲ ဖြစ်ဖြစ်ကုန်တယ်
ဝေးလွင့်ခြင်းရဲ့ အသဲခွဲမိုးတွေက
အခုထိ ရင်ခွင်မြစ်ရိုးတလျောက်မှာ
သည်းလို့ ကောင်းနေဆဲ

နားထောင်ဖူးခဲ့တဲ့ အချစ်သီချင်းသံစဉ်ချိုချိုတွေထက်
ချစ်သူရဲ့  ပိရိသေသပ်ပါးလျတဲ့ နှုတ်ခမ်းပါလေးထက်က
ွလွင့်ကျလာတဲ့ စကားလုံးတွေက
ကျွန်တော့်အတွက် နားဝင်ချိုတယ်


နေရဲဖြိုး ရိုးရာလေး မှ သိသမျှ ။




No comments:

Post a Comment