Wednesday 19 June 2013

မျှော်လင့်ချက်ဖြင့် အသက်ရှင်



 တစ်ခါတစ်ရံ ဘ၀တွင်စိတ်ဆင်းရဲသောကနှင့် တွေ့ကြုံပြီး
 ထွက်ပေါက်မရှိသလိုမျိုး ကြုံတတ်သည် အလင်းရောင်မမြင်ရသည့်
 တွင်းနက်ကြီးထဲးကြနေသလိုမျိုး ခံစားရသည် ။

 မိမိကိုယ်တိုင် တွင်းနက်ကြီးထဲမှ ရုန်းမထွက်နိုင် အပေါ်မှ ဆွဲးတင်ပေးမည့်
 ကယ်တင်ရှင်လည်းမမြင် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းလည်မသိ စိတ်ဆင်း
 ရဲသောကများကြောင့် လုံးပါးပါးနေရပြီး ဒုက္ခနွံတောတွင်း သေလုသေခင်
 မြောနေတတ်သည်

 ထိုအခါမျိုးတွင် မျှော်လင့်ချက်ဖြင့် အသက်ရှင်တတ်ရန်လို၏ ။

 မျှော်လင့်ချက်သည် ဘ၀ကို ရှင်သန်စေနိုင်သောအရာဖြစ်သည် မျှော်လင့်ချက်
 ကောက်ရိုးတစ်မျှင်ဆွဲးမိရုံနှင့် ခွန်အားရရှိရှင်သန်သွားစေနိုင်ပါသည်

 မျှော်လင့်ချက်သည် ဒုက္ခပေါင်းစုံတို့ကို ခံနိုင်စွမ်းရည်ရှိစေနိုင်ပါသည်

 မျှော်လင့်ချက် အလင်းတစ်စရရုံဖြင့် ဘ၀ကို နိုးထစေနိုင်ပါသည်

 မျှော်လင့်ချက်သည် ဘ၀၏ ခွန်အား ဘ၀၏တွန်းအား တစ်စုံလည်းဖြစ်ပါသည်


 လူသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်ပြီး စေတနာကောင်းကောင်းဖြင့်
 ကောင်းသောအလုပ်များကို လုပ်ရပါမည်

 စေတနာကောင်း အလုပ်ကောင်းခြင်းကြောင့် ကောင်းသောကံများ ကိုယ့်ထံရောက်
 လာပါမည်

 မျှော်လင့်ခြင်းများဖြင့် တောင့်ခံထားသောဘ၀ ကို ကံကြမ္မာကောင်းများက တောက်ပြောင်
 လင်းလက်စေပါလိမ့်မည်

 အဆုံးစွန်သောဆင်းရဲမွဲတေခြင်းများကြောင့် လူသည်ဘာမျှမရှိချင်နေပါစေ

  မျှော်လင့်ခြင်းသာရှိပါစေ

  မျှော်လင့်ခြင်းတောင်မျှ မရှိလျှင် ဖန်တီးယူနိုင်ဖို့ ကြိုးစားပါ

 ဘ၀တွင် ဘာမျှမကျန်နိုင်လောက်အောင် အဆုံးမဲ့နေရန် မသင့်ပါ မျှော်လင့်ချက်လေးတစ်ခုတော့
 ရှိနေသင့်ပါသည်

 မျှော်လင့်ချက်သာရှိနေလျှင် မနက်ဖြန် သင်ဘာဖြစ်မည်ကို မည်သူမျှ အတပ် မပြောနိုင်ပါ

 အောင်မြင်ကျော်ကြာင်းသူများသည် ဆင်းရဲဒုက္ခတွင်းကြီးထဲမှ ကုပ်ကပ်ထွက် တက်လားနိုင်
ကြသူများ ဖြစ်သည်ကိုသင်မမေ့ပါနှင့်

 ထိုကြောင့်ဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးရောက်ရောက် မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ

 ဖြစ်ချင်တာ မဖြစ်ရပဲ စိတ်ဆင်းရဲသောက ရောက်နေချိန်တွင် တစ်နေ့နေ့တော့ ဖြစ်လာမှာပဲ
 ဟူသော မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ

 လုပ်ချင်တာမလုပ်ရပဲ စိတ်ပင်ပန်းဆင်းရဲနေချိန်တွင် တစ်နေ့နေ့တော့ လုပ်ခွင့်ရမှာပါဟူသော
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ

 သွားချင်တာမသွားရပဲ စိတ်ထိခိုက်နေချိန်တွင် တချိန်ချိန်တော့သွားလို့ရမှာပါ ဟူသော
 မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ

 အသက်ရှင်နေသေးသမျှ မျှော်လင့်ချင်းရှိနေပါသည် မျှော်လင့်ချက်ဖြင့်သာ အသက်ရှင်ပါ ။

 ကောင်းသန့်

 စေတနာစကား ရသစာစု မှ သိသမျှ ပြန်လည်ရေးသား မျှဝေပါသည် ။

No comments:

Post a Comment