Tuesday 18 June 2013

အသက်အရွယ်နှင့် အလုပ်အကိုင်

အလုပ်အကိုင် အလွန်ရှားပါးသော ယခုလို ခေတ်ကြီးထဲ ကိုယ့်ဘွဲ့နဲ့ ကိုက်ညီသော အလုပ်၊ ကိုယ်မျှော်မှန်းသော လစာရသည်၊ မရသည်ထက် အလုပ် တစ်နေရာစာ ရဖို့အတွက် မနည်းရှာဖွေ နေရ၏။ ကျွန်တော်တို့ တက်ရောက် ကျောင်းပြီး ခဲ့သော မေဂျာ အဓိက ဘာသာရပ်နှင့် အသက်မွေး ဝမ်းကျောင်းတွေက တစ်ခြားစီပင် ဖြစ်နေသည်။ သို့သော်လည်း ကျောင်းပြီးဘွဲ့ရ၍ အလုပ်မရှိ ပြန်သော်ငြားလည်း ဒီခေတ်ကြီးထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်။ နောက်ဆုံး ရလာတဲ့ အလုပ်ကိုပဲ ဆုပ်ကိုင်ပြီး လခစား ဘဝမှာပဲ ကျင်လည် ကုန်ကြ၏။ တခြား တစ်ခုထက် ကောင်းသော အလုပ်တစ်ခု ကိုလည်း ရှာဖွေရင်းနဲ့ အဆင်ပြေအောင် နေနေရ၏။ တခြားသော အလုပ်တစ်ခုကို ရှာဖွေသော အခါမှာ အသက်ဆိုတဲ့ အပိုင်း အခြားကြီးနဲ့ ကျန်ခဲ့၏။ အသက် အပိုင်းအခြား ဆိုသည့် အရာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ ရှိကြတာ အခြားသော တိုင်းပြည်တွေမှာ အသက်အရွယ်၊ အိမ်ထောင်သည်၊ ကလေးအမေစသည့် တို့ကို လက်ခံ ပေးကြ၏။ ဟိုးယခင်တုန်းက အိမ်ထောင် တစ်ခုမှာ ဖခင် ရှာဖွေလို့ ရသော ဝင်ငွေနှင့် မိသားတစ်စုလုံးစားနိုင်ခဲ့ကြသည်။ ယခုလိုအခါမျိုး မှာတော့ မိသားစု တစ်ခုလုံးရှာဖွေရင်တောင် စားဖို့သောက်ဖို့ကို အလျင် မှီအောင် လုပ်နေကြရ၏။
အလုပ်တော်တော် များများသည် အရည်အချင်းထက်
အသက်အရွယ်ကိုပဲ ကြည့်ပြီး ခေါ်တတ်ကြ၏။ တချို့သော အလုပ် တွေမှာ ဥပမာ(အသက် ၂၅နှစ်အောက်)ဆိုပြီး ခေါ်ထားသော်လည်း တကယ့် တကယ်မှာ အသက် ၂၃အထိဆိုပြီး ဖြတ်ချထားသည်ကို ကြုံတွေ့ခဲ့ရသည်။ ခေါ်ထားသည်က တစ်မျိုး တကယ်တမ်းဖြက်ချထားခဲ့ သည်က တစ်မျိုးဖြစ်နေကြသည်။
အလုပ်တစ်ခုကို သွားလျှောက်ရသော အခါ သွားလျှောက်ရသော သူမျိုးမှာ CV Form စရိတ်၊ ခရီးစရိတ်အစ ရှိသော စရိုက်တွေ အကုန်ကျခံပြီး သွားလျှောက်၊ မျှော်လင့်ချက် ဆိုသော ဒီအလုပ် အပေါ်မှာ ကိုယ့်ကို အင်တာဗျူးများ ခေါ်မလားဆိုသော မျှော် လင့်ချက်ကြီးထားပြးခါမှ နောက်မှ ပြန်သိရတာက "အသက် ဘယ် လောက် ဘယ်လောက်မှာ ဖြက်ချခဲ့သည်" ဆိုတာကြီး ပြန်ကြားရ၏။
ကိုယ့် အရည်အချင်းနှင့် မကိုက်ညီ၍ အလုပ် မခေါ်ဘူးဆိုသည်က ကိုယ့်ရဲ့ လိုအပ်ချက် ဖြစ်ပေသည်။ ကုမ္ပဏီတွေကို ပြောချင်သည်က ကိုယ် သတ်မှတ် ထားသည် အသက်အရွယ်ကို ကြေညာပြီး ခေါ်စေချင်သည်။ ကြော်ငြာ ထားသည်က တစ်မျိုး တကယ်တမ်း ခန့်သည်က တစ်မျိုး မဖြစ် စေချင်ပါ။ အလုပ်လျှောက် ကြသော လူအားလုံးမှာ ကိုယ့်အိမ်ရဲ့ စားဝတ် နေရေးအတွက် အလုပ်များ ရနိုင်မလား ဆိုသော မျှော်လင့်ချက်ထားပြီး လျှောက်ကြရ သူတွေမို့ သူတို့၏ မျှော်လင့်ချက် ကိုတော့ မပျက်စီး စေချင်ပါ။ 


အခွင့်အလမ်း ဂျာနယ် မှ သိသမျှ ။






No comments:

Post a Comment