Monday, 11 November 2013

အမှတ်တမဲ့ လက်ဆောင်


အမှတ်တရ မရှိတဲ့
အမှတ်တမဲ့ တွေ အတွက်
အသင် … … …
ဘာကို များ … …
နောင်တ ရချင်နေပါသလဲ … … … ။


ဘဝ တစ်ခု အတွက်
လမ်း တစ်ခု ဆိုရင်
အသင် … … …
ဘယ်လိုများ … …
လုံ့လ သုံးမလဲ … … … ။


ဆန္ဒ တစ်ခု အတွက်
ရမ္မက် တစ်ခု ရှိနေရင်
အသင် … … …
ဘယ်လောက်ထိ
ဝီရိယ စိုက်မလဲ … … … ။


သင့် လမ်း အတွက်
သင် သုံးတဲ့
သင့် လုံ့လ နဲ့
သင့် ဆန္ဒ အတွက်
သင် စိုက်ထုတ်တဲ့
သင့် ဝီရိယ ကြောင့်




သင့် ဘဝ အတွက်
အမှတ်တရ မဟုတ်တဲ့
အမှတ်တမဲ့ က
သင့် ကို
နောင်တဆိုတဲ့
သောက မျှင်မျှင်လေး တစ်မျှ
သင့် အတွက် … … …
အမှတ်တမဲ့ ရဲ့ 
အမှတ်တရ လက်ဆောင် အဖြစ်
သင့် ကို အပ်နှင်းပါလိမ့်မယ် … … …။

သင် မြတ်နိုးစွာ သိမ်းထားလိုက်ပါ ။

" သျှင်သရ "

Credit to Shin TaRa.

No comments:

Post a Comment