သံသရာ
 သတ္တ၀ါတွေ အကျင့်သီလ ပျက်စီးလာလို့ သာသနာဆုတ်ယုတ်လာတယ်။
 သာသနာဆုတ်ယုတ်လာတဲ့ ခေတ်ကြီးမှာ သတ္တ၀ါတွေ လောဘကြောင့်
 သတ်ကြတယ်။ ဒေါသကြောင့် သတ်ကြတယ်။ မောဟကြောင့် သတ်ကြ
 တယ်။ လောဘ၊ ဒေါသ၊ မောဟတွေ အားကြီးလာလို့ အသိဥာဏ်တွေ
 ပျောက်ဆုံးကုန်တယ်။ ဒီလိုနဲ့ သံသရာချားရဟတ် ပတ်ကာလည်လို့ ၀ဋ်
 ဆင်းရဲမှာ တာရှည်ကြတယ်။ ခွင့်လွှတ်နားလည်ခြင်း၊ ကိုယ်ခြင်းစာတရား
 လက်ကိုင်ထားခြင်းကသာ အေးချမ်းသာယာတဲ့ ဘ၀တစ်ခုကို ထုဆစ်နိုင်
 ပါ့မယ်။ ဒီလိုမှမဟုတ်ရင်ဖြင့် ကိုယ်ထုထစ်ဆစ်လိုက်တဲ့ ဘ၀ဟာ အဖုအထစ်တွေနဲ့ သေသပ်လှဖို့တော့ ဝေးနေအုံးနေမှာပါပဲ။
 
 “ဌေး”သာမဏေကျော်ဆရာတော်
 
 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment