Monday 1 July 2013

ကမ္ဘာမြေကိုချစ်၍ ငြိမ်းချမ်းရေး တေးဆိုသူ


ကမ္ဘာမြေ စိမ်းလန်းပါစေ
ပန်းပွင့်တွေ ဆုတောင်းနေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကျေးငှက်တို့ တေးဆိုနေ
ကမ္ဘာမြေ စိမ်းလန်းပါစေ
နှလုံးသားတို့ ဆုတောင်းနေ
ကမ္ဘာမြေ ငြိမ်းချမ်းပါ စေ
အားလုံးက
တောင်းဆိုနေ
အို… မိတ်ဆွေ”ဟူသော စာသားပါရှိသည့် ‘ငြိမ်းချမ်းပါစေ’ သီချင်းကို ဖန်တီးသူ ထူးအိမ်သင် သည် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့တွင် မွေးဖွားခဲ့ပြီး ၂ဝဝ၄ ခုနှစ် တွင် အဝေးသို့ ပျံသန်းသွားခဲ့သည်။ အနုပညာရှင် ထူးအိမ်သင်သည် ကြွေလွင့်သွားသော ကြယ်တစ်ပွင့် ဖြစ်သော်လည်း သူ၏အနုပညာကို တန်ဖိုးထားသည့် အနုပညာရှင်များ၊ ပရိသတ်များ၏ နှလုံးသားတွင် အမြဲ တောက်ပနေဆဲ ကြယ်တစ်ပွင့်ဖြစ် သော လေသည်။
ထူးအိမ်သင်၏ အမည်ရင်းမှာ ကျော်မြင့် လွင်ဖြစ်ပြီး သူ့ကိုချစ်ခင်သူများက ဘဲဥ၊ ကိုငှက်၊ ကိုသျှပ်ဟု ချစ်စနိုးခေါ် ဝေါ်တတ်သည်။ သျှပ်မှူးကျော် က လောင်နှင့် ကဗျာများရေးခဲ့သလို လင်းထက်ကလောင်ဖြင့်လည်း ဝတ္ထုတို၊ ကဗျာ၊ လင်္ကာများ ရေးသားလေ့ရှိ သည်။
သူသည် ဂီတပညာရှင်တစ်ဦး ဖြစ်သကဲ့သို့ စာပေဝါသနာပါသူတစ်ဦး လည်းဖြစ်သည်။ ရိုးရာဂီတကို ချစ် မြတ်နိုးစွာ လေ့လာဆည်းပူးခဲ့၍ အနု ပညာ နယ်ပယ်အသီးသီးကိုလည်း စူးစမ်းလေ့လာသူလည်း ဖြစ်ခဲ့သည်။ ကမ္ဘာလောက စိမ်းလန်းရေးအတွက် ငြိမ်းချမ်းရေးကို အလေးအနက်ထား တေး သီချင်းများ ရေးစပ်သီဆိုခဲ့ပြီး ချစ်ခြင်းမေတ္တာနှင့် Óဏ်ပညာကို လည်း ယုံကြည်စွာအနုပညာများ ဖန် တီးခဲ့သည်။ ယုံကြည်ချက် ပြင်းထန် သူဖြစ် သည့်အလျောက် နယ်ပယ် အသီးသီးမှ မိတ်ဆွေများကို ခင် တွယ်သူလည်းဖြစ်သည်။ ကမ္ဘာမြေကို ချစ်၍ ငြိမ်းချမ်းရေး တေးဆိုသူ ထူးအိမ်သင်သည် ၂ဝ၁၃ခုနှစ်၊ ဇူ လိုင်လ ၁ ရက်နေ့၊ ဝသန် မိုးရာသီဆို လျှင် ဂီတငှက် ရွှေရတုတိုင်ခဲ့လေပြီ။

ထူးအိမ်သင်မဖြစ်မီ ပထမများ

ဂီတနှင့်ပတ်သက်သည့် လက်ဦး ဆရာများမှာ ဦးကျောက်စိမ်း၊ ဦးစန်းတင့်တို့ဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ ပုသိမ်မြို့ အနောက်မြို့နယ် လမ်းစဉ်လူငယ် ဘင်ခရာ တပ်ဖွဲ့တွင် တီးခတ် ခဲ့သည်။ ပထမဆုံးရေး သားသော ကော်ပီသီ ချင်းမှာ ၁၉၇၉ ခုနှစ် တွင် ‘ကန္တာရနှလုံးသား’ (Hastaman- ana/ ABBA) ဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံး ကိုယ် ပိုင်သံစဉ် ‘ဝေးသွားတဲ့အခါ’ သီချင်း ကို ရေးစပ်ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် တွင် ငုဝါတေးဂီတ အဖွဲ့နှင့် ကိုင်ဇာ ၏ ‘အကောင်းဆုံးက ဂစ်တာတီးနေ မယ်’ သီချင်းကို
စင်မြင့်၌ ပထမဆုံး ဖျော်ဖြေခွင့်ရရှိခဲ့သည်။
တေးသီချင်းများ ရေးစပ်ခြင်း၊ သီချင်းဆိုခြင်းများကို ဝါသနာ ပါသူ ဖြစ်ပြီး ကဗျာ၊ ဝတ္ထုတိုများ ရေး သားရာတွင်လည်း ပါရမီရှိသူတစ်ဦး ဖြစ်သည်။ ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ သည့် ဝတ္ထုတိုမှာ ကလောင်အမည် လင်းထက်အမည်ဖြင့် ရေးသားခဲ့ သော ‘မြတ်နိုးခြင်း အားဖြင့် ကြင်နာ သည်ဖြစ်၍’ ဖြစ် ပြီး ၁၉၈၂ ခုနှစ်၊ ဇူလိုင်လထုတ် ရှုမဝရုပ်စုံမဂ္ဂဇင်း တွင် ဖော်ပြခံခဲ့ရ သည်။ ပထမ ဆုံး ပုံနှိပ် ဖော်ပြခဲ့ သည့် ကဗျာ မှာ ကလောင် အမည် လင်း ထက် အမည် ဖြင့်ပင်ရေးသား ခဲ့သော ‘စံပယ်ဖြူ အိပ်မက်’ ဖြစ် ပြီး ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် ရှုမဝရုပ်စုံမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရ သည်။ တိတ်ခွေပေါ် သို့ ပထမဦးဆုံး ရောက်ခဲ့သည့် သီချင်းမှာ တေးသံရှင် သုခနောင်၏ ‘လူနှင့်အင်္ကျီ’ တေးစီး ရီးတွင် ပါဝင်သည့် ‘လူနှင့်အင်္ကျီ’ သီ ချင်းပင်ဖြစ်သည်။ 

ထူးအိမ်သင်ဖြစ်ပြီး ပထမများ

၁၉၈၆- ၈၇ခုနှစ်တွင် တေးဂီတ The Aces တီးဝိုင်းနှင့် အိုအေစစ် စတူဒီယို၌ ပထမဦးဆုံး တေးအယ်လ် ဘမ် ‘နာရီပေါ်မှ မျက်ရည်စက်များ’ ထွက်ရှိနိုင်ခဲ့သည်။ ပထမဦးဆုံး စင် မြင့်ဖျော်ဖြေပွဲ ၁၉၈၇ ခုနှစ်၊ မေရီ ချက်မင်း ဆွံ့အနားမကြား ကလေး များကျောင်း ရန်ပုံငွေပွဲတွင် The New Wave တေးဂီတအဖွဲ့နှင့် ‘မေ့ လိုက်တော့’ သီချင်းအပါအဝင် တေး သီချင်း ၅ပုဒ်သီဆိုဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊အမျိုးသားကဇာတ်ရုံတွင် ထူးအိမ် သင်၏ ပထမဆုံးတစ် ကိုယ်တော်ရှိုး ကို Iron Cross တီးဝိုင်းနှင့် တွဲ ဖက်သီဆိုခဲ့သည်။
ထိုနှစ်တွင် အောင် ဆန်းကွင်း မိုးလုံ၊ လေလုံခန်းမ၌ တင် ဆက်ခဲ့သော ထူးအိမ်သင်၊ လေးဖြူ၊ ချစ်ကောင်းတို့၏ Unplugged Live Show သည်   မြန်မာနိုင်ငံ၏ ပထမဦး ဆုံး Unplugged ဖြစ်ခဲ့သည်။ ထူး အိမ်သင်၏ ပထမဦးဆုံး Unplugged တေးစီးရီးအခွေကို ၁၉၉၆ ခုနှစ်တွင် ထုတ်ဝေခဲ့ ရာ မြန်မာနိုင်ငံ ၏ ပထမဦးဆုံး Unplugged အခွေ ဖြစ်ခဲ့သည်။နာရီပေါ်မှ မျက်ရည်စက်များ (၁၉၈၆ ခုနှစ်၊) မှော်ဆရာအိပ်မက် (၁၉၈၈ ခုနှစ်)၊ သက်ငြိမ် (၁၉၈၉ ခုနှစ်)၊ အတ္တပုံဆောင်ခဲများ၊ အကြင် နာအိပ်မက် များ၊အရင်အတိုင်း (၁၉၉၁ ခုနှစ်)၊ စကားလုံး မရှိတဲ့ကောင်းကင် (၁၉၉၅ ခုနှစ်) ၊ ထူးအိမ်သင်၏ Unplugged Live (၁၉၉၆ ခုနှစ်)၊ အမေ (သို့မ ဟုတ်)  မေတ္တာတော်ဘွဲ့၊ ဝင်ရိုးစွန်းမီး (၁၉၉၇ ခုနှစ်)၊ အမှတ်တရဒဏ်ရာ သီချင်းများ (၁၉၉၉)၊ အစိမ်းရောင် ရက်စွဲများ (၂ဝဝ၁)၊ တစ်နေ့စာ အလွဲများ (၂ဝဝ၃)၊ ချစ်ခြင်းအားဖြင့် (၂ဝဝ၅) တေးအမ်လ်ဘမ်များကို ထူးအိမ်သင် သီဆိုခဲ့ရုံသာမက ၂ယောက်တွဲ၊ ၃ ယောက်တွဲ၊ အဖွဲ့လိုက်   တေးစီးရီးများ တွင်လည်း ပါဝင်သီဆိုခဲ့သည်။


ကြယ်စင်သစ်


Popular Myanmar.Com မှ သိသမျှ ။


No comments:

Post a Comment