Monday 1 July 2013

မျက်နှာ အသားအရေကို တင်းရင်း လှပစေမည့် မိတ်ကပ်လိမ်းနည်း လျှို့ဝှက်ချက်


မျက်နှာ အရေးကြောင်း ထင်တာ၊ လျော့တွဲတာနဲ့ အပြစ်အနာ အဆာတို့ကို လျော့ပါးစေပြီး  မျက်နှာ အသားအရေ တင်းရင်းလှပ စေမယ့် မိတ်ကပ်တို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်တော်သော အစိုဓာတ်ထိန်း ခရင်မ်ကို ရွေးချယ် အသုံးပြုပါ

ဓာတ်ထိန်း ခရင်မ်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို အချိန် နှစ်ပတ်လောက်အ တွင်း သိသာနိုင် ပါတယ်။ သင့်တော်တဲ့ အ စိုဓာတ် ထိန်းခရင်မ်/အဆီကို လိမ်းပေး ရင် မျက်နှာကို ပင့်တင်ထားသလို တင်း ရင်းနေစေ ပါတယ်။ ဒါကြောင့် အသားအ ရေအမျိုးအစားပေါ် မူတည်ပြီး အစို ဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ပါ။ အစို ဓာတ်ထိန်းခရင်မ် လိမ်းပြီးတဲ့အခါမှာ လည်း ငါးမိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းပါ။

(၂) ဖောင်ဒေးရှင်းနှင့် မိတ်ဆွေဖွဲ့ပါ

ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းပြီး အ သားအရောင်ကို လုံးဝ ပြောင်းလဲသွား အောင် မကြိုးစား ပါနဲ့။ ဖောင်ဒေးရှင်း မိတ်ကပ်ထူထူ လိမ်းတာကြောင့် အိုမင်း ရင့်ရော်သွား စေပါတယ်။ ဒါကြောင့် သင့်အသား အရောင်ထက် အနည်းငယ် ပဲ ပိုလင်းတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို လိမ်းပါ။ အရင်ဆုံး စမ်းသပ်နိုင်ဖို့ မေးရိုး အနီးမှာ လိမ်းကြည့်ပါ။ သင့်အရေပြားထဲ စိမ့်ဝင်ပျောက်ကွယ် သွားတယ်ဆိုရင် ဒါက သင့်အတွက် မှန်ကန်တဲ့ အရောင်ပါပဲ။ အသားအရေလှရင်ွှငညအနိ အမျိုးအစား အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းပါ။

(၃) ကွန်ဆဲလ်လာကို တန်ဖိုးထားပါ

အခုအချိန်က အပြစ်အနာ အဆာ တွေကို ဖုံးအုပ်ရမယ့် အချိန်ပါ။ မျက်ကွင်း ညိုနေရင် မျက်လုံးအောက်မှာ လိမ်းရတဲ့ ကွန်ဆဲလ်လာကို သုံးပါ။ ပါးပြင်က နီမြန်းမှု နဲ့ အမာရွတ်တွေ မှိန်ဖျော့စေဖို့ ကွန်ဆဲလ် လာကို နှုတ်ခမ်းဆိုးဆေး လိမ်းတဲ့ ဘရပ်ရှ် နဲ့ ပွတ်သပ်ပေးပြီး လက်ချောင်းထိပ်နဲ့ ပြန်ညှိလိုက်ပါ။ ကွန်ဆဲလ်လာကို ကျီးကန်း ခြေထောက်နဲ့ အရေးကြောင်းတွေပေါ် မှာ မလိမ်းသင့်ပါဘူး။ လိမ်းလိုက်ရင်
ပို ထင်ရှားသလို ဖြစ်သွား စေပါတယ်။ မျက် ခွံကျတာကလည်း အသက်ကြီးကြောင်း ပြသရာရောက်တဲ့အတွက် ကွန်ဆဲလ် လာ ခပ်ပါးပါးလိမ်းပြီး လင်းလက်အောင် ဖန်တီးပါ။ ပြီးမှ အိုင်းရှဲဒိုး လိမ်းခြယ်ပါ။

(၄) ပါးနီခပ်ပါးပါး လိမ်းခြယ်ပါ

ကြီးရင့်မှုကို ဖုံးကွယ်ပေးနိုင်တဲ့ နည်းတစ် နည်းပါ။ ပါးနီခရင်မ်ဟာ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေ အတွက် အ ကောင်းဆုံးနည်းပါ။ အသားအရေနဲ့ တစ် သားတည်းဖြစ်စေလို့ ဖြစ်ပါတယ်။ ပါးနီခြယ် ပြီး ပေါင်ဒါမှုန့် လိမ်းလိုက်တဲ့အခါ ချွေး ပေါက်တွေကို ပိုကျဉ်းသယောင် ဖြစ်စေ ရုံသာမက မျက်နှာကို ပိုတောက်ပစေပါ တယ်။

(၅) မျက်ဝန်းအလှခြယ်ပါ

မျက်ဝန်းကို အလွန်အမင်း အလှ ပြင်တာက အသက်အရွယ်ကြီးရင့် တာကို သိသာစေတဲ့ အတွက် ရှောင်ပါ။ သင့်မှာ အနက်ရောင် ဆံပင်မရှိရင် အနက်ထက် အညိုရင့်ရောင် မက်စ်ကာရာကို ဆိုးပါ။ ဖျော့တော့တဲ့ အိုင်းရှဲဒိုးဟာ မျက်ခွံ တွဲကျတာကို ပိုသိသာစေတဲ့ အတွက် အ ညိုဖျော့ရောင်နဲ့ ဆက်နွှယ်တဲ့ အိုင်းရှဲဒိုး လိမ်းပါ။ ဒီအသက် အရွယ်မှာ မီးခိုးရောင် မျက်ဝန်းမျိုး မခြယ်သင့်ပါဘူး။ မျက်ခုံး က ပါးနေရင် ဖြည့်ဆိုးပါ။

 (၆) နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပါ

နှုတ်ခမ်းဆိုးဆေး အဆီကို ဆိုးလိုက် တာကြောင့် ပုံမှန် နှုတ်ခမ်း အရောင်ထက် အနည်းငယ် ပိုမိုတောက်ပစေပြီး ငယ်နု တဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။ နှုတ်ခမ်းဆိုးဆေး ဆိုးတဲ့အခါ ကြာ ကြာခံအောင် နှုတ်ခမ်းကို အရင်ဆုံး ပုံ ဖော်ပြီးမှ ဆိုးပါ။ နှင်းဆီနီ ဒါမှမဟုတ် အညိုဘက်သန်းတဲ့ အနီရောင်ဟာ နေ့ ဘက်မှာ ဆိုးသင့်တဲ့ အရောင်ပါ။ အနီ ရဲရဲကိုတော့ ညဘက်မှာ ဆိုးပါ။  


Good Health ကျန်းမာရေး နှင့် အလှပရေးရာဂျာနယ် မှ သိသမျှ ။


No comments:

Post a Comment