Saturday 29 June 2013

ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း


လူဆိုတာ မိမိဘဝကို တိုးတက်အောင် လုပ်ရင်း ပတ်ဝန်းကျင်ကို ဖြတ်ကျော် ကြရတယ်။ အဲဒီလိုအခါမျိုးမှာ ပတ်ဝန်း ကျင်ကလူတွေကို သင်ယုံကြည် ကြောင်း၊ လေးစားကြောင်း၊ ဂရုစိုက်ကြောင်းကို အခါမလပ် ပြသနေသင့် တယ်။ မိမိရဲ့ ဂရုစိုက်မှုကြောင့် မိမိပတ်ဝန်းကျင်က မိမိကို ဝန်းရံကူညီပေးဖို့ ရှိနေကြမှာ ဖြစ်တယ်။
သူတို့ကို အသိအမှတ်ပြုပါ။ သူတို့ ဆီက သဘောထားတွေ၊ အကြံဥာဏ် တွေကို မှတ်သားရယူပါ။ သူတို့ရဲ့ အစွမ်းအစ တွေကို ဖော်ထုတ်ခွင့်ပြု သလို မိမိအနေဖြင့် အသိအမှတ်ပြု ကြောင်း ကိုလည်း ပြသဖို့မမေ့ပါနဲ့။ ဒီလို စေ့ဆော်မှုကြောင့် ပတ်ဝန်းကျင်ကလူ တွေအနေနဲ့ မိမိအတွက် ထူးထူးချွန်ချွန် ဆောင်ရွက် ပေးချင်စိတ် တွေဖြစ် ပေါ်လာမှာ ဖြစ်တယ်။

မိမိလုပ်ငန်းနဲ့ ဆက်နွှယ်နေသူတွေ ရဲ့အကြောင်းကို တတ်နိုင်သမျှ လေ့လာပါ။ သူတို့နဲ့ပြုံးပြီး ဆက်သွယ်တဲ့ နည်းကိုသုံးပါ။ ဖိနှိပ်ပြီး ခိုင်းစေမှုမျိုး ထက်သူတို့ ကိုယ်တိုင်က စိတ်ပါဝင် စား စွာ ဆောင်ရွက်မှုကို မျှော်လင့်ပါ။
မိမိ ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေကို မိမိက နှုတ်ပိတ်ပြီး ဆိတ်ဆိတ် မနေပါနဲ့။ ချီးကျူးစရာရှိရင် မှတ်မှတ်သားသား ဖြစ်အောင်ကို ချီးကျူး စကားဆိုပါ။ သူတို့ရဲ့ ဝမ်းမြောက် ကြည်နူးမှုက သင့်လုပ် ငန်းကို ထိရောက်စွာ ကူညီပေးနိုင်မှာ မလွဲပါဘူး။ ပတ်ဝန်းကျင်ကို မိမိစိတ် ဆန္ဒလိုက် လျောမှုနဲ့ စေ့ဆော်ခြင်းဟာ ဖိအားပေးခြင်း မျိုးမဟုတ်ပါဘူး။ အလုပ် တစ်ခုကို လုပ်ချင်စိတ်ရှိ လာအောင် စည်းရုံး ဆောင်ရွက် နိုင်ခြင်းသာ ဖြစ်ပါတယ်။
အဆိုအမိန့် တစ်ခုရှိခဲ့တယ်။ အခြားသူများကို အမှန်တကယ် စိတ်ဝင်စားမှု ရှိကြောင်း ပြသခြင်းလောက် ထိရောက် အကျိုးရှိသော အရာမရှိဆိုတဲ့ စကားဖြစ်ပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်က လူတွေကို
မိမိက အမှန်တကယ် စိတ်ဝင် စားကြောင်း ပြသတဲ့နည်းက အခြားသူတွေက မိမိကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့နည်း ထက်ပိုကောင်း ပါတယ်။
မိမိနဲ့ အမြင်၊ အကြည့်တွေ သာမက မိုးနိုင်ရေးအတွက် စကားပြောကောင်း သူတစ်ယောက် ဖြစ်ဖို့ထက် နားထောင် ကောင်းသူ တစ်ယောက် ဖြစ်ဖို့ကပို အရေးကြီးတယ်'' လို့ဆို ထားပါတယ်။ မှန်ပါတယ်။ မိမိသိသလောက် သာမက အခြား သူများရဲ့ သိမှုကိုလည်း နားထောင် တတ်ပါစေ။ စိတ်ရှည် လက်ရှည်နဲ့
ရိုးရိုးသားသား နားထောင်ပါ။
သူတို့ပြောစကားထဲမှာ မိမိခံယူချက်နဲ့ လွဲနေမှုများ ပါလာရင်လည်း စိတ်ပျက် ဟန်မပြဘဲ စိတ်ဝင်စားမှု ရှိဟန်နဲ့ နားထောင်ပေးပါ။ သူ့စကားကို နားထောင် ခြင်းဟာ မိမိကိုသူတစ်ပါးက စိတ်ဝင်စား အားကိုးလာစေတဲ့ စေ့ဆော်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။
စေ့ဆော်မှုဆိုတာ စိတ်တန်ခိုး လေ့ကျင့်မှုပဲ ဖြစ်တယ်။ ''စိတ်တန်ခိုးဆိုတာ ကာယကံမြောက် လုပ်ဆောင်ဖြစ်အောင် စေ့ဆော်သော စိတ်သာ ဖြစ်တယ်'' လို့ စိတ်ပညာရှင် (Rudolph Allers) ရူးဒေါ့ အော်လားက ဆိုခဲ့တယ် မဟုတ်ပါလား။
''စိတ်ဓာတ် တန်ခိုးသည် လိုရာပြီး မြောက်အောင် ဆောင်ရွက်ရာ၌ ဖင့်နွှဲမည့် အဆီးအတား ဟူသမျှကို တွန်းလှန်အောင် မြင်ခြင်း'' လို့ ဒေါက်တာ နော်မန်ဖင်တန် (Dr.Norman Fenton) ကလည်း အဆိုအမိန့် ပြုခဲ့တယ်။
မည်သို့ပင်ဆိုစေ မိမိဆောင်ရွက် သမျှ အောင်မြင်စေရေး အတွက် ကောင်းသော စေ့ဆော်မှုနဲ့ ဘဝကို တိုးတက်မှု ရရှိ အောင် အစဉ်သဖြင့် ကြိုးစားနေ ကြရမည်...မဟုတ်ပါလား။ ။
ဆောင်းပါးရှင် ကြည်ဇော်
ချိုးငှက်ဟူသည် မှ သိသမျှ ။

No comments:

Post a Comment