Monday, 15 April 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ရေသဘင် ပွဲတော် ပါဝင် ဆင်နွှဲ



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (မဟာ သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့်  ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော်၌ ပါဝင် ဆင်နွှဲ ကြသည်။ 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီတွင် သမ္မတ အိမ်တော်ဝင်း မိသားစု  မဟာသင်္ကြန် ရေကစား မဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစု များက အောင်စံပယ် ပန်းကုံး များဖြင့် ဂါရဝပြု ကြိုဆိုကြသည်။ 
ထို့နောက် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်၊ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစု များ နှင့်အတူ ယိမ်းအဖွဲ့များ၊ အနုပညာရှင် များနှင့် တေးသံရှင်များ၏ ခါသင်္ကြန် အဆိုအက များဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို လည်းကောင်း၊ သရုပ်ဆောင် မျိုးမျိုးခိုင် ဦးစီးသည့် "ရှင်လိမ် တာတွေ သိပြီ" သင်္ကြန်သံချပ် အဖွဲ့၏  ခေတ်ကို ထင်ဟပ်သည့် သင်္ကြန်သံချပ်များဖြင့်

Sunday, 14 April 2013

မိဘပြည်သူများခင်ဗျား


ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိက ပြောကြားလိုတာကတော့ ယခင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့်အတူ လူမှုရေး အထင်အမြင်လွဲမှားမှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့

နိုင်ငံတော်သမ္မတအိမ်တော်မှမဟာသင်္ကြန်ပွဲတော်ရောက်ရုပ်ရှင်အနုပညာ ရှင်များ

Saturday, 13 April 2013

ရန်ကုန်မြို့ တော်ဝန်သင်္ကြန်မဏ္ဍပ် ညပိုင်းမြင်ကွင်း

မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပြီးနောက် အလှပြယာဉ်များဖြင့်ဖျော်ဖြေစဉ်

(၁၀)နှစ်ပြည့် Alpine manadaly thingyan အနုပညာရှင်များစွာဖျော်ဖြေမည်

ကမ္ဘာအေး၊ ကန်တော်ကြီး၊ ပြည်လမ်း ၂၀၁၃ သင်္ကြန်အကြိုနေ့ မြင်ကွင်းများ


ယနေ့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြို) နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် အများဆုံးရှိသည့် ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် ယခင်နှစ်များကထက် ရေလာရောက်ကစားသူ လျော့ကျနေကြောင်း မဏ္ဍပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ လမ်းများအနက် ရေကစားမဏ္ဍပ်များတွင် ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍပ်များ၌ လာရောက်ကစားသူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Friday, 12 April 2013

၂၀၁၃ ရန်ကုန်မြို့တော်ဝင် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမြင်ကွင်း

မြန်မာ့ရိုးရာ နှစ်သစ်ကူးအတွက် သူတို့ရဲ့ ဆုတောင်း

 

ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
“ကျနော်တို့တွေဟာ၊ ဝမ်းနည်းတဲ့ကာလတွေ၊ ပူဆွေးတဲ့ ကာလတွေ၊ ဒုက္ခရောက်တဲ့ ကာလတွေ၊ ဒီလိုနှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပြီ။ မနှစ်တုန်းကလည်း ဒုက္ခများစွာ ကြုံခဲ့တာပဲ။ ဟိုးအရင်နှစ်ပေါင်း ၅၀ ကို ပြန်ကြည့်ရင်လည်း နှစ်ပေါင်းများစွာ ဒုက္ခတွေ ကြုံခဲ့တာပဲ။ ကျနော်ကတော့ ဒီနှစ်ကူးကစပြီး ပျော်ချင်တယ်။ ရှေ့နှစ်ပေါင်းများစွာလည်း ပျော်ချင်တယ်။ ကျနော်ပျော်ချင်သလိုပဲ ကျနော်တို့ ကမ္ဘာသူကမ္ဘာသားအားလုံး၊ တိုင်းသူပြည်သားတွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းမြေ့စရာတွေ ဖြစ်စေချင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်”
“တခုပဲရှိပါတယ်၊ ကျနော်ပျော်ချင်သလို တိုင်းရင်းသားတွေ အားလုံး၊ သို့မဟုတ်ရင်လည်း လူတွေအားလုံး၊ ဘာသာပေါင်းစုံ အားလုံး ပျော်ရွှင်ဖို့ဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးငြိမ်းချမ်းမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လက်တွဲဆောင်ရွက်မှုတွေ ရှိမှသာ ဖြစ်မယ်လို့ ယူဆပါတယ်၊ အဲလိုဟာမျိုးတွေ ဖြစ်ဖို့အတွက်ဆိုရင် နိုင်ငံရေးလို့ ကျနော်တို့ အခြေခံ ပြောရတာကတော့ လက္ခဏာ သဘောကတော့ နိုင်ငံရေးလို့ ပြောချင်ပြောပါစေ။ အမှန်တိုင်းကတော့ လူမှုရေး ဘဝတွေမှာရော၊ စီးပွားရေး ဘဝတွေမှာရော နေရာတိုင်းမှာ ကျနော်တို့ အားလုံးဟာ ငြိမ်းချမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တည်ငြိမ်ခြင်း၊ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍတိုင်းမှာ ရှိဖို့လိုတယ်လို့ ကျနော်ယူဆပါတယ်။ လာမယ့်နှစ် တနှစ်လုံးမှာ တိုင်းသူပြည်သား အားလုံး လူမျိုး၊ ဘာသာရွေး နိုင်ငံရေးတည်ငြိမ်မှုတွေရဖို့ ဝိုင်းဝန်းဆောင်ရွက်ကြပါ။ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ငြိမ်းချမ်းမှုတွေ အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ကြပါ၊ အလားတူပဲ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်ခင်ဗျ။ အဲလို နည်းနဲ့သာ ရှေ့လာမယ့်ကာလ တနှစ်လုံး၊ ဒါမှမဟုတ် နောင်လာမယ့် နှစ်တွေမှာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတွေကို ခံစားရလိမ့်မယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက်လည်း လွက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်”
ဦးသိန်းညွန့်
(အမျိုးသားဒီမိုကရေစီ ပါတီသစ် (NNDP) မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
“မြန်မာ့ သက္ကရစ် ၁၃၇၅ ခုနှစ်သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများအတွက် ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါသည်၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများအတွက် ဆောင်ရွက်စရာ လုပ်ငန်းများ၊ အမြောက်အများ ရှိနေပါသည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန်၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး စိတ်ဓာတ် အားကောင်းရန် လိုအပ်ပါသည်”

ဗိုလ်ချုပ်ဈေး သင်္ကြန် မြင်ကွင်း