
ဖင်လန်နိုင်ငံမှာ Rovio ကုမ္ပဏီသည် ဂိမ်းအသစ် မိတ်ဆက်မှုကို ထူးခြားစေရန်အတွက် အမေရိကန် အာကာသအေဂျင်စီ(နာဆာ)နှင့် ပူးပေါင်းကာ နိုင်ငံတကာအာကာသစခန်းတွင် သရုပ်ပြမှုဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ယင်းဂိမ်းကို မတ်လ ၂၂ ရက်နေ့တွင် ရောင်းချမည်ဖြစ်ပြီး iOS သုံး iPod,iPad နှင့်
iPhone များ၊ ဆမ်ဆောင်း၏ Android စနစ်သုံးဖုန်းနှင့် သင်ပုန်းကွန်ပျူတာများ၊ Mac နှင့် PC များတွင် ကစားနိုင်မည်ဖြစ်သည်။
ကြော်ငြာဗီဒီယိုတွင် အာကာသတွင်းရှိ ရူပဗေဒအခြေအနေကို နာဆာ၏ ပျံသန်းမှုဆိုင်ရာအင်ဂျင်နီယာဒွန်ပီတစ်က ရှင်းပြခဲ့ပြီး ဆွဲငင်အားမဲ့ အခြေအနေတွင် Angry Bird တွင်ပါဝင်သော ငှက်နှင့် ၀က်များ မည်သို့ရှိနေမည်ကိုပါ ငှက်နှင့် ၀က်ပုံအရုပ်များဖြင့် ရှင်းပြထားသည်။ အာကာသတွင်းငှက်ကို မည်သို့ ပစ်ရမည်၊ မည်သို့ဖြစ်လာမည်ဆိုခြင်းကိုပါ ပုံစံငယ်နှင့် သရုပ်ပြခဲ့သည်။
ယခုဂိမ်းသည် အာကာသဆိုင်ရာ သဘောတရားများကိုပါ လူအများ နားလည်ယဉ်ပါးနိုင်စေရန် အထောက်အကူပြုကြောင်း နာဆာဘက်က ထုတ်ပြန်ထားသည်။ Angry Bird Space ဂိမ်းအသစ်သည် ကစားပုံနည်းစနစ်အရ ယခင်ဂိမ်းများနှင့်ဆင်တူသော်လည်း ဆွဲငင်အားမဲ့အခြေအနေတွင် မတူညီသည့် ခံစားမှုမျိုးကို ပေးနိုင်လိမ့်မည်ဟု Rovio က ကြော်ငြာထားသည်။
No comments:
Post a Comment