အာရုဏ်ဦးအချိန်ကာလသည်နေ့တစ်နေ့၏အစဖြစ်၏။
ထိုအချိန်ကာလတွင်ဗုဒ္ဖဘာသာဝင်တစ်ဦးသည်မေတ္တာဖြင့်
နိုထပြီးတနေ့ကိုစတင်သင့်၏သတ္တ၀ါမှန်သမျှကိုစိတ်နှစ်ဖြာ
ချမ်းသာကြပါစေဟု မေတ္တာပို့ခြင်းသည်အလွန်မွန်မြတ်သော
အလုပ်ဖြစ်၏ သောကကို မေတ္တာဖြစ်ရူမြင်ခြင်း အကောင်းမြင်
အမြင်ဖြင့် စတင်နိုးထခြင်းဖြစ်ပေ၏ ကုသိုလ်ကောင်းမူတို့၌
မမေ့မလျော့ရခြင်းစသောမင်္ဂလာတရားနှင့်လည်းညီ၏
လူ့လောကတွင်စိတ်ထားဖြူစင်ဖြောင့်မတ်မှန်ကန်မှသာ
ယုံကြည်မှုအားကောင်းစေမည်ဖြစ်၏အကြင်သူသည်အရပ်
သိမ်မွေ့နက်နဲးသောညာဏ်ပညာရှိ၏ နှိမ့်ချခြင်းရှိ၏ ခက်ထန်
ခြင်းမရှိ ထိုဂုဏ်အင်္ဂါတို့နှင့် ပြည်စုံသော သူသည် ကျော်စောမူ
ကိုရ၏ အကြင်သူသည် ထကြွလုံးလရှိ၏ ပျင်းရိ ခြင်းမရှိ
ဘေးရန်ဖြစ်လျှင်မတုန်လူပ် မပြတ်အားထုတ်အပ်သော အသက်
မွေးမူရှိ၏ အရာအားလျှော် သိတတ်သောပညာရှိ၏ ထိုသို့သော
သူသည် ကျော်စောမူကိုရ၏ အကြင်သူသည် ချီးမြှောက်တတ်၏
အဆွေခင်ပွန်းကောင်းကိုရှာတတ်၏ ကျေးဇူးတရားကိုသိတတ်၏
ဝန်တိုမူမရှိ အကျိုးဆောင်တတ်၏ ကျိုးကြောင်းပြဆုံးမတတ်၏
ခေါင်းဆောင်တတ်၏ ထိုသို့သဘေားရှိသူသည် ကျော်စောမူကိုရ၏
အကြင်သူသည်ဥစ္စာပျက်ပြီး စီးစိမ်ဥစ္စာတို့၌တတ်မက်မူကြီးမား၏
မင်းမျိုး၌လည်ဖြစ်၏ ထိုသူသည် မင်အဖြစ်ကို လိုခြင်တောင့်တ၏
ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ခြင်းကို ဦးတည်၏
ဟု မြတ်ဗုဒ္ဖဟောကြားတော်မူသည် ။
No comments:
Post a Comment