ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၂၃သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။၂၀၁၀ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွားသည့် အမှုအတွက် တရားလို မအေးသူစံက ရန်ကင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုစစ်ဆေးစဉ် ကာလ တစ်လျှောက်တွင် ရုံးချိန်းအဖြစ် တရားရုံးသို့ အကြိမ် (၇၀) ကျော် သွားရောက်ခဲ့ရကြောင်း
မအေးသူစံက ဖြေကြားခဲ့ပါသည်။ အမှုစစ်ဆေးမှုမှာ အချိန်တစ်နှစ်နှင့် ၁၀လကျော် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း တရားလိုမအေးသူစံမှာအိမ်ထောင်ကျခဲ့ပြီးရင်သွေးတစ်ဦး မွေးဖွားခဲ့ကာယခုအချိန်တွင်အဆိုပါရင်သွေးမှာအသက်သုံးလအရွယ် ရောက်ရှိနေပြီ ဖြစ်ပါသည်။ထို့အပြင်ထက်ထက်မိုးဦးမှာလည်းအမှုစစ်ဆေးနေစဉ်ကာလအတွင်းရင်သွေးတစ်ဦး မွေးဖွားခဲ့ပါသည်။ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment