Friday, 16 March 2012

အချစ် နဲ့ အမုန်းဆိုတာ (ကဗျာ)


အချစ် နဲ့ အမုန်းဆိုတာ

ဒွန်တွဲပြီးပေါ်လာ

ဘယ်ကပေါ့

ဘယ်ကလေး

သတ်မှတ်ချက်မှမရှိတာ

လူစိတ်သဘော

ခန့်မှန်းရခက်ပါဘိ

ခုချစ်

ခုမုန်း

အမုန်းကြောင့်

အချစ်ဖြစ်ပေါ်လာနိုင်သလို

အမုန်းကြောင့်

အချစ်လည်းဖြစ်ပေါ်လာနိုင်တာပဲ

အချစ် နဲ့ အမုန်းက



၃ နဲ့ ၄ လို

ကျော်ခြင်းကပ်

အနေအထား

နှစ်ခုစလုံးဒွန်တွဲမဖြစ်နိုင်

အမုန်းကြောင့်

အချစ်ဖြစ်လာတာ

ကောင်းပေမယ့်

အချစ်ကြောင့်တော့

အမုန်းမဖြစ်စေနဲ့

အချစ်ဆို တာ ရယူသူအတွက်လည်းကောင်းသလို

ပေးလိုက်သူအတွက်ချိုမြိန်တယ်

အမုန်းဆိုတာ ခံယူသူလည်း ခံစားရသလို

ပေးလိုက်သူအတွက်လည်း

ပူလောင်တယ်

ဘယ်အရမှ မမြဲပါဘူး

အချစ်လည်း မမြဲသလို

အမုန်းလည်း မမြဲပါဘူး

လူလောကသဘောအရ

အမြဲတမ်းလည်ပတ်နေတာ

စိတ်လေ

အချစ်နဲ့ အမုန်း ကြောင့်

ပူပန်မူကင်းပါစေ ။

ရှင်းသန့်မေ(ရွှေမြို့တော်)

3 comments:

  1. ကဗျာကောင်းလေးအားပေးသွားပါတယ်

    ReplyDelete
  2. goodကောင်းဗျာ.. ကြိုက်တယ်ကဗျာလေးကို..ကျေးဇူးနော်..

    ReplyDelete
  3. "အမုန်းကြောင့်အချစ်ဖြစ်ပေါ်လာနိုင်သလို အမုန်းကြောင့် အချစ်လည်းဖြစ်ပေါ်လာနိုင်တာဘဲ" တစ်ခုခုတော့လွဲနေတယ်ထင်တယ်အစ်ကို .....ကဗျာကောင်းလေး ဖတ်သွားပါတယ်.....အစ်ကိုရေ

    ReplyDelete