Tuesday, 20 March 2012

ကျန်းမာလှပသောဆံပင်ရရှိရေး

ကျန်းမာရေးအတွက် ဖြစ်တည်နေခြင်း ဖြစ်သည်။ ရှေးအဆက်ဆက်မှမြန်မာများ တန်ဖိုးထားခဲ့သော
ဆံကေသာ၏ကောင်း ခြင်းငါးဖြာနှင့် ညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ။ အဓိကအရေးကြီးသည်မှာ ကာ ယကံရှင်စိတ်ချမ်းသာရေးပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သောဆံပင်များသည် ကျွန်ုပ်တို့၏စိတ်ကို ချမ်းသာမှုပေးနိုင် မည်နည်း။ လှပသောဆံပင်များပင်ဖြစ် ပေမည်။သို့ရာတွင်ကျန်းမာမှုရှိမှသာ လှပ နိုင်မည်ဖြစ်၍ ဆံကေသာကျန်းမာလှပ ရေးအတွက် နောက်ဆုံးပေါ်နည်းလမ်း များကို ဖော်ပြလိုက်ရပါသည်။
 
() ဆံပင်ပါးသူများဆီလီကွန်းသုံး ပါ။ ဆံလုံးသေးသူ၊ ဆံပင်ပါးသူများ၊ ဆံပင် ခဏခဏ လျှော်ခြင်း၊ conditioner အသုံးများခြင်းတို့ကိုရှောင်ကြဉ် အပ်သည်။ ၄င်းတို့က ဆံပင်ကို ပို၍ပါးလွှာ စေသည်။ဆီလီကွန်း(silicone)ပါဝင် သောခေါင်းလိမ်းဆီ(သို့)hair coat သုံး ခြင်းဖြင့် ဆံလုံးထူသယောင်ဖြစ်သွားကာ ပို၍ကြည့်ကောင်းလာနိုင်သည်။


() ရေနွေဖြင့်ခေါင်းမလျှော်ပါနှင့်။ ရေနွေးဖြင့်ခေါင်းလျှော်လျှင် ကျွန်ုပ် တို့ဦး ခေါင်းခွံ အရေပြား မှ သဘာဝအ လျောက် ဆံသားနူးညံ့တောက်ပြောင်မှု ကိုပေးသော အဆီထွက်ခြင်းရပ်တန့်သွား သည်။

() ဗောက်ထလျှင်ဆီမလိမ်းပါနှင့်။ ဗောက်ထခြင်းသည်ဦးရေပြားခြောက် သွေ့ခြင်းကြောင့်မဟုတ်ဘဲ၊ ရောင်ရမ်းမှု ရှိခြင်းကြောင့်ဖြစ်သည်။ ဆီထည့်ခြင်း သည် ဦးရေပြေားရောင်ရမ်းမှုကို ပိုမို ဆိုးဝါးစေသည်။ ဈေးကွက်တွင်ရရှိသော ဗောက်ပျောက်ခေါင်းလျှော်ရည်များကိုသာ သုံးပါ။ သို့ရာတွင်၎င်းခေါင်းလျှော်ရည်များ တွင် ဆေးဝါးနှင့်ဓာတုဗေဒပစ္စည်းပိုမိုပါ ဝင်သောကြောင့် ရေစင်စင်ဆေးရန်သတိ ပြုပါ။

() တတ်နိုင်သမျှ dryer မသုံးပါ နှင့်။ ခေါင်းလျှော်ပြီးသုတ်ရသောအချိန် ကို သက်သာစေရန် ကျွန်တော်တို့တော် တော်များများ dryer သုံးတတ်ကြသည်။ သို့သော်ゞင်းတို့သည် ဆံသားကိုခြောက် သွေ့စေရုံသာမက အပူရှိန်များလျှင်ကြမ်း တမ်းပျက်စီးမှုနှင့်ဆံပင်ကျွတ်ခြင်းကိုပါ ဖြစ်စေနိုင်သည်။ ထို့ကြောင့်တတ်နိုင်လျှင် တဘတ်ဖြင့်ခြောက်အောင်သုတ်ပါ။

() ဆံပင်နှစ်ခွများအတွက် conditioner သုံးပါ။ ဆံပင်ကိုမကြာခဏပုံသွင်းခြင်း၊ ဆေးဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ ပေါင်း တင်ခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းတို့ သည် ဆံသားကိုကာကွယ်ပေးသော အ ပေါ်ယံဖယောင်းလွှာကို ပျက်စီးစေသည်။ ယင်းမှာနှစ်ခွဖြစ်ခြင်းအကြောင်းရင်းပင် ဖြစ်သည်။ ထို့အတွက် စမသအနငည ပါသော protein ပါသော conditioner များကိုသုံးပါ။ ၄င်းတို့သည် ဆံသားအားဖြည့်၍ နှစ်ခွများကိုပြုပြင် သည်။ သို့သောခေါင်းလျှော်လျှင်အကျိုး သက်ရောက်မှုမရှိတော့သောကြောင့် ပုံ မှန်သုံးရန်လိုအပ်သည်။

() နှစ်လတစ်ကြိမ်ခန့်အဖျားတိပါ။ ဆံပင်ရှည်လေဆံပင်အဖျားများ အာဟာရçရရှိမှုနည်းပါးလေဖြစ်သည်။ ထို့ ကြောင့်ဆံပင်အဖျားများနီကြောင်လာခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ပြတ်ခြင်းတို့ဖြစ်တတ် သည်။ ထို့ကြောင့်နှစ်လတစ်ကြိမ်ခန့်အ ဖျားတိပေးပါ။ ပျက်စီးနေသောဆံပင်အ ဖျားများကို ညှပ်ထုတ်ခြင်းဖြင့် ဆံသား ကျန်းမာရေးပိုမိုကောင်းမွန်လာသော ကြောင့် အရှည်မြန်လာတတ်သည်။

() မကြာခဏခေါင်းမဖြီးပါနှင့်။ သာမန်လူတစ်ဦးသည် တစ်နေ့လျှင် ပျှမ်းမျှဆံပင် (၅၀-၁၀ဝ)ခန့်ကျွတ်တတ် သည်။ ထိုကျွတ်သွားသောဆံပင်များမှာ သက်တမ်းကုန်၍ကြီးထွားမှုရပ်သွား သောဆံပင်များဖြစ်ကြသည်။ သို့သော်မ ကြာခဏခေါင်းဖြီးခြင်းသည် သက်တမ်း မကုန်သေးသောဆံပင်များကိုပါ ကျွတ် ထွက်၊ ပြတ်ထွက်စေတတ်သည်။ ဆံပင်အ ကျွတ်မများစေရန် အသွားလုံးသောဘီး ကိုသုံးပါ။ ဆံပင်စိုနေစဉ်ခေါင်းမဖြီးပါနှင့်။

() ဆံပင်ကိုကြာရှည်မစည်းထား ပါနှင့်။ ဆံပင်ကို pony-tail စည်းခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းတို့သည် ဆံပင်ပျက် စီးစေ၍ အမွေးအိတ်ကိုထိခိုက်စေသည်။ ကြာရှည်ဆွဲစည်းခြင်းသည် ဆံပင်ကျွတ် ရန်ပါအားပေးသည်။ တစ်ပတ်လျှင်(၄၈) နာရီထက်ပို၍ ဆံပင်မစည်းရန်ပညာရှင် များအကြံပြုထားသည်။ ထို့ပြင်ဆံပင်ရေ စိုနေစဉ် ကျစ်ဆံမြီးကျစ်ခြင်း၊ ကြိုးဖြင့် စည်းခြင်းသည် ပုံမှန်အချိန်ထက်ဆံသား ကို ပိုထိခိုက်စေကြောင်းသတိပြုပါ။

1 comment:

  1. အနော်ဆံပင်လေးလည်းဂရုစိုက်ရအုံးမယ်.ကျေးဇူးဘဲကိုစိန်ခဲရေ...

    ReplyDelete