Tuesday, 27 March 2012

မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးထု တရပ်လုံးအတွက် ရည်စူးပြီး ထုတ်ဝေလိုက်တဲ့ အိမ်ရှင်မဂျာနယ်

 The Ladies ဂျာနယ် စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရွှေဂုံတိုင်မှာရှိတဲ့တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မတ်လ ၂၃ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ စာနယ်ဇင်း ရှင်းလင်းပွဲကို မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ ကျင်းပခဲ့ပြီး ပြည်တွင်း သတင်းမီဒီယာအသီးသီး စာနယ်ဇင်းသမားတွေ တက်ရောက် ခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက သူ ထောင်ကျနေစဉ် အတွင်း
ကွယ်လွန်သွားတဲ့မိခင်ကြီးကိုဂုဏ်ပြု ရေးသားထားတဲ့ ဆောင်းပါးကိုTheLadiesဂျာနယ်မှာ ဖော်ပြခွင့် ပေးတဲ့အတွက်
 ကျေးဇူးတင်ကြောင်း ပြောဆို ခဲ့ပါတယ်။ အဲ့ဒီနောက် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားထားတဲ့ မရှိခန ကဗျာကို ရွတ်ဆို ခဲ့ပါတယ်။ The Ladies ဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေမှာဖြစ်ပြီး ပြည်တွင်း သတင်းတွေ အပြင် သုတ ရသ ဆောင်းပါးတွေနဲ့ အနုပညာရှင်တွေအကြောင်း၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာတွေနဲ့ အမျိုးသမီးတို့အတွက် ဖက်ရှင်ရေးရာ၊ ကလေးတွေ ဖတ်ဖို့အတွက် ပုံပြင် စတဲ့ ကဏ္ဍ အစုံအလင်ကို ထည့်သွင်း ထားပါတယ်။

No comments:

Post a Comment