Sunday, 25 March 2012

၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့်လဲနေသည်ကိုတွေ့ရှိ

၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့ပြီး အနှေးယာဉ်လုပ်သား ကိုသံချောင်းသည်လဲနေသောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့်
အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေပါသည်။
ထိုသို့အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှုအသိစိတ်ဓါတ်ကိုဂုန်ပြုတင်ပြလိုက်ပါသည်။

3 comments:

  1. ရပ်ကွက်ထဲကတန်ဝန်ရှိသူတွေကခေါင်းရှောင်တယ်ထင်ပါရဲ့
    အဲဒီ အနှေးယာဉ်လုပ်သားတဦး ကိုဂုဏ်ပြုသင့်တယ်

    ReplyDelete
  2. ဟုတ်ပါ့ဗျာ........ဘယ်လိုလူတွေတုန်း ကလေးတစ်ယောက်ဒုက္ခရောက်နေတာကို မမြင်တာလား မမြင်ချင်ယောင်ဆောင်တာလားမသိဘူးနော်....အဲ့ဒီကူညီတဲ့သူကိုတော့ ချီးကျူးဂုဏ်ပြုသင့်တယ်....ကူညီတတ်တဲ့စိတ်လေးကိုလေးစားတယ်ဗျာ........

    ReplyDelete
  3. လူတိုင်းမှာဒီအနှေးယာဉ်လုပ်သားများလိုစိတ်ထားနိုင်ပါစေဗျာ။

    ReplyDelete